တစ်နေ့တာလုံးလှပကျော့ရှင်းပြီး သပ်သပ်ရပ်ရပ်ဖြစ်ဖို့အတွက် အိမ်ကမထွက်ခင်မှာ ပြင်ဆင်ရတာတွေ အများကြီးပါပဲ။ မိတ်ကပ်လိမ်းခြယ်တာ တစ်ခုတည်းတင်မကပါဘူး၊ အဝတ်အစားဆိုရင်လည်း တွန့်ကြေမနေအောင် မီးပူတိုက်ပြီး ပြင်ဆင်ထားရမယ်၊ အဝတ်အစားအရောင်ကလည်း လိုက်ဖက်မှုရှိရမယ် စသည်ဖြင့်ပေါ့။

အဲ့ဒီလိုအများကြီး ပြင်ဆင်ရတဲ့ကြားကနေ အမှားသေးသေးလေးတစ်ခုက သင့်ကိုအလှပျက်စေတာကြောင့် ရှောင်ကြဉ်လို့ရအောင် အတူတူဖတ်လိုက်ကြစို့နော်။

ကတိုက်ကရိုက်ပြင်ဆင်ရခြင်း

ရုံးသွားခါနီ ကျောင်းသွားခါနီးကျမှ ဘာဝတ်ရမှန်းမသိဘဲ တွေ့ရာကောက်စွပ်လိုက်တာမျိုး မလုပ်မိဖို့အရေးကြီးပါတယ်။ မနက်စောစောထပြီး အပြင်သွားရမယ်ဆိုလည်း ညကတည်းက ဘယ်အင်္ကျီလေးကတော့ ဒီပွဲအတွက် လိုက်ဖက်မှာပဲ ဆိုပြီး ညကတည်းက ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပဲပေါ့။

မိမိနဲ့မတော်တဲ့အင်္ကျီဝတ်ဆင်ခြင်း

အင်္ကျီကိုယ်ကြပ်လေးဝတ်ဦးမှဆိုပြီး အတင့်ရဲပြီး မတွေးလိုက်ပါနဲ့။ ကြပ်ထုပ်နေတဲ့အင်္ကျီတွေက သင့်ကိုနေရထိုင်ရတာ သက်သောင့်သက်သာ ဖြစ်စေမှာမဟုတ်တဲ့အပြင် အခန့်မသင့်ရင် လူရှေ့သူရှေ့မှာ ချုပ်ရိုးပြဲသွားတာတို့ ကြယ်သီးပြုတ်သွားတာတို့ ဖြစ်နိုင်ပါတယ်။

အသုံးအဆောင်ပစ္စည်းများ မဝတ်ဆင်ဘဲနေခြင်း

မိမိအဝတ်အစားနဲ့ လိုက်ဖက်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေ ဝတ်ဆင်ခြင်းကလည်း သင့်ကို ဆွဲဆောင်မှုရှိအောင် ကူညီပေးပါသေးတယ်။ ဂျင်းဘောင်းဘီဝတ်ထားတယ်ဆိုလည်း ခါးပတ်လေးတွဲဝတ်လိုက်တာမျိုးပေါ့။ ဒါပေမဲ့ အများကြီးမဝတ်ဆင်မိဖို့လည်း အရေးကြီးပါတယ်။ ဥပမာ- နားဆွဲအကြီးကြီးတပ်ထားတဲ့အပြင် ဆွဲကြိုးတွေရော လက်ကောက်တွေရော ပြွတ်သိပ်နေမယ်ဆို သင့်ရဲ့ဖက်ရှင်ကို ပျက်ယွင်းစေပါတယ်။

ရာသီဥတုနဲ့ကိုက်ညီအောင် မဝတ်ဆင်ခြင်း

ပူအိုက်တဲ့နွေရာသီမှာ ပေါ့ပါးပြီးအေးမြတဲ့အင်္ကျီလေးတွေ ဝတ်ဆင်မယ်၊ မိုးရွာတဲ့နေ့မှာဆိုရင်လည်း ဂျင်းဘောင်းဘီအရှည်ကို ခေါက်ဝတ်ထားတာတို့ စသည်ဖြင့်ပေါ့။ ဒါ့အပြင် သူ့ရာသီဥတုနဲ့ကိုက်ညီတဲ့ ဖိနပ်တွေကိုလည်း ရွေးချယ်ဝတ်ဆင်ဖို့လိုပါသေးတယ်။

အရောင်တွဲစပ်ခြင်း

အရောင်တွေကို လိုက်ဖက်ညီမှုရှိအောင် တွဲဖက်ဝတ်ဆင်ခြင်းကလည်း သင့်ကိုဆွဲဆောင်မှုရှိအောင် ကူညီပေးပါတယ်။

ဖိနပ်ရွေးချယ်တဲ့အခါ

သက်သောင့်သက်သာမရှိတဲ့ဖိနပ်တွေဆို ဘယ်လောက်လှလှ၊ ဘယ်လောက်ပဲကြိုက်ကြိုက် သေချာစဉ်းစားပြီးမှ ဝယ်ဖို့အကြံပေးပါရစေ။ ဥပမာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးလျှောက်လည်တာပဲဖြစ်ဖြစ်၊ ရှော့ပင်းထွက်တာပဲဖြစ်ဖြစ် ဒေါက်ဖိနပ်အမြင့်ကြီးနဲ့ဆို ခြေထောက်နာတဲ့အတွက် ကြောင့် ပျော်ပျော်ပါးပါး လျှောက်လည်လို့မရဘဲ နေပါလိမ့်မယ်။

အတွင်းခံအင်္ကျီရွေးချယ်မှု မှားယွင်းခြင်း

အောက်ခံအင်္ကျီပဲလေ ဘယ်သူမှမြင်တာမှမဟုတ်တာ ကိုယ့်ဘာသာဘယ်လိုဝတ်ဝတ်ပေါ့လို့ မထင်လိုက်ပါနဲ့။ အောက်ခံအင်္ကျီက သက်သောင့်သက်သာ မဖြစ်တဲ့ခံစားချက်က ကိုယ့်မျက်နှာမှာ လာပေါ်နေတတ်ပါတယ်။ ဒါ့ကြောင့် အတွင်းခံအင်္ကျီတစ်ထည်က သင့်အလှအပအတွက် ကူညီပေးနိုင်တယ် ဆိုတာ မမေ့ပါနဲ့။

Source: Brightside.me