အသက်ကြီးလာရင် ဆံပင်ဖြူတာတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် တချို့ဆိုရင် အသက် ၂၀ ကျော်၊ ၃၀ ကျော်နဲ့ ဆံပင်တွေဖြူတာမျိုးလည်း ရှိပါတယ်။ ဒီလို အသက် ၄၀ မတိုင်ခင်မှာ ဆံပင်ဖြူရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ဒီ ၇ ချက်ကြောင့်ဖြစ်တာ များပါတယ်။

မျိုးရိုးဗီဇ

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူခြင်းကို ဖြစ်စေတဲ့ အဓိကအချက်တော့ မျိုးရိုးဗီဇပါပဲ။ မိဘ (သို့) အဘိုးအဘွားတွေက အရွယ်မတိုင်မီ ဆံပင်ဖြူတာမျိုး ဖြစ်တယ်ဆိုရင် ကိုယ့်အလှည့်မှာလည်း အဲ့လိုဖြစ်နိုင်ချေ ပိုများပါတယ်။

စိတ်ဖိစီးမှုကိုကြာရှည်စွာခံစားနေရခြင်း

စိတ်ဖိစီးမှုကို ကြာရှည်စွာ ခံစားနေရတဲ့အခါ ဆံပင်အရောင်အပါအဝင် ခန္ဓာကိုယ်ဆိုင်ရာ လုပ်ငန်းဆောင်တာ အမျိုးမျိုးကို ထိခိုက်စေပြီး စိတ်ဖိစီးမှု ဟော်မုန်းတွေ ပိုထွက်လာစေပါတယ်။ နာတာရှည် (သို့) မြင့်မားတဲ့ စိတ်ဖိစီးမှုက melanocytes များ လျော့နည်းလာမှုကို အရှိန်မြှင့်ပေးပြီး ဆံပင်ဖြူစေပါတယ်။ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။

ဗီတာမင်ချို့တဲ့ခြင်း

အထူးသဖြင့် ဗီတာမင် B12၊ သံဓာတ်၊ copper နဲ့ zinc တို့ မလုံလောက်ရင်လည်း ဆံပင်ဖြူစေပါတယ်။ ဒီအာဟာရဓာတ်တွေက melanin ထုတ်လုပ်မှုနဲ့ ဆံပင်မွေးညင်းပေါက်တွေရဲ့ ကျန်းမာရေးကို ထိန်းသိမ်းတဲ့အခါမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပါ။ ဒါတွေချို့တဲ့နေရင် အရွယ်မတိုင်ခင် ဆံပင်ဖြူတာတွေ ဖြစ်လာတာပါပဲ။

ဟော်မုန်း

အထူးသဖြင့် အပျိုဖော်ဝင်စ၊ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်တွေမှာ ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းပြောင်းလဲမှုများက ဆံပင်အရောင်ကို ပြောင်းလဲစေပြီး ဟော်မုန်းအတက်အကျကြောင့် ဆံပင်ဖြူခြင်းကို ဖြစ်စေပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးပြဿနာအမျိုးမျိုးနဲ့ ဆက်စပ်နေပြီး အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကိုလည်း ဖြစ်စေပါတယ်။

Chemical ပြင်းတဲ့ hair product တွေသုံးခြင်း

Chemical ပြင်းတဲ့ hair product တွေကို အလွန်အကျွံအသုံးပြုခြင်း၊ အရောင်ချွတ်ဆေးတွေ ခဏခဏသုံးခြင်း၊ ဆံပင်အရောင်ခဏခဏဆိုးခြင်းတွေက ဆံသားပျက်စီးစေပြီး အရွယ်မတိုင်ခင် ဆံပင်ဖြူတာတွေကို ဖြစ်စေပါတယ်။

လေထုညစ်ညမ်းမှု

လေထုညစ်ညမ်းမှုတွေ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကလည်း ဆံပင်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ ဒီညစ်ညမ်းမှုတွေက free radicals တွေကို ထုတ်ပေးပြီး oxidative stress တွေလည်း ပိုတိုးလာစေတာကြောင့် ဆံပင်ဖြူခြင်းတွေ ဖြစ်လာစေပါတယ်။