မိတ်ကပ်ပြင်ရတာပျင်းတဲ့ မိန်းကလေးတွေအနေနဲ့ ဆောင်ထားသင့်တဲ့ မိတ်ကပ်ပစ္စည်း 7 မျိုးကို မျှဝေပေးရင်းနဲ့ မိတ်ကပ်ပြင်နည်းတွေကိုပါ ပြောပြပေးလိုက်ပါတယ်။

Tinted Moisutirzer

Foundation လိမ်းရတာက အချိန်ပိုကြာတဲ့အတွက် Tinted Moisutirzer သုံးကြည့်ပါ။ Tinted Moisutirzer သုံးရတာမကြိုက်တဲ့သူကတော့ Cushion သုံးလို့ရပါတယ်။ လိမ်းရတာပိုမြန်ပြီး Blend လုပ်ရတာလည်း ပိုအဆင်ပြေပါတယ်။

Tinted Brow Gel

ပျင်းတဲ့သူတွေက မျက်ခုံးမွှေးဆွဲရတာဆို ပိုတောင်ပျင်းမယ်လို့ထင်ပါတယ်။ ဒါကြောင့် Tinted Brow Gel သာ ဆောင်ထားလိုက်ပါ။ မျက်ခုံးမွှေးမဆွဲတော့ပဲ Tinted Brow Gel နဲ့ မျက်ခုံးမွှေးကိုဖြီးပေးလိုက်ရင် သဘာဝဆန်ဆန်နဲ့တောင် လှပါသေးတယ်။

Eyelash Curler & Clear Mascara

မျက်တောင်ကော့ပြီးထူနေရင်၊ ရှည်နေရင် မျက်လုံးကို တကူးတက ပြင်ဆင်ခြယ်သနေစရာမလိုပဲကို လှပါတယ်။ ဒါကြောင့် Eyelash Curler လေးနဲ့ မျက်တောင်ကော့အောင်လုပ်ပြီး Clear Mascara နဲ့ ကော့ပေးပါ။ Clear Mascara မကြိုက်ရင် ရိုးရိုး Mascara သုံးလည်းရပါတယ်။ Clear Mascara ကတော့ ပိုပြီးသဘာဝဆန်တာပေါ့။

Lipstick

ဘယ်လောက်ပဲပျင်းပျင်း အပြင်သွားရင် နှုတ်ခမ်းနီလေးတော့ဆိုးပါ။ ဘာမှမပြင်ရင်တော့ နှုတ်ခမ်းနီဆိုးထားရင် မျက်နှာလေးလင်းပြီး လှသွားပါတယ်။

Blusher

မျက်နှာလေးလင်းပြီး နုတဲ့ပုံစံလေးဖြစ်အောင် Blusher တော့သုံးပေးပါ။ မိတ်ကပ်ပြင်ရမှာ ပျင်းတဲ့သူဆိုရင် Cream Blusher or Tint Blusher or Liquid Blusher လေးတွေဆောင်ထားပါ။ အဲ့တာတွေက ပိုသုံးလို့ကောင်းပါတယ်။

Cream Highlighter

Highlighter က မရှိမဖြစ်တော့မဟုတ်ပေမယ့် Glow တာကြိုက်တဲ့သူအတွက်ကတော့ ဆောင်ထားရမယ့်ပစ္စည်းပါ။ Highlighter ထဲမှာမှ Cream Highlighter တွေက သုံးရတာပိုမြန်ပြီး ပိုလွယ်ပါတယ်။ ပိုပြီးတော့လည်း Natural ဆန်ပါတယ်။