မိန်းကလေးတိုင်းက သူတို့ မိတ်ကပ်ပြင်တဲ့စကေးကို တစ်နေ့ထက်တစ်နေ့ စကေးပိုမြင့်ချင်ကြတာပါ။ ဒါ့ကြောင့် မိတ်ကပ်လိမ်းတာ ကျွမ်းကျင်နေဖို့အတွက် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းအချို့ကို ပျိုမေလေးတွေသိဖို့ ဝေမျှပေးလိုက်တယ်နော်။

နှုတ်ခမ်းနီဆိုးပုံ အဆင့်ဆင့်

အပေါ်နှုတ်ခမ်းမှာ အရင်ဆုံး “X” ပုံသဏ္ဍာန်ဆွဲပါ။ ပြီးမှ နှုတ်ခမ်းထောင့်စွန်းမကျတကနေရာမှာ အစက်လေးစက်ချပါ။ ပြီးမှ အဲ့အစက်တွေကို အကုန်ဆက်လိုက်ပြီးမှ နှုတ်ခမ်းအတွင်းသားတွေကို ဆိုးပေးပါ။ ဒါဆိုရင်တော့ နှုတ်ခမ်းဖူးဖူးလေးပိုင်ဆိုင်နိုင်ပြီပေါ့။ သတိထားရမဲ့တစ်ချက်ကတော့ နှုတ်ခမ်းအရောင်ရင့်ရင့်ဆိုးမယ်ဆို မိတ်ကပ်လိမ်းခြယ်တာကို နည်းနည်းလျှော့ပေးလိုက်ပါ။ နို့မဟုတ်ရင် ပြင်ထားတာအရှိန်လွန်ပြီး မိန်းမလှလေးနဲ့ မတူဘဲ လူပြက်ပုံစံပေါက်သွားမှာစိုးလို့ပါ။

အိုင်းရှဲဒိုးလိမ်းခြယ်ပုံအဆင့်ဆင့်

အိုင်းရှဲဒိုးမခြယ်ခင် Primer အရင်လိမ်းပေးခြင်းက အဆီပြန်ခြင်းကိုသက်သာစေပြီး အရေးအကြောင်းတွေကို ကွယ်ဝှက်ပေးထားပါတယ်။ အိုင်းရှဲဒိုးခြယ်ဖို့အတွက် အရည်အသွေးကောင်းမွန်တဲ့ ဘရက်ရှ်လေးသုံးပေးပါ။ နို့မဟုတ်ရင် အိုင်ရှဲဒိုးတွေ ပျံ့နှံ့ကုန်မှာစိုးလို့ပါ။ နောက်တစ်ချက်က ကျတော့ အဖြူရောင်အိုင်းရှဲဒိုးကို အရောင်တောက်တောက်လေးတွေနဲ့ ရောစပ်ပြီးဆိုးပေးမယ်ဆို မျက်လုံးအလှပိုမိုပေါ်လွင်နိုင်ပါတယ်။

အိုင်းလိုင်နာဆွဲပုံအဆင့်ဆင့်

အိုင်းလိုင်နာဆွဲဖို့ ခေါင်းလေးကိုနည်းနည်းမော့ထားမယ်၊ မေးစေ့ကို ကိုယ်ကြည့်နေတဲ့ မှန်ဘက်ထောင်ထားပါ။ ဒါမှ မျက်လုံးအတွင်သားကို ဆိုးလို့ရမှာပါ။ ဆော့ပင်ဆွဲသလိုမဆွဲပဲနဲ့ အရင်ဆုံးပါးပါးလေးဆွဲပြီး လိုင်းတွေ ဖော်ရပါမယ်။ ဒါ့အပြင် အမဲရောင်လိုင်နာတွေချည်းပဲ မသုံးဘဲနဲ့ မိမိအသားအရောင်နဲ့လိုက်ဖက်မယ့် အရောင်လေးတွေကိုပဲ ပြောင်းသုံးပေးပါ။

ပေါင်ဒါလိမ်းတဲ့အခါ

ပေါင်ဒါလိမ်းဖို့အတွက် ဘရက်ရှ်ကြီးကြီးလေးတွေ ရွေးချယ်ပါ။ ပေါင်ဒါကသင့်ကို အရေးအကြောင်းတွေ မြန်မြန်ဖြစ်စေနိုင်တဲ့အတွက်ကြောင့် မိတ်ကပ်လိမ်းတာအရမ်းများသွားတဲ့အချိန်မှသာ ပေါင်ဒါပြန်ဖို့ပေးပါ။

Concealer လိမ်းခြင်း

Concealer မလိမ်းခင်မှာ Jojoba Oil ကို မျက်လုံးအောက်ဘက်နဲ့ မျက်ခွံပေါ်မှာ လိမ်းကျံပြီးမှ Concealer ကို ထပ်လိမ်းပေးပါ။ အရေးအကြောင်းတွေကို ဖယ်ရှားပေးဖို့အတွက်ပါ။

မျက်ခုံးမွှေးဆွဲတဲ့အခါ

ဆွဲထားမှန်းမသိသာအောင် သဘာဝကျတဲ့မျက်ခုံးမွှေးလေးကိုပဲ ပုံဖော်ဆွဲပေးပါ။ ဒါပေမဲ့ သင်ကမျက်ခုံးမွှေးပါးတဲ့သူ၊ မျက်ခုံးမွှေးကျိုးတိုးကျဲတဲ ပေါက်နေတယ်ဆိုရင်တော့ မျက်ခုံးမွှေးအတွင်းထဲကို အညိုရောင်မျက်ခုံးဆွဲတံ၊ ဒါမှမဟုတ် မျက်ခုံးမွှေးအတွက်ပေါင်ဒါအသုံးပြုပြီး လိုက်ဖြည့်ပေးပါ။

ဖောင်ဒေးရှင်းလိမ်းတဲ့အခါ

ဖောင်ဒေးရှင်းထူပိန်းမနေဖို့၊ ကွက်မနေဘဲ ညီညီညာညာဖြစ်ဖို့အတွက် ဖောင်းဒေးရှင်းမလိမ်းခင် Skincare ကို မိနစ် ၃၀ ခန့် ကြိုတင်လိမ်းထားပေးပါ။ ဖောင်ဒေးရှင်းလိမ်းတဲ့အခါမှာလည်း စိုစွတ်နေတဲ့ရေမြှုပ်အသုံးပြုပြီး ဖောင်ဒေးရှင်းလိမ်းခြယ်ပေးပါ။

Source: Brightside.me