မျက်နှာဝိုင်းဝိုင်းနဲ့ မိန်းကလေးတွေက ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံကို သိရင် သူများထက် ပိုထူးခြားပြီး လှနိုင်ပါတယ်။ ဒီတော့ ကိုယ့်မျက်နှာနဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံက ဘယ်လိုမျိုးလဲ သိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ နှစ်ထပ်ကေအရှည်လေးနဲ့ သဘာဝကောက်သားဆံပင်

ဆံပင်ညှပ်ဆိုင်မှာ နှစ်ထပ်ကေညှပ်တဲ့အချိန် သတိထားရမှာတစ်ခုရှိပါတယ်။ ဒါက ဆံပင်အလွှာကို အရမ်းအတိုကြီးမညှပ်မိဖို့ပါ။ မျက်နှာဝိုင်းဝိုင်းလေးက နှစ်ထပ်ကေအရှည်နဲ့ လိုက်ဖက်ပါတယ်။ သဘာဝကျကျ ကောက်သားတွေကလည်း မျက်နှာဝိုင်းသူတွေနဲ့ သင့်တော်ပါတယ်။

၂။ ဆံပင်အဖြောင့်

စိုပြေတောက်ပတဲ့ ဆံပင်အဖြောင့်က မျက်နှာဝိုင်းသူတွေနဲ့လိုက်ဖက်ပါတယ်။ ဆံပင်အဖြောင့်က သင့်ရဲ့ အလှကို ပံ့ပိုးပေးမှာပါ။

၃။ ဂုတ်ထောက်ဆံပင် ဒါမှမဟုတ် အရှည်

မျက်နှာဝိုင်းတဲ့သူတွေက ဆံပင်အရှည်ဒါမှမဟုတ် ဂုတ်ထောက်အရှည်နဲ့ လိုက်ဖက်ပါတယ်။ ဆံပင်အတိုက စွန့်စားမှုကြီးတစ်ခုလိုပါပဲ။ ကိုယ်နဲ့လုံးဝမလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

၄။ ဆံပင်တစ်ဝက်စည်း

မျက်နှာဝိုင်းတဲ့ ပိုင်ရှင်တွေက ဆံပင်အကောက်နဲ့လည်း လိုက်ဖက်ပါတယ်။ ကိုယ့်ဆံပင်က တိုနေသေးရင်တော့ ရှည်တဲ့ပုံစံလေးမြင်ရအောင် ဆံပင်တစ်ဝက်စည်းပေးလို့ရပါတယ်။

၅။ ကပိုကရို ဂုတ်ထောက်ပုံစံလေး

ဒီပုံစံလေးက ဆံပင်မရှည်တဲ့သူတွေနဲ့ လိုက်ဖက်ပါတယ်။ ကိုယ်က ဆံပင်အတို ပြီးတော့ မျက်နှာဝိုင်းတယ်ဆိုရင်တော့ ဒီပုံစံ ဆန်းလေး ထားကြည့်သင့်ပါတယ်။

၆။ ရှေ့ချတဲ့ ဆံပင်အရှည်ပုံစံ ( Long Bangs)

ကိုယ်က မျက်နှာဝိုင်းဝိုင်းလေးဆိုရင်တော့ ရှေ့ချတဲ့ Bang ကို အတိုထားလို့မရပါဘူး။ Bang ရှည်ရှည်လေးက မျက်နှာဝိုင်းသူတွေနဲ့ သင့်တော်ပါတယ်။

၇။ ဘဲလေးဆံပင်ထုံးတာ ဒါမှမဟုတ် ဆံပင်မြင့်မြင့်လေး စည်းတာ

ဆံပင်အပြောင်ထုံးတာက မျက်နှာဝိုင်းတာကို ပိုမြင်ရစေပါတယ်။ ဆံပင်စည်းရင်လည်း အနိမ့်မစည်းဘဲနဲ့ ခပ်မြင့်မြင့်လေး စည်းပေးရပါမယ်။

Source: Pinterest

By MyStyle Myanmar