တစ်နေ့တာကိုစတင်ဖို့အတွက် အညောင်းအညာပြေပြီး ပေါ့ပါးမှုရှိနေစေဖို့၊ သွေးလည်ပတ်မှု ကောင်းစေဖို့ မနက်ခင်းမှာလုပ်ပေးရမယ့် အကြောဆန့်လေ့ကျင့်ခန်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။ လူကြီးလူငယ် အားလုံးအတွက် အဆင်ပြေတဲ့ လေ့ကျင့်ခန်းတွေလည်း ဖြစ်ပါတယ်။

Standing Forward Bend

ခြေထောက်ဆန့်ထားပြီး ခါးကနေ ပုံမှာလုပ်ပြထားတဲ့အတိုင်း ကုန်းလိုက်ရမှာပါ။ ပြီးရင် ဖြေးဖြေးချင်းစီ ခန္ဓာကိုယ်ကို ပြန်မတ်ပါ။ ပြီးရင် အဲ့အတိုင်းပြန်လုပ်ပါ။ အနည်းဆုံး ၅ ကြိမ်လုပ်ပေးရင် ရပါပြီ။

Mountain Pose

ပုံမှာပြထားတဲ့အတိုင်း မတ်မတ်ရပ်ပြီး လက်နှစ်ဖက်ကိုလည်း ဆန့်ထားပါ။ ပြီးရင် လက်ကို ဘေးနည်းနည်းကားလိုက်၊ ပြန်ကပ်လိုက်နဲ့ လုပ်ပေးရမှာပါ။ ဒါလည်း အနည်းဆုံး ၅ ကြိမ်ဆို ရပါပြီ။

Warrior I

ပုံမှာလုပ်ပြထားတဲ့အတိုင်း သေချာလေးတူအောင် လုပ်ပေးပါ။ ပြီးရင် ပုံမှန်အတိုင်း ပြန်နေပါ။ ပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီပြောင်းပြီး တစ်ဖက်ကို ၅ ကြိမ်ပဲ လုပ်ပေးပါ။

One-Legged Dog

ပုံမှာလုပ်ပြထားသလို လက်ထောက်ထားပြီး ခြေထောက်တစ်ဖက်ကို အပေါ်မြှောက်ပြီးဆန့်လိုက်၊ အောက်ပြန်ချလိုက်နဲ့ ၅ ကြိမ် လုပ်ပေးရပါမယ်။ ပြီးရင် ခြေထောက်ကို ဘယ်ညာပြောင်းပြီး နောက်ထပ် ၅ ကြိမ် လုပ်ပေးပါ။

Downward-Facing Dog

ပုံထဲကအတိုင်း အရင်နေပေးပါ။ ပြီးရင် ခြေထောက်ကို ဆန့်ထုတ်ပါ။ ပြီးရင် ပုံထဲကအတိုင်း ပြန်လုပ်ပါ။ အနည်းဆုံး ၅ ကြိမ်လုပ်ပေးပါ။

Cat-Cow

ပုံမှာလုပ်ပြထားသလို နောက်ကျောကို ကုန်းလိုက်၊ ကော့လိုက်နဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ၂ မျိုးလုံးလုပ်ပြီးမှ ၁ ကြိမ်လို့ သတ်မှတ်ရပါတယ်။ အနည်းဆုံး ၅ ကြိမ်မှ ၁၀ ကြိမ်အထိ လုပ်ပေးပါ။

Child’s Pose

နောက်ဆုံးလေ့ကျင့်ခန်းကတော့ ပုံမှာလုပ်ပြထားတဲ့အတိုင်း သေချာလေးလုပ်ပေးပါ။ အဲ့ဒီ Child’s Pose နဲ့ စက္ကန့် ၃၀ နေ၊ ပြီးရင် ပုံမှန်အတိုင်းပြန်နေ၊ ပြီးရင် နောက်ထပ် Child’s Pose နဲ့ စက္ကန့် ၃၀ ထပ်နေပေးပါ။ အဲ့အတိုင်း အနည်းဆုံး ၃ ကြိမ်တော့ လုပ်ပေးပါ။