ကိုယ့်ရဲ့တစ်နေ့တာက ထိုင်းမှိုင်းနေရင် တစ်နေ့လုံး ခေါင်းမကြည်၊ စိတ်မကြည်ဖြစ်ပြီး အလုပ်လုပ်ရတာ၊ စာလုပ်ရတာလည်း အဆင်မပြေပါဘူး။ ဒါကြောင့် တစ်နေ့တာလုံးအတွက် တက်ကြွလန်းဆန်းနေစေမယ့် Morning Exercise 7 မျိုးကို မျှဝေပေးလိုက်ပါတယ်။

Butterfly Pose

ပုံမှာလုပ်ပြထားသလို Butterfly Pose အနေအထားနဲ့နေပြီး အသက်ကို ရှိုက်ပြီးရှူလိုက်၊ ခပ်ပြင်းပြင်း ပြန်ထုတ်လိုက်နဲ့ လုပ်ပေးပါ။ မျက်စိမှိတ်ထားပြီး 2 မိနစ်၊ 3 မိနစ်လောက် လုပ်ပေးပါ။

Plank For Strength

ပုံမှာလုပ်ပြထားသလို Plank ထောက်ပေးရမှာပါ။ အဲ့အနေအထားနဲ့ စက္ကန့် 20 နေပေးပါ။ ပြီးရင် စက္ကန့် 30 နားပါ။ ပြီးရင် ပြန်လုပ်ပါ။ 3 ကြိမ်လုပ်ပေးရင် ရပါပြီ။

Happy Baby Pose

ပုံမှာလုပ်ပြထားတဲ့ Happy Baby Pose လေးနဲ့နေပြီး အသက်ကို ခပ်ပြင်းပြင်းလေး ရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်ပေးရမှာပါ။ 10 ကြိမ်လောက်လုပ်ပေးရင် ရပါပြီ။

Half Bridge Pose

ပုံမှာလုပ်ပြထားတဲ့ အနေအထားနဲ့ စက္ကန့် 30 နေပေးရမှာပါ။ အချိန်ပြည့်ရင် 10 စက္ကန့်နား ပြီးရင် ပြန်လုပ်ပါ။ စုစုပေါင်း 3 ကြိမ် လုပ်ပေးပါ။

Leg Lifts

ကြမ်းမှာလှဲပြီး လက်ကိုဆန့်ထားပါ။ ခြေထောက်ကိုလည်း ပုံထဲကလို အပေါ်ကို 90 ဒီဂရီမြှောက်ပြီး ဆန့်တန်းထားပါ။ ပြီးရင် ဖြေးဖြေးချင်းစီ ပြန်ချပါ။ ပြီးရင် ပြန်မြှောက်ပါ။ အဲ့အတိုင်း 10 ကြိမ် လုပ်ပေးရုံပါပဲ။

Neck & Shoulders

ပုံမှာလုပ်ပြထားသလို အဆင့်ဆင့် လုပ်ပေးရုံပါပဲ။ လက်ညောင်းညာတာ၊ လည်ပင်းနာ၊ ဇာတ်နာတာ၊ ဇာတ်ကြောတက်တာတွေ သက်သာစေပါတယ်။

Breathing

နောက်ဆုံးမှာတော့ အသက်ရှူလေ့ကျင့်ခန်းလေး လုပ်ပေးလိုက်ရုံပါပဲ။ မျက်စိမှိတ်ပြီး ပုံမှန်အသက်ရှူသွင်းရှူထုတ် လုပ်ပေးပါ။