ပြစ်မျိုးမှဲ့မထင် အသားအရေကို ကံကောင်းတဲ့ ပျိုမေအချို့ပဲ ပိုင်ဆိုင်တတ်ကြပါတယ်။ လုံးဝ အပြစ်အနာအဆာမရှိဘဲ ချောမွေ့စိုပြေတဲ့ အသားအရေကို ပျိုမေတိုင်း လိုချင်ကြပါတယ်။ ဒီလို ပိုင်ဆိုင်အောင် မိတ်ကပ်ကို သုံးပြီး လှည့်စားလို့ ရပါတယ်။ ဒီနည်းလမ်းတွေကို သုံးမယ်ဆိုရင် သင့်အသားအရေလေးက “လှလိုက်တာ” ဆိုတဲ့ စကားကို လူအများစု ပြောလာနိုင်ပါတယ်။

၁။ Moisturizer စသုံးပါ

သင့်အသားအရေက အဆီပြန်တဲ့ အသားအရေ ဆိုရင်တောင် Moisturizer ကို လိုပါတယ်။ ကိုယ့်အသားအရေ အမျိုးအစားအလိုက် သင့်တော်တဲ့ အစိုဓာတ်ထိန်းခရင်ကို သုံးသင့်ကာ SPF ပါတဲ့ Moisturizer မျိုးကလည်း သင့်တော်တဲ့ အမျိုးအစားပါ။

၂။ နောက်တစ်ဆင့်အနေနဲ့ Primer လိုက်ပါ

Photo Source: Makeup-Muddle

Primer က သင့်မိတ်ကပ်လိမ်းတဲ့ လုပ်ငန်းမှာ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းပါ။ ချွေးပေါက်တွေထဲ Primer က ဝင်ရောက်ကာ ချွေးပေါက်ကျဉ်းသွားစေသလို မိတ်ကပ်လိမ်းတဲ့အခါ မျက်နှာချောမွေ့အောင် Primer က လုပ်ပေးနိုင်ပါတယ်။

၃။ သင်လိုအပ်သလောက် Coverage လုပ်နိုင်ပါတယ်

မိတ်ကပ်ထပ်တဲ့အချိန် ကိုယ်လိုအပ်သလို Coverage ဖုံးနိုင်ပါတယ်။ ဘယ်လို စည်းကမ်းချက်မှ မရှိပါဘူး။ အဓိကက အပြစ်အနာအဆာတွေ ဖုံးသွားဖို့ပါပဲ။

၄။ သင့်အသားအရေနဲ့ အဆင်ပြေမယ့် Shade ကို ရွေးဝယ်ပါ

သင့်အသားအရေ အရောင်နဲ့ ကွက်တိကျတဲ့၊ ပံ့ပိုးပေးတဲ့ Foundation Shade ကို ရှာဝယ်သင့်ပါတယ်။ ဒီလိုဆိုရင် မိတ်ကပ်ပိုလှပါလိမ့်မယ်။

၅။ ချောမွေ့အောင် Blend လုပ်ပါ

Blend လုပ်တယ်ဆိုတာ မိတ်ကပ်သား ချောမွေ့သွားအောင် ပုတ်လိမ်းပေးတာကို ဆိုလိုပါတယ်။ မိတ်ကပ်နဲ့ အသားနဲ့ တစ်သားတည်းဖြစ်အောင် သေချာ Blend ပေးမှ Natural ဆန်ဆန် ကိုယ့်အသားအရေလို့ လူတွေက ထင်မှာပါ။

၆။ Concealer သုံးပါ

မျက်ကွင်းညိုတဲ့ နေရာတွေ၊ အသားအရေ အရောင်မညီတဲ့ နေရာတွေ၊ အမာရွတ်နဲ့ အစက်အပြောက်တွေကို ဖုံးကွယ်ဖို့ Concealer ကို သုံးပေးဖို့ မမေ့သင့်ပါဘူး။

၇။ ပိုနေတဲ့ မိတ်ကပ်တွေကို ဖျက်ပစ်ပါ

Sponge တစ်ခု ယူကာ သင့်မျက်နှာပေါ်က မိတ်ကပ်မညီတဲ့ နေရာတွေပေါ် ဖျက်ပေးသင့်ပါတယ်။ အထူးသဖြင့် မျက်လုံးအောက်နဲ့ နှာခေါင်းနား၊ ဆံပင်နဲ့ အသားအရေ ဆက်တဲ့ နားကို ပိုဂရုစိုက်သင့်ပါတယ်။ ပိုနေတာတွေကို ဖယ်ချလိုက်မှ မိတ်ကပ်သား ထူထူကြီး မဖြစ်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar