မင်္ဂလာပါနော်။ ပျိုမေတို့ထဲမှာ ဆံပင်အနီရောင်ဆိုးထားတဲ့သူတွေရှိကြလား။ အနီရောင်ဆံပင်ကာလာက အခြားအရောင်တွေထက်စာရင် ဆိုးထားမှန်းပိုသိသာသလို အသားရောင်လင်းစေတာမို့ မိန်းကလေးတော်တော်များများက တစ်ခါလောက်တော့ဆိုးဖို့ စဉ်းစားတတ်ကြပါတယ်။ သင့်အနေနဲ့ ဒီလိုဆံပင်ကိုအနီရောင်ဆိုးလိုက်ပြီဆိုရင် မိတ်ကပ်ပိုင်းပြင်တဲ့အခါမှာလည်း ဆံပင်ကာလာနဲ့လိုက်အောင် ပြင်ဆင်တတ်တာက အများကြားမှာထင်းပြီး Attention ပိုရစေမှာပါ။ Makeup Look လှလှလေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်းတိုးစေတာမို့ ဒီတစ်ခေါက်မှာ ဆံပင်အနီရောင်ဆိုးထားသူပျိုမေတို့နဲ့ လိုက်ဖက်တဲ့ မိတ်ကပ်ပြင်နည်းတွေကို ဖော်ပြပေးသွားမှာပါ။ လတ်တလောပျိုမေတို့ကြားရေပန်းစားနေတဲ့ ကြေးနီရောင်လို အနီဘက်သွားတဲ့ကာလာအားလုံးနဲ့လိုက်ဖက်စေမှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

Eye Shadow ခြယ်မယ်ဆိုရင်

ဆံပင်ဆိုးထားသူတွေအတွက် မျက်နှာလေးပိုပေါ်ဖို့ မျက်လုံးမှာခြယ်တဲ့အရောင်ရွေးတတ်ဖို့ အရေးကြီးပါတယ်နော်။ အနီ၊ နီညို၊ မရမ်းဇီးရောင်၊ Peach အရောင်နဲ့ ပန်းရောင်ဘက်သမ်းတဲ့ ကာလာလေးတွေရွေးချယ်ပေးသင့်ပါတယ်။ Eye Shadow ခြယ်တဲ့အခါ အပေါ်မျက်ခွံအပြင် အောက်မျက်ခွံအနားလေးတွေမှာလည်း အရောင်ထင်းထင်းလေးထည့်ပေးရင် ပိုလိုက်ပါတယ်။


Cat Eye ပုံစံခပ်ကော့ကော့ Eye Liner

ဆံပင်အနီရောင်က Smokey Eyes လို Eye Makeup Look မျိုးနဲ့လိုက်တာမို့ Eye Liner ကိုခပ်ထင်းထင်းလေးဆွဲပေးဖို့မမေ့ပါနဲ့နော်။ Cat Eyes ပုံစံအနားကော့ကော့လေး ထည့်ပေးရင်ပိုလှပါတယ်။ ညိုအားပြင်းတဲ့မျက်ဝန်းမျိုး ပိုင်ဆိုင်စေမှာပါ။


မျက်ခုံးဆွဲတဲ့အခါ

မျက်ခုံးကို အနက်ရောင်ဆွဲတာက ဆံပင်အရောင်ဆိုးထားတဲ့သူတွေနဲ့မလိုက်ဖက်ပါဘူးနော်။ အညိုဘက်သွားတဲ့အရောင်တွေ ဒါမှမဟုတ် မျက်ခုံးကိုပါ ဆံပင်အရောင်နဲ့ ဆင်တာမျိုး ရွေးပြီး ဆွဲပေးပါ။ အသားပိုဖြူသွားသလို မြင်ရပြီး ဆံပင်အနီလေးနဲ့လည်း လိုက်ဖက်နေမှာပါ။


Freckles မိတ်ကပ်

ဆံပင်အနီဆိုးထားသူတွေအနေနဲ့ Freckles လို့ခေါ်တဲ့ မှဲ့ခြောက်အတုပုံစံလေးတွေထည့်ပြီး ပြင်ကြည့်ပါတယ်နော်။ Freckles Look နဲ့ ဆံပင်အနီရဲ့ပေါင်းစပ်မှုက ပြင်ပြီးတဲ့နောက် အရုပ်မလေးလို မြင်ရစေပါတယ်။ ဓာတ်ပုံထဲမှာလည်း ထင်းပြီး ကပြားသူလေးလို ထူးခြားတဲ့ မိတ်ကပ် Look လေးပိုင်ဆိုင်စေမှာမို့ စမ်းပြင်ကြည့်ဖို့ မမေ့ပါနဲ့နော်။


မျက်ကပ်မှန်တပ်ကြည့်ပါ

ဆံပင်ဆိုးထားတဲ့သူတွေအနေနဲ့ မျက်ကပ်မှန်တပ်ပေးတာက ကိုယ်လိမ်းထားတဲ့ Makeup Look အရောင်တွေပိုထင်းပြီး မျက်နှာလေးပါလင်းသွားစေပါတယ်။ ဆံပင်အနီနဲ့ဆို မျက်ကပ်မှန် အရောင်တောက်တောက်လေးတွေက ပိုလိုက်တာမို့ မိတ်ကပ်ပြင်မယ်ဆို မျက်ကပ်မှန်လေးပါ တပ်ကြည့်ပါ။


ပါးနီအတွက်

ပါးနီအရောင်ကိုလည်း အနီ၊ နီညိုနဲ့ ပန်းရောင်လေးတွေရွေးချယ်ပြီး မျက်ကွင်းနဲ့ပါးမို့လေးတွေပေါ် ဖြန့်ပြီး ထင်းထင်းလေး ဆိုးပေးပါ။

နှုတ်ခမ်းနီအရောင်ရင့်တွေ

နှုတ်ခမ်းနီအတွက်ဆိုရင်လည်း ဆံပင်အနီဆိုးထားသူတွေက အနီရောင်လို ခပ်ရင့်ရင့်အရောင်မျိုးတွေနဲ့ ပိုလိုက်ပါတယ်နော်။ အောက်ကပုံတွေမှာပြထားတဲ့ အရောင်ရင့်လေးတွေ ရွေးချယ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar