ဘဝမှာ မိဘတွေကပဲ ပေးနိုင်တဲ့၊ သူငယ်ချင်းတွေကပဲ ပေးနိုင်တဲ့ ဆုံးမစကားတွေ၊ ဘဝသင်ခန်းစာတွေ ရှိပါတယ်။ ဘဝမှာ သူငယ်ချင်းကောင်းတွေကို လိုအပ်ပါတယ်။ သင်လိုအပ်တဲ့ အချိန် အနားမှာ ရှိပေးမယ့် သူငယ်ချင်းတွေကပဲ ပေးနိုင်မယ့် ဘဝသင်ခန်းစာတွေ ရှိပါတယ်။ ဒီတော့ ဘယ်သင်ခန်းစာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ သင်က တစ်ယောက်တည်း မဟုတ်ကြောင်း သင်ပေးတယ်

သူငယ်ချင်းတွေ သင်ပေးတဲ့ အကောင်းဆုံး သင်ခန်းစာတွေထဲက တစ်ခုကတော့ သင်တစ်ယောက်တည်း မဟုတ်ကြောင်း သင်ပေးတာပါ။ သင် အထီးကျန်တဲ့အချိန်၊ ပင်ပန်းတဲ့အချိန်၊ ဝမ်းနည်းတဲ့အချိန်တွေမှာ သူငယ်ချင်းကောင်းတွေက အမြဲ အနားမှာ အဖော်ပြုပေးတတ်ပါတယ်။ ဒီအရာက သင့်ဆီမှာ သူငယ်ချင်း ရှိမှ သင်ယူနိုင်မှာပါ။

၂။ သင့်ကို ဘယ်လိုတော်အောင် နေရမလဲ သင်ပေးတယ်

သူငယ်ချင်းတွေက သင့်ဘဝ တိုးတက်လာဖို့ သင်ပေးတတ်ပါတယ်။ သူတို့ဆီက သင်က အတုယူနိုင်သလို၊ အကြံပေးစကားတွေကို ရနိုင်ပါတယ်။ သင့်ကိုယ်သင် ယုံကြည်မှု ရှိလာအောင်၊ ကြိုးစားချင်စိတ် ဖြစ်လာအောင် သူငယ်ချင်းကောင်းတွေက တွန်းပို့ပေးတတ်ပါတယ်။

၃။ လျို့ဝှက်ချက်တွေကို ပြောနိုင်ကြောင်း သင်ပေးတယ်

လူတိုင်းမှာ လူမသိစေချင်တဲ့ လျို့ဝှက်ချက်တွေ ရှိပါတယ်။ ငယ်ငယ်က သဘောကျတဲ့သူ ရှိခဲ့တုန်းက ဘယ်သူ့မှ မပြောဘဲ တိတ်တိတ်လေး နေခဲ့ဖူးမှာပါ။ သူငယ်ချင်းကောင်းတွေကတော့ လျို့ဝှက်ချက်တွေဆိုတာ ပြောလိုက်ရင် ပေါ့ပါးသွားကြောင်း သင်ပေးလေ့ရှိပါတယ်။

၄။ ဘယ်လိုတောင်းပန်ရမလဲ သင်ပေးတယ်

သူငယ်ချင်းနဲ့ ရန်ဖြစ်ပြီးနောက် မှားတဲ့သူက တောင်းပန်တာတွေ၊ ပြန်ချော့တာတွေ ရှိခဲ့ဖူးမှာပါ။ သူငယ်ချင်းကောင်းတွေက တောင်းပန်စကား ဆိုတတ်ဖို့ သင်ပေးတတ်ပါတယ်။

၅။ အရည်အသွေးက ပမာဏထက် ပိုအဓိကကျကြောင်း သင်ပေးတယ်

သင့်ဆီမှာ သူငယ်ချင်း အနည်းငယ်လောက်ပဲ ရှိရင်တောင် သူငယ်ချင်းကောင်း တစ်ယောက် နှစ်ယောက် ရှိရုံနဲ့ လုံလောက်ပါတယ်။ သူငယ်ချင်းကောင်းတွေက ပမာဏထက် အရည်အသွေးက ပိုအရေးကြီးကြောင်း သင်ပေးတတ်ပါတယ်။

၆။ တစ်ယောက်ယောက်ကို ဘယ်လိုယုံရမလဲ သင်ပေးတယ်

အခုခေတ်မှာ လူတွေကို ယုံဖို့ ခက်လာပေမယ့် သူငယ်ချင်းကောင်းတွေကတော့ ယုံကြည်ရဲဖို့ သင်ပေးလေ့ရှိပါတယ်။ ကိုယ့်ခံစားချက်တွေကို လွတ်လပ်စွာ ဖွင့်ပြောနိုင်ပြီး ယုံကြည်တတ်ဖို့ သူငယ်ချင်းကောင်းတွေက ပြောပြနေပါတယ်။

၇။ ကိုယ့်ပုံစံနဲ့ ကိုယ်နေရုံနဲ့ လုံလောက်ကြောင်း သင်ပေးတယ်

သင့်ရဲ့ ပုံစံအမှန်ကို သူငယ်ချင်းကောင်းတွေရဲ့ ရှေ့မှာပဲ ချပြနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့၊ ကိုယ့် ပုံစံအမှန်နဲ့ လောကကြီးကို ရင်ဆိုင်ရဲဖို့ သူငယ်ချင်းကောင်းတွေက သင်ပေးတတ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar