လူအများစုက မနက်ခင်းမှာ ပိုပြီးပျာယာခတ်နေကြတဲ့အချိန်တွေဖြစ်ပေမဲ့ အချို့သောသူများက အေးအေးဆေးဆေးနဲ့ တည်ငြိမ်မှုရှိနေကြတာကို သင်သတိထားမိမှာပါ။ အခု ပြောပြပေးချင်တဲ့အကြောင်းအရာကတော့ ကျွမ်းကျင်ပညာရှင်များ၏ပြောစကားများ၊ အကြံပေးချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် သင့်အတွက်လည်း လက်လွတ်စပယ်လုပ်မိ‌တာတွေကနေ ရှောင်ရှားနိုင်ပြီး အကျိုးရှိသောမနက်ခင်းတစ်ခုဖြစ်လာနိုင်စေရန် ရည်ရွယ်ပြီး ဝေမျှပေးလိုက်ပါတယ်နော်။

စောစောစီးစီးအိပ်ရာမှနိုးထခြင်း

အိမ်သားများမထသေးခင် ၁၀ မိနစ် သို့မဟုတ် ၁၅ မိနစ်အလိုကတည်းက နိုးနေတတ်ကြပြီး သွားလာစရာရှိတဲ့အခါမျိုးတွေမှာလည်း ပျာယာခတ်ခြင်းမျိုးမရှိတော့ဘဲ အေးအေးလူလူပြင်ဆင်နိုင်မှာပဲ့ဖြစ်ပါတယ်။

ဖုန်းကိုချက်ချင်းအသုံးမပြုခြင်း

မနက်မိုးလင်းအိပ်ရာမှထတာနဲ့ ချက်ချင်းဆိုသလို ဖုန်းကိုကောက်ကိုင်ခြင်းက သင့်ကို အီးမေးလ်များ၊ သတင်းခေါင်းစည်းများ နှင့် လူမှုကွန်ယက်များတွင် နစ်မျောသွားစေမှာဖြစ်ပါတယ်။ ထို့အစား အိပ်ရာနိုးနိုးခြင်း ငုတ်တုတ်ထထိုင်ကာ စက္ကန့်သုံးဆယ်ခန့်မျှ အသက်ပြင်းပြင်းရှူထုတ်သည့်အကျင့်ကို ကြိုးစားလုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

မိမိဝါသနာပါတဲ့အရာအချို့ကိုလုပ်ဆောင်ခြင်း

နာရီပေါင်းမြောက်မြားစွာကြာသည့်တိုင်မဟုတ်သော် မိနစ်အနည်းငယ်မျှ မိမိဝါသနာပါသည့်အရာအချို့ကို လုပ်ဆောင်ပေးခြင်းက လူရောစိတ်ကိုပါ အနားပေးရာရောက်သောကြောင့် တနေ့တာအတွက် အားအင်ဖြစ်စေနိုင်ပါတယ်။

တာဝန်များကို အစီအစဉ်အလိုက်ပြီးဆုံးအောင်ဆောင်ရွက်ခြင်း

လုပ်ဆောင်ရန်လိုအပ်တဲ့တာဝန်တစ်ခုကို ပြီးမြောက်အောင်လုပ်ဆောင်လိုက်ခြင်းက နောက်တဆင့်အတွက်ကို အချိန်ပြည့်တွေးတောနေစရာမလိုတော့ဘဲ ကောင်းမွန်တဲ့အကျင့်တစ်ခုကို ဆောက်တည်ရာလည်းရောက်မှာဖြစ်ပါတယ်။

အရေးပါသောအီးမေးလ်များကိုသာ ပြန်လည်အကြောင်းပြန်ခြင်း

အလုပ် သို့မဟုတ် ကိုယ်ရေးကိုယ်တာအီးမေးလ်များကို စစ်ဆေးရန်စတင်လုပ်ဆောင်ပြီဆိုသည်နှင့် အရေးကြီးသည့်အရာများကိုသာ ပြန်လည်ဖြေကြားရန် ပညာရှင်များက အကြံပေးထားပါတယ်။ ထိုသို့ပြုလုပ်ခြင်းက သင့်စိတ်ထဲ တဝဲလည်လည်မကျန်ရှိနေစေသောကြောင့် သင့်အား အခြားအရာများကို စိတ်အေးလက်အေးဖြင့် လုပ်ဆောင်စေမှာဖြစ်ပါတယ်။

အစားအသောက်များကို ကြိုတင်ပြင်ဆင်ထားခြင်း

နောက်တနေ့မနက်စာ သို့မဟုတ် နေ့လည်စာ စားရန်အတွက် ညအချိန်ကတည်းက ကြိုတင်ပြင်ဆင်ထားခြင်းသည် အချိန်ကျသည့်အခါမှ တွေးတောပြင်ဆင်ခြင်းဖြင့် အချိန်ကုန်ခြင်းကိုသက်သာစေမှာဖြစ်ပါတယ်။

အိမ်မှမထွက်ခွာမှီ သေချာစစ်ဆေးခြင်း

လုပ်စရာရှိသည့်အိမ်အလုပ်မှန်သမျှကို အပြင်မသွားမှီ မနက်အချိန်ကတည်းက ပြီးဆုံးအောင်လုပ်ဆောင်လိုက်ခြင်းက အပြင်မှပြန်ရောက်သည့်အခါ တာဝန်ပေါ့သွားပြီး အခြားအရေးကြီးသည့်အလုပ်များကို လုပ်ဆောင်နိုင်ရန် အချိန်အများကြီးပိုသွားမှာဖြစ်ပါတယ်။