သင်က ဂျစ်ကန်ကန် ကောင်မလေး တစ်ယောက် ဖြစ်ပေမယ့် ကိုယ်သဘောကျတဲ့ ကောင်လေး ထားသွားတာကိုတော့ လိုချင်မှာ မဟုတ်ပါဘူး။ ယောကျာ်းလေးတစ်ယောက်က သူတို့ ဝေးဝေးရှောင်ရမယ့် ကောင်မလေး တစ်ယောက်ကို ရုတ်တရက်တွေ့ရင်တောင် မမြင်ချင်ယောင်ဆောင်တတ်ကြပါတယ်။ ဒီလိုရှောင်တတ်ကြတဲ့ ဂျစ်ကန်ကန်ကောင်မလေးတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့် (၇) ခု ရှိပါတယ်။ ဘယ်အမူအကျင့်တွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်-

၁။ ဆရာလုပ်တာ

ဆရာလုပ်တာနဲ့ ဦးဆောင်ပြီး လုပ်တာနဲ့ မတူပါဘူး။ သင်က အုပ်စုတစ်ခုထဲ ရောက်လို့ ခေါင်းဆောင်အနေနဲ့ တာဝန်ယူ ဆောင်ရွက်တာနဲ့ အဖွဲ့ဝင်တွေရဲ့ အကြံပေးချက်တွေကို နားမထောင်တာနဲ့ မတူပါဘူး။ အထူးသဖြင့် ယောကျာ်းလေးတွေက နေရာတကာ ဆရာလိုက်လုပ်တဲ့ ကောင်မလေးတွေကို မကြိုက်ကြပါဘူး။

၂။ ဘဝင်လေဟပ်တာ

ကိုယ့်ဘာကိုယ် ယုံကြည်မှု ရှိတာက ကောင်းပါတယ်။ ဒါပေမဲ့ အရာရာမှာ ကို့ယ်လောက် တော်တဲ့လူ မရှိဘူးလို့ တွေးတာ၊ ကိုယ်က အမှားမလုပ်ဘူးလို့ ယုံကြည်ထားပြီး တောင်းပန်ချင်စိတ်မရှိတာ၊ တခြားသူတွေရဲ့ ကြိုးစားမှုကို အသိအမှတ် မပြုတတ်တာ စတဲ့ အပြုအမူတွေကို ယောကျာ်းလေးတွေက မကြိုက်ကြပါဘူး။

၃။ မရိုးသားတာ

သင်က ဘယ်လောက်ပဲ လိမ်တတ်ပါစေ လူတွေက တစ်ချိန်ချိန်မှာ သိသွားမှာပါပဲ။ သင့်ကောင်လေးက သင်လိမ်တတ်မှန်း သိရင် ဘယ်တော့မှ ယုံတော့မှာ မဟုတ်ပါဘူး။ သူတစ်ယောက်တည်း သင့်ဘဝမှာ ရှိတယ်လို့ ပြောရင်တောင် ယုံမှာ မဟုတ်ပါဘူး။

၄။ ဒရာမာခင်းတာ

ယောကျာ်းလေးတွေက ဒရာမာ မင်းသမီးတွေကို မကြိုက်ကြပါဘူး။ သင်က နေ့ရက်တိုင်း အမြဲပြဿနာရှာနေမယ်ဆိုရင် သူက အသစ်တစ်ယောက် ရှာသွားပါလိမ့်မယ်။

၅။ လောဘကြီးတာ

သူက ပန်းဝယ်ပေးရင် သင်က စိန်လိုချင်တတ်ပါတယ်။ လူတစ်ယောက်က လက်ဆောင်တစ်ခုခုပေးလိုက်ရင် ကျေးဇူးတင်ခံချင်ကြပါတယ်။ သင်က အမြဲ ရောင့်ရဲမတင်းတိမ်နိုင်ရင် ယောကျာ်းလေးတွေ ကြိုက်တော့မှာ မဟုတ်ပါဘူး။

၆။ ရုပ်ဝတ္ထုတွေနောက်လိုက်တာ

ဥပမာ- သူက သင့်ကို မိုးရေထဲမှာ အနမ်းပေးချင်တဲ့အချိန် သင်က ဈေးကြီးပေးဝယ်ထားရတဲ့ ဆွဲဲကြိုး ရေစိုသွားလို့ ဒေါသထွက်နေမယ်ဆိုရင်တော့ သိပ်မဟုတ်သေးပါဘူး။ သူ့ကို ဆုံးရှုံးတာထ​က် Iphone ဆုံးရှုံးတာကို ဝမ်းနည်းနေတယ်ဆိုရင်တော့ သူ သင့်အနားကပ်တော့မှာ မဟုတ်ပါဘူး။

၇။ ကိုယ့်အကြောင်းပဲ ကိုယ်သိတာ

သင်နဲ့ သူစကားပြောတဲ့အချိန် သင့်အကြောင်းကိုပဲ ပြောဖို့ သိပြီး သူစပြောတာနဲ့ သင်က စကားဖြတ်ပြောတတ်တယ်ဆိုရင် သူကြိုက်တော့မှာ မဟုတ်ပါဘူး။ သင်ပြောတာကို သူတို့ကို နားထောင်စေချင်သလို သူတို့ပြောတာကိုလည်း သင်က နားထောင်ပေးသင့်ပါတယ်။

သင်က ဂျစ်ကန်ကန် ဖြစ်လေလေ Relationship သက်တမ်းက တိုလေလေမို့ အပေါ်က အကျင့်စရိုက်တွေ သင့်ဆီမှာ ရှိနေရင် လျှော့သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar