တစ်နေ့တာလုံး ခွန်အားပြည့်ဝပြီး တက်ကြွလန်းဆန်းစေဖို့အတွက် မနက်ပိုင်းမှာလုပ်ပေးရမယ့် လေ့ကျင့်ခန်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။

Butterfly pose

Butterfly pose လေ့ကျင့်ခန်းက relax ဖြစ်စေပြီး စိတ်တည်ငြိမ်စေပါတယ်။

အရင်ဆုံးလှဲနေပြီး ခြေထောက်ကိုကွေးကာ ခြေဖဝါးနှစ်ဖက်ကို စုံထိထားပေးပါ။ လက်တစ်ဖက်ကို အောက်ချပြီး နောက်လက်တစ်ဖက်က ဗိုက်ပေါ်တင်ထားပေးပါ။ ပြီးရင်တော့ အသက်ကို ရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ ၁၀ ကြိမ် လုပ်ပေးပါ။

Plank

Plank ထောက်တဲ့ လေ့ကျင့်ခန်းက တစ်ကိုယ်လုံး အညောင်းအညာပြေစေပြီး ကျန်းမာသန်စွမ်းစေဖို့ အထောက်အကူပြုပါတယ်။

ပုံမှာပြထားတဲ့အတိုင်း တံတောင်နဲ့ လက်ထောက်ထားပြီး ခြေချောင်းလေးတွေ ထောက်ထားပါ။ ပြီးရင် အသက်ကို ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ အဲ့အနေအထားနဲ့ စက္ကန့် ၂၀ နေပြီးမှ စက္ကန့် ၃၀ နားပါ။ ပြီးရင် ပြန်လုပ်ပါ။ စုစုပေါင်း ၃ ကြိမ်လုပ်ပေးရင် ရပါပြီ။

Happy baby pose

Happy baby pose ကလည်း အညောင်းအညာပြေစေပြီး စိတ်ပျော်ရွှင်စေပါတယ်။

အရင်ဆုံးလှဲနေပြီး ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကိုမြှောက်ပြီး လက်က ခြေဖဝါးကို ကိုင်ထားရမှာပါ။ အဲ့အတိုင်းနေပြီး အသက်ကိုရှူသွင်းရှူထုတ် ၁၀ ကြိမ်လုပ်ပေးပါ။

Half-bridge

Half-bridge လေ့ကျင့်ခန်းကတော့ အညောင်းအညာပြေစေပြီး အကြောတွေတင်းနေတာ သက်သာစေပါတယ်။

ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပြီး ပုံမှန်အတိုင်းပြန်နေ၊ ပြီးရင် အဲ့အတိုင်း ပြန်လုပ်နဲ့ စုစုပေါင်း ၃ ကြိမ်ပဲ လုပ်ပေးရမှာပါ။

Leg lifts

Leg lifts ကျတော့ abs နဲ့ တင်ပါးကြွက်သားတွေ သန်မာစေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။

လှဲနေပြီး လက်နှစ်ဖက်ကို ဘေးချထားပါ။ ခြေထောက်ကို တန်းနေအောင် အပေါ်မြှောက်ထားပါ။ ၉၀ ဒီဂရီမြှောက်ထားရပါမယ်။ ပြီးရင် ခြေထောက်ကို ဖြေးဖြေးချင်းစီ ပြန်ချပါ။ ပြီးရင် ပြန်မြှောက်ပါ။ အဲ့အတိုင်း ၁၀ ကြိမ်လုပ်ပေးရပါမယ်။

Neck & Shoulders

ဒီလေ့ကျင့်ခန်းကတော့ အကြောတက်တာ သက်သာစေပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။

အရင်ဆုံးထိုင်ပြီး ပုံမှာပြထားတဲ့အတိုင်း ဘယ်လက်ကိုမြှောက်ပြီး ခေါင်းပေါ်တင်ထားပါ။ ညာလက်က ဂုတ်ကိုကိုင်ထားပါ။ ပြီးရင် ခေါင်းပေါ်တင်ထားတဲ့ ဘယ်လက်ကို ကွေးပြီးဆန့်၊ ညာလက်က ဘယ်တံတောင်ကိုကိုင်ပါ။ ပြီးရင် တတိယပုံထဲကလို ဘယ်လက်က အနောက်ဘက် ဂုတ်နောက်ကိုဆန့်ချပါ။ အဲ့အနေအထား ၃ မျိုးကို ၃ ကြိမ်စီ လုပ်ရမှာဖြစ်ပါတယ်။

Breathing

နောက်ဆုံးလေ့ကျင့်ခန်းကတော့ အလွယ်ဆုံးပါပဲ။ လှဲနေပြီး လက်နှစ်ဖက်က ပေါင်ဘေးကိုထိထားပါ။ မျက်စိမှိတ်ပြီး အသက်ရှူနေပါ။ အဲ့အတိုင်း ကိုယ်နေနိုင်သလောက်သာနေပါ။ စိတ်ရောကိုယ်ပါ relax ဖြစ်ပြီး တည်ငြိမ်စေပါတယ်။