သင်က လူတစ်ယောက်နဲ့ ပထမဆုံး ဒိတ်တဲ့အခါ Impression ကောင်းကောင်းရဖ်ို့ နည်းလမ်းတွေကို သိထားဖို့ လိုအပ်ပါတယ်။ သင်သဘောကျတဲ့ Crush နဲ့ First Date ဆိုရင် ပိုတောင် လိုအပ်ပါသေးတယ်။ ဘယ်သူမဆို ကိုယ်သွားတွေ့မယ့် လူတစ်ယောက်က ကိုယ့်ကို လေးစားပြီး အမှတ်ပြည့်ပေးတာကိုပဲ လိုချင်မှာပါ။ First Date မှာတည်းက Impression ကောင်းကောင်းရစေမယ့် နည်းလမ်းတွေကတော့-

၁။ ပြောမယ့် အကြောင်းကို ကြိုစဉ်းစားသွားပါ

လူတစ်ယောက်နဲ့ သွားဒိတ်တဲ့အခါ သူနဲ့ ဘာပြောသင့်လဲ ကြိုစဉ်းစားထားသင့်ပါတယ်။ ဘာမှမစဉ်းစားဘဲ သွားတွေ့ရင် ကြောင်အမ်းအမ်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ သင်ပြောမယ့်စကားကို အဆက်အစပ်မရှိ ရွတ်သွားလို့တော့ မရပါဘူး။ ပုံမှန် ရင်းရင်းနှီးနှီး သဘာဝကျကျ ပြောသင့်ပါတယ်။

၂။ အပြုသဘော ပြုမူပါ

တချို့က စိတ်လှုပ်ရှားကာ တဖက်သားကို အထက်စီး ဆန်ဆန် ပြောတတ်ကြပါတယ်။ သင့်နဂိုပုံစံအတိုင်း သူနဲ့ တွေ့တာနဲ့ ပြုံးပြကာ အပြုသဘောဆန်ဆန် စကားပြောသင့်ပါတယ်။ သူ့ကို နှိမ်တာမျိုး ရှောင်သင့်ပါတယ်။

၃။ ဖုန်းသိပ်မသုံးပါနဲ့

သင်က သူနဲ့ ဘာပြောရမှန်း မသိဘဲ စိတ်လှုပ်ရှားတာကြောင့် ဖုန်းပဲ သုံးနေတာမျိုး မလုပ်သင့်ပါဘူး။ သူက ဖုန်းပဲသုံးနေမယ်ဆိုရင်လည်း သင့်အနေနဲ့ ကြိုက်မှာ မဟုတ်ပါဘူး။ ဒိတ်နဲ့ စကားမပြောဘဲ ဖုန်းပဲ သုံးနေတာက ရိုင်းတဲ့အပြုအမူဘက် သွားပါတယ်။

၄။ အရင် Ex အကြောင်းကို စကားမဟပါနဲ့

ဘယ်ဒိတ်မှ အရင်ရည်းစားဟောင်းအကြောင်းကို မကြားချင်ကြပါဘူး။ အထူးသဖြင့် ယောကျာ်းလေးတွေပါ။ ပြောစရာစကားမရှိလို့ အရင်ရည်းစားဟောင်းအကြောင်း မပြောသင့်ပါဘူး။ ဒီလိုပြောတာက သင့် Impression ကို ကျစေပါတယ်။

၅။ အရမ်းရောတာမျိုး ရှောင်သင့်ပါတယ်

ပထမဆုံး ဒိတ်က ပေါ့ပေါ့ပါးပါးနဲ့ ပျော်ဖို့ကောင်းတာမျိုးပဲ ဖြစ်သင့်ပါတယ်။ သင်က သူ့ကို စိတ်ဝင်စားကာ သူ့အကြောင်းအတင်းလိုက်မေးတာမျိုး ရှောင်သင့်ပါတယ်။ စိတ်ထဲ ဘယ်လောက်ထိ ကြွေနေပါစေ အပြင်မှာ ထုတ်မပြတာ အကောင်းဆုံးပါ။

၆။ ဖော်ရွေပါ

သင်က သူ့ရှေ့မှာ Impression တက်ချင်ရင် သူကိုယ့်ကို ခင်လာအောင် ကြိုးစားသင့်ပါတယ်။ အဓိကက အချင်းချင်း ပေါင်းလို့ရကြောင်း Connection ရှိကြောင်း သူသိအောင် ပြဖို့ပါ။ သူ့ကို ရင်းရင်းနှီးနှီး စကားပြောသင့်ပါတယ်။

၇။ နားထောင်ပါ

သူပြောပြီး ကိုယ်ဘာပြောရမလဲ စဉ်းစားတဲ့အထဲ မပါတာက အကောင်းဆုံးပါ။ ဒီလိုပြောတာက Tension ပိုများစေပါတယ်။ သူပြောတာကို နားထောင်ကာ Flow အတိုင်း ပုံမှန်လေး ပြောသွားမယ်ဆိုရင် သင်တို့နှစ်ယောက်ကြားမှာ ရှိန်နေစရာလည်း မလိုတော့ပါဘူး။ မဟုတ်ရင်တော့ တစ်ယောက်နဲ့ တစ်ယောက် အင်တာဗျူးပုံစံပဲ ဖြစ်နေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar