မင်္ဂလာပါ ပျိုမေတို့ရေ။ Eye Makeup ဆိုတာ Makeup Look တိုင်းအတွက် အရေးပါတဲ့ အဆင့်တစ်ခုပါ။ ကိုယ်ပြင်လိုက်တဲ့ Eye Makeup အပေါ်မူတည်ပြီး ရုပ်လုံးဝပြောင်းသွားနိုင်တာမို့ ကိုယ့်မျက်လုံးပုံစံနဲ့ မလိုက်တာတွေခြယ်မိတာက သင့် Makeup Look တစ်ခုလုံးကို ကြည့်ရဆိုးသွားတတ်ပါတယ်။ မျက်ဝန်းပုံစံတွေထဲမှာ အပေါ်မျက်ရစ်ကြီးပြီး အောက်ကိုတွဲကျနေသလိုမြင်ရတဲ့ Shape က မျက်လုံးဘေး ကော့တဲ့သူတွေထက် Eye Makeup လိမ်းရတာပိုခက်ပါတယ်။ သေချာမဆိုးတတ်ရင် အိပ်ချင်ပြီး ပင်ပန်းနေတဲ့သူတစ်ယောက်လို မြင်ရစေမှာပါ။
သင်ကိုယ်တိုင်လည်း ဒီလိုမျက်လုံးပုံစံမျိုးရှိတယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ Eye Makeup လိမ်းနည်းလေးတွေသုံးပြီး ပြင်ကြည့်သင့်ပါတယ်။
၁။ အပေါ်မျက်ခွံမှာ Eye Shadow ခပ်မြင့်မြင့်လေးဆိုးပါ
မျက်ခွံအောက်ကျတဲ့သူတွေက မျက်ခွံနဲ့ မျက်ရစ်ကိုသွားကွယ်နေတတ်တာမို့ Eye Shadow နဲ့ Glitter တွေကို မျက်လုံးနားကပ်ပြီး မဆိုးသင့်ပါဘူးနော်။ အဲ့ဒီ့အစား မျက်ခုံးနားရောက်တဲ့အထိ ခပ်မြင့်မြင့်လေးဆိုးပေးပါ။ အစကတည်းက မျက်ရစ်ပါးတဲ့သူတွေက မျက်ရစ်လေးပါဖော်ပေးရင် ပိုကောင်းပါတယ်။
၂။ မျက်တောင်ကော့ဖို့မမေ့ပါနဲ့
မျက်ခွံတွဲကျနေရင် မျက်တောင်တွေလည်း အောက်ကိုစင်းနေတတ်တာမို့ မျက်တောင်သေချာကော့ပေးဖို့ လုံးဝမမေ့ပါနဲ့နော်။ ဒီလိုမျက်ဝန်းပိုင်ရှင်တွေက မျက်လုံးကျဉ်းပုံလည်း ပေါက်တာမို့ မျက်တောင်တုလေးပါတတ်ပေးရင် ပိုကောင်းပါတယ်။ Eye Makeup သိပ်မလိမ်းထားရင်တောင် မျက်အိမ်လေးပိုကျယ်ပြီး ကြည့်ကောင်းစေမှာပါ။
၃။ မျက်ခုံးရိုးတစ်ဝိုက်ကို Highlight လုပ်ပေးပါ
မိတ်ကပ်လိမ်းတဲ့အခါ မျက်ခွံအောက်ကျမှန်းမသိသာဖို့ မျက်ခုံးကိုခပ်တန်းတန်းဆွဲတာထက် အပေါ်ထောင်သလိုမြင်ရအောင် မျက်ခုံးရိုးတစ်ဝိုက် Highlight လေးထည့်ဆိုးပြီး ပင့်တင်ပေးပါ။
၄။ မျက်လုံးရှေ့အစွန်းလေးကိုလည်း Highlight လင်းလင်းလေးဖြည့်ဆိုးပါ
မျက်ခွံကျတဲ့သူတွေက ပုံထဲကလို မျက်လုံးရှေ့အစွန်းမှာ Glitter ဒါမှမဟုတ် Highlight လင်းလင်းလေးဖြည့်ဆိုးပေးတာမျိုးနဲ့ လိုက်ဖက်ပါတယ်။ မျက်ဝန်းလေးပိုကျယ်သွားသလို မြင်ရစေမှာပါ။
၅။ Eyeliner ကို တစ်ဆက်တည်း ထူထူမဆိုးပါနဲ့
ဒီလိုမျက်လုံးမျိုးက Eyeliner ဆိုးရခက်တာမို့ လိုက်ဖက်အောင်ဆိုးတတ်ဖို့ သေချာလေ့ကျင့်ရပါတယ်။ ခပ်ထူထူ၊ တန်းတန်းကြီးဆိုးမိရင် သင့်မျက်လုံးကို ပိုကြည့်ရဆိုးစေမှာပါ။ ပုံထဲကလို မျက်ခွံထောင့်ပိုင်းလေးကိုပဲ ပါးပါးကော့ကော့လေးဆွဲပေးတာမျိုး လုပ်ပေးပါ။
၆။ အပေါ်မျက်ခွံကို Primer (သို့) Concealer လိမ်းပေးပါ
မျက်ခွံပေါ် Primer လိမ်းပေးတာက သင်ဆိုးလိုက်တဲ့ Eye Shadow တော်ရုံနဲ့ပုံစံမပျက်အောင် ထိန်းပေးနိုင်တဲ့အပြင် အရောင်ထွက်လည်းပိုတောက်စေပါတယ်။ ဒါကြောင့်မို့ မျက်ခွံအောက်ကျပြီး Eye Makeup နေရာရွေ့လွယ်တဲ့သူတွေအတွက် အသင့်တော်ဆုံးပါပဲ။
၇။ Matte အရောင် Eyeshadow လေးတွေသုံးပါ
Matte Eyeshadow တွေက အရောင်ထွက်ပိုလင်းတာမို့ မျက်ခွံကျတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ မျက်ရစ်လေးလည်းပိုပေါ်စေမှာပါ။ Matte ကိုမှ Dark ဖြစ်တဲ့အရောင်တွေကို မျက်လုံးထောင့်မှာဆိုးပေးပြီး ပိုလင်းတဲ့အရောင်လေးတွေကို မျက်ခွံရှေ့အစွန်းပိုင်းမှာ ဆိုးပေးပါ။
Photo Source: Pinterest, brightside.me