စိတ်ထိခိုက်ပြီး mental health မကောင်းရင် ဘယ်လိုနေနေအဆင်မပြေပါဘူး။ စိတ်ဖြစ်ရင် ခန္ဓာကိုယ်ကပါ တစ်ခုပြီးတစ်ခု အဆင်မပြေဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေး ပိုမိုကောင်းမွန်လာစေဖို့အတွက် ပြောင်းလဲသင့်တဲ့ နေထိုင်မှုဘဝပုံစံတွေကို ဝေမျှပေးလိုက်ပါတယ်။

Exercise လုပ်ပါ

နေ့တိုင်း အိပ်ယာနိုးရင်ပဲဖြစ်ဖြစ်၊ မနက်ပိုင်းကို Exercise ပုံမှန်လုပ်ပေးပါ။ မနက်စောစော နေရောင်ခြည်ကိုခံပါ။ ဒီလိုလုပ်ပေးခြင်းက စိတ်ကြည်လင်ပြီး ထိုင်းမှိုင်းနေတာတွေ သက်သာစေပါတယ်။ ခန္ဓာကိုယ်လည်း ပေါ့ပါးလန်းဆန်းစေတယ်။ ကျန်းမာစေပါတယ်။

ကျန်းမာတဲ့အစားအသောက်တွေကိုစားပါ

Mental health မကောင်းရင် ဘာမှစားချင်စိတ်မရှိပါဘူး။ ဒါပေမယ့် မစားရင် စိတ်ရောကိုယ်ပါ ပိုထိခိုက်လာမှာဖြစ်လို့ ကျန်းမာတဲ့အစားအသောက်တွေကို များများစားပေးဖို့လိုပါတယ်။ မနက်စာ breakfast ကို အာဟာရရှိတာစားပါ။ နေ့လည်စာများများစားပါ။ ညစာကိုလည်း အရမ်းမိုးချုပ်မှမစားပါနဲ့။ ညဘက်အိပ်မပျော်တတ်ရင် နွားနို့ပူပူလေးတစ်ခွက် သောက်ပြီး အိပ်ပါ။

ကောင်းမွန်စွာအိပ်စက်ပါ

ကောင်းမွန်စွာအိပ်စက်နိုင်ရင် စိတ်ကျန်းမာရေးက ပိုကောင်းလာပါတယ်။ ဒါကြောင့် စောစောအိပ်ယာဝင်ပြီး ကြိုးစားအိပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ စောစောအိပ်ပြီး၊ စောစောထတတ်တဲ့အကျင့်ဖြစ်အောင် ပြောင်းလဲရပါမယ်။

ဖုန်းသုံးတာလျှော့ပါ

ဖုန်းသုံးတာ အထူးသဖြင့် social media သုံးတာက စိတ်ထိခိုက်ပြီး mental health ပိုထိစေပါတယ်။ ဒါကြောင့် ဖုန်းကိုလျှော့သုံးပါ။ social media သုံးတာကိုလျှော့ပါ။ ဟာသတွေများများကြည့်ပြီး စိတ်ကိုပျော်အောင်ထားပါ။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

Mental health မကောင်းရင် အသက်ရှူကျပ်တာ အရမ်းဖြစ်ပါတယ်။ ဒါကြောင့် နေ့တိုင်း ဖြစ်နိုင်ရင် မနက်စောစော အိပ်ယာနိုးတာနဲ့ လေကောင်းလေသန့်ရှူပြီး အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးပါ။ တရားထိုင်တာပါလုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

စိတ်ပင်ပန်းစေတဲ့အရာတွေကိုချရေးပါ

သူများကိုရင်ဖွင့်လိုက်မှ စိတ်ပေါ့သွားတာမဟုတ်ပါဘူး။ ကိုယ့်စိတ်ပင်ပန်းစေတဲ့အရာတွေကို ချရေးလိုက်ပါ။ ကိုယ်ပြောချင်တာ၊ မကျေနပ်တာ၊ ဝမ်းနည်းတာ အားလုံးကိုချရေးလိုက်ပါ။ စိတ်ပေါ့ပါးသွားပါလိမ့်မယ်။ ပြီးရင်တော့ အတွေးထဲကနေ ထုတ်ပစ်လိုက်ပါ။

စိတ်တည်ငြိမ်စေတဲ့အရာတစ်ခုကိုလုပ်ကြည့်ပါ

စိတ်တည်ငြိမ်စေတဲ့အရာတစ်ခုခုကို သင်ယူပြီး လုပ်ကြည့်ပါ။ ဥပမာ – ပန်းချီဆွဲတာ၊ ချည်ထိုးတာ စသဖြင့် ကိုယ်လုပ်ချင်တာလေးတွေကို ကြိုးစားပြီးသင်ယူကြည့်ပါ။

photo source:www.freepik.com