အခုနောက်ပိုင်း ထွက်တဲ့ Disney ဇာတ်ကားတွေက ကြည့်တဲ့ ပရိတ်သတ်တွေ ရင်ထဲ ရောက်သွားစေမယ့် ဘဝသင်ခန်းစာ အမျိုးမျိုးကို ပေးလေ့ရှိပါတယ်။ Walt Disney Studio ကနေ ဇာတ်လမ်းတွေ ထုတ်ခဲ့တာ နှစ်ပေါင်း ၇၀ ကျော်သွားပါပြီ။

သူတို့ဆီက ထွက်တဲ့ ကာတွန်းကားတွေက အသက်အရွယ် အမျိုးမျိုးကို ပျော်ရွှင်မှုနဲ့ ရသမျိုးစုံ ပေးစွမ်းနိုင်ပါတယ်။ ဒီထဲမှာတော့ သင်ပြန်ကြည့်သင့်တဲ့ သင့်ကို ဘဝသင်ခန်းစာတွေ ပေးနေတဲ့ Disney ကာတွန်းကားကောင်းတွေကို ဖော်ပြထားပါတယ်။

၁။ The Princess And The Frog (အလုပ်နဲ့ ပျော်ရွှင်မှုကို မျှတစွာ ထားတတ်ဖို့)

ဇာတ်လမ်းထဲက မင်းသမီး Tiana ဟာ ဇာတ်ကားအစမှာ စားသောက်ဆိုင် ဖွင့်ဖို့ ဇောနဲ့ အလုပ်တွေကို နေ့မနား ညမနား လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မင်းသား Naveen နဲ့ တွေ့ပြီးနောက်မှာတော့ သူမရဲ့ ဖခင်ဟာ ပျော်ရွှင်တဲ့ ဘဝကို ရဖို့ ချစ်တဲ့သူတွေနဲ့ ဝန်းရံထားခြင်းဆိုတာ နားလည်သွားပါတယ်။ ဘယ်လောက်ပဲ အောင်မြင်ချင်ပါစေ မိသားစုနဲ့ အလုပ်၊ ပျော်ရွှင်မှုကို မျှတစွာ ထားသင့်ကြောင့် ဖော်ပြနေပါတယ်။

၂။ Ralph Breaks The Internet (သူငယ်ချင်းတွေဟာ တစ်ချိန်ချိန်မှာ ဦးတည်တဲ့ လမ်းကွဲပြားသွားနိုင်တယ်)

Ralph နဲ့ Vanellope ဟာ ပထမ အပိုင်းမှာတော့ အင်မတန်ခင်တဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ Vanellope လေးက ကားမောင်း ပြိုင်ပွဲဂိမ်းအသစ်ကို နှစ်သက်သွားခဲ့ပါတယ်။ ဒါကို သိတဲ့ Ralph က သူတစ်ယောက်တည်း ဖြစ်သွားမှာကို ကြောက်ရွံ့ခဲ့ပါတယ်။

ဒီကနေ မိတ်ဆွေတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေဟာ ဘယ်လောက်ထိ ခင်ခဲ့ပါစေ တစ်ချိန်ချိန်မှာ လမ်းကြောင်းမတူဘဲ လမ်းခွဲရနိုင်ပါတယ်။ ဒါပေမဲ့ ဒါက ပုံမှန်ပဲမို့ အဆင်ပြေသွားမယ်ဆိုတာ သင်ယုံကြည်ထားသင့်ပါတယ်။

၃။ Soul (လက်ရှိအချိန်ကို တန်ဖိုးထားတတ်ဖို့)

ဒီကာတွန်းကားထဲက Paul ဟာ သူဟိုးအရင်တည်းက စိတ်ကူးယဉ်ခဲ့တဲ့ တီးဝိုင်းအဖွဲ့ထဲကို ရောက်အောင် လုပ်ဖို့ ကြိုးစားရင်း ကံဆိုးစွာနဲ့ အသက်ဆုံးရှုံးကာ တမလွန်ဆီ ရောက်သွားခဲ့ပါတယ်။ ဒီနေရာကို ရောက်ပြီးချိန်မှ လူတွေဟာ လက်ရှိအချိန်မှာ ပျော်အောင် မနေနိုင်ကြတာကို သိလာပါတယ်။ သင့်အနေနဲ့ ဒီ ဇာတ်လမ်းကို ကြည့်ပြီးရင် လက်ရှိအချိန်ကို ပိုတန်ဖိုးထားတတ်လာပါလိမ့်မယ်။

၄။ Coco (ကိုယ့်မိသားစုကို အမြဲအမှတ်ရနေဖို့)

တစ်ခါတလေ ကိုယ် ယုံကြည်ရတဲ့ သူက ကိုယ့်ရဲ့ ရန်သူ ဖြစ်သွားတတ်ပါတယ်။ ဒါ့အပြင် မထင်ထားတာတွေက ကိုယ့်ဆီ ရောက်လာတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ခဲ့ပါစေ ကိုယ့်မိသားစုကို အမြဲ အမှတ်ရနေဖို့ ဒီဇာတ်လမ်းကြည့်ရင်း သိလာပါလိမ့်မယ်။

၅။ Meet The Robinsons (ရှေ့ဆက်သွားဖို့)

Meet The Robinsons ထဲမှာ Lewis ရဲ့ ဆောင်ပုဒ်က ရှေ့ဆက်သွားဖို့ဆိုတဲ့ ဆောင်ပုဒ်ပါ။ Lewis ဟာ သူ့ဘဝတစ်လျှောက် ကျရှုံးမှု များစွာကို မရေတွက်နိုင်အောင် ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ Lewis ဟာ အရှုံးမပေးဘဲ ကြိုးစားခဲ့တာကြောင့် အားလုံးအတွက် အကျိုးပြုပေးနိုင်တဲ့ တီထွင်မှုတွေကို လုပ်နိုင်ခဲ့ပါတယ်။

၆။ Cinderella (တစ်ပါးသူအပေါ် ကြင်နာတတ်ဖို့)

Cinderella ဟာ ဘယ်လောက်ပဲ ဒုက္ခရောက်ပါစေ သူတွေ့သမျှ တိရစ္ဆာန်လေးတွေအပေါ် ကြင်နာမှု မပျက်ကွက်ခဲ့ပါဘူး။ ဒီလို ကြင်နာတတ်တာကြောင့် သူမက Fairy Godmother နဲ့ တွေ့ခွင့်ရခဲ့သလို ကြွက်ကလေးတွေ၊ တိရစ္ဆာန်လေးတွေရဲ့ အကူအညီကိုပါ ရခဲ့ပါတယ်။

၇။ The Little Mermaid (ကလေးတစ်ယောက်ကို အပြစ်ပေးခြင်းဟာ မကောင်းတဲ့ဆီ ဦးတည်နိုင်တယ်)

ဇာတ်လမ်းထဲက Ariel ဟာ ၁၆ နှစ်အရွယ်အထိ ကုန်းပေါ်က ပစ္စည်းလေးတွေကို အမှတ်တရ ရှာဖွေစုဆောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒါကို သိသွားတဲ့ ဖခင် ဘုရင်ကြီး Triton ဟာ သူမရဲ့ ကြိုးစားမှုဖြစ်တဲ့ သူမရဲ့ စုဆောင်းမှုတွေကို မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးပစ်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ Ariel ဟာ ပင်လယ်စုန်းမကြီး Ursula နဲ့ အပေးအယူ လုပ်ခဲ့ပါတယ်။ သူမရဲ့ ဖခင်သာ သူမရဲ့ ပစ္စည်းတွေကို မဖျက်ဆီးပစ်ခဲ့ရင် ဒီလို ဖြစ်ချင်မှ ဖြစ်လာမှာပါ။

Photo Source: Pinterest

By MyStyle Myanmar