သင်က ဗိုက်အဆီကျချင်တယ်ဆိုရင်တော့ အခုဖော်ပြထားတဲ့ ၇ မိနစ် စာလေ့ကျင့်ခန်းကို လုပ်ပေးနိုင်ပါတယ်။ အစားအသောက်နဲ့အတူ ပုံမှန်လုပ်သွားပေးဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းတွေကတော့…
၁။ Planking Leg Raises
Photo Source: Pinterest
- လက်ကို အားပြုပြီး Plank ထောက်တဲ့ပုံစံမျိုး နေပေးရပါမယ်။
- ခန္ဓာကိုယ်ကို တစ်တန်းတည်းထားပေးရပါမယ်။
- ပြီးနောက် ခြေထောက်တစ်ဘက်စီကို တစ်လှည့်စီ အပေါ် မြှောက်ပေးရပါမယ်။
- ဒါကို ၁၀ ခေါက်လုပ်ပေးရပါမယ်။
၂။ Lemon Squeezers
Photo Source: Natalie Uhling Fitness
- အိပ်လျက်အနေအထားနဲ့ စတင်ပေးရပါမယ်။
- ပြီးနောက်ဗိုက်ကို အားပြုပြီး အပေါ် ပင့်တင်ပေးရပါမယ်။
- ဒါကို ၁၀ ခါ လုပ်ပေးရပါမယ်။
၃။ Russian Twist
Photo Source: Giphy
- ခြေထောက်ကို အပေါ်ပင့်တင်ထားပြီး ဒူးကွေးထားရပါမယ်။
- ဗိုက်ကို အားပြုပြီး ခန္ဓာကိုယ်ကို ဘယ်ညာ လွှဲပေးရပါမယ်။
- ဒါကို အခါ ၂၀ လုပ်ပေးရပါမယ်။
၄။ Side Plank
Photo Source: Get Healthy U
- ပုံထဲကအတိုင်း စက္ကန့် ၃၀ ဘေးစောင်း Plank ထောက်ပေးရပါမယ်။
၅။ Plank
Photo Source: Popsugar
- တံတောင်နဲ့ တစ်ကိုယ်လုံးကို အားပြုပြီး စက္ကန့် ၃၀ Plank ထောက်ပေးရပါမယ်။
၆။ Plank Dips
Photo Source: Tenor
- Plank ထောက်တဲ့အနေအထားကိုပဲ ခန္ဓာကိုယ်ကို ဘယ်ညာ စောင်းပေးရပါမယ်။
- ဒါကို အခါ ၂၀ လုပ်ပေးရပါမယ်။
By MyStyle Myanmar