ဆံပင်ကအဆီပြန်ပြီး စေးကပ်ကပ်နဲ့ Greasy ဖြစ်တယ်ဆိုတာက ကိုယ်လုပ်နေမိတဲ့ အရာတွေကြောင့်လည်း ဖြစ်နေတတ်ပါတယ်။ ဆံပင်ကို ပိုပြီး Greasy ဖြစ်အောင်လုပ်နေမိတဲ့ အမှား ၇ ခု ရှိပါတယ်။ ဒီထဲမှာ ကိုယ်က ဘယ်အမှားတွေကို လုပ်နေမိလဲဆိုတာကို ကြည့်လိုက်ရအောင်။

ခဏခဏခေါင်းလျှော်ခြင်း

တစ်ပတ်တစ်ကြိမ်၊ တစ်ပတ် နှစ်ကြိမ်လောက်ပဲ ခေါင်းလျှော်တာကောင်းပါတယ်။ အဲ့ထက်ပိုပြီး ခဏခဏခေါင်းလျှော်နေမယ်ဆိုရင် ဆံပင်က ပိုပြီးတော့ Greasy ဖြစ်လာမှာပါ။ ဆံပင် Greasy ဖြစ်လို့ ခေါင်းခဏခဏလျှော်လိုက်၊ ပိုဆိုးလာလိုက်နဲ့ သံသရာလည်နေပါလိမ့်မယ်။

Styling Products

Styling Products တွေကို ပုံမှန်ထက်ပိုပြီးသုံးစွဲတာတွေက ဆံသားပျက်စီးပြီး Greasy ဖြစ်တာလည်း ပိုဆိုးလာစေပါတယ်။

Hair Product မှားသုံးခြင်း

Hair Product တွေကို ကိုယ့်ဆံသားနဲ့အဆင်မပြေတာတွေ သုံးမိရင်ပဲဖြစ်ဖြစ်၊ Hair Oil တွေကို မှားပြီး အများကြီးလိမ်းတာမျိုး လုပ်မိရင်ပဲဖြစ်ဖြစ် ဆံသား Greasy ပိုဖြစ်စေပါတယ်။

အစားအသောက်

ကိုယ်စားသုံးနေတဲ့ အစားအသောက်တွေကြောင့်လည်း ဆံပင် Sebum တွေကို အလွန်အကျွံထွက်ပြီး ဆံသား Greasy ဖြစ်လာစေပါတယ်။ အထူးသဖြင့် သကြား၊ နို့ထွက်ပစ္စည်းနဲ့ အနီရောင်ရှိတဲ့အသားတွေကို အများကြီးမစားပါနဲ့။

ခေါင်းအုံးစွပ်မသန့်ခြင်း

ကိုယ်အုံးနေတဲ့ခေါင်းအုံးစွပ်ကို ပုံမှန်မလျှော်ပဲ တစ်ထည်ထဲကိုပဲ အကြာကြီးသုံးနေတာ၊ ခေါင်းအုံးစွပ်မသန့်ရှင်းတာတွေကြောင့်လည်း ဆံသားနဲ့ဦးရေပြားက အညစ်အကြေးတွေပြန်ကပ်ပြီး ဆံသား Greasy ဖြစ်တာ ပိုဆိုးလာစေပါတယ်။

ခဏခဏခေါင်းဖြီးခြင်း

ခဏခဏခေါင်းဖြီးတာက ဆံသားကိုဖိစီးစေပြီး ဦးရေပြားအဆီပိုထွက်စေပါတယ်။ ဒါကြောင့်လည်း ပုံမှန်ထက်ပိုပြီး ဆံသားအဆီပြန်စေပါတယ်။

Conditioner ပြောင်အောင်မလုပ်ခြင်း

ခေါင်းလျှော်တဲ့အခါမှာ Conditioner သုံးတယ်ဆိုရင် သေချာပြောင်အောင် ရေနဲ့သန့်စင်ပါ။ Conditioner တွေမပြောင်ပဲ ဆံသားနဲ့ဦးရေပြားမှာ ကပ်ကျန်နေရင် ဗောက်ထပြီး ဆံသားနဲ့ဦးရေပြား အဆီပြန်ကာ Greasy ဖြစ်တာတွေ ပိုဆိုးလာစေပါတယ်။