မိန်းကလေးတိုင်းလိုလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ နေထိုင်ချင်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့အခါ အရင်ထက် အခြားသူတွေနဲ့ ဆက်ဆံရေးပိုကောင်းလာပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း ပိုပွင့်လာတတ်ပါတယ်။ သင်က လက်ရှိထက် ယုံကြည်မှု ပိုတိုးလာစေဖို့ ဒီနည်းလမ်းတွေက ကူညီပေးပါလိမ့်မယ်။

၁။ သင်ပြောင်းလဲနိုင်ကြောင်း ယုံကြည်တာ

မနက်နိုးထတဲ့အချိန်တိုင်း ဒီနေ့က မနက်ဖြန်ထက် ပိုကောင်းမယ်ဆိုတဲ့ ယုံကြည်ချက် ထားသင့်ပါတယ်။ သင်လုပ်နိုင်တဲ့ အလုပ်တာဝန်တွေကို ပုံမှန်လုပ်ရင်း သင်အမှန်တကယ် ပြောင်းလဲနိုင်ကြောင်း သင့်ကိုယ်သင် ယုံကြည်သင့်ပါတယ်။

၂။ အားကစား တစ်ခုခုမှာ ထူးချွန်အောင် လုပ်တာ

သင်စိတ်ဝင်စားတဲ့ အားကစားနည်း တစ်ခုခုကို ရှာဖွေသင့်ပါတယ်။ ဒီအရာကို တွေ့တာနဲ့ ထူးချွန်အောင် ကြိုးစားသင့်ပါတယ်။ အားကစားနည်းတစ်ခုခုမှာ ထူးချွန်တာက သင့်ကိုယ်သင် ယုံကြည်မှု ရှိဖို့ ကူညီပေးပါလိမ့်မယ်။

၃။ ကူညီတတ်ဖို့ ကြိုးစားပါ

အကူအညီလိုနေတဲ့သူတွေကို ကူညီပေးလိုက်တဲ့အခါ သင့်ကိုယ်သင် ပိုလေးစားပြီး ပိုယုံကြည်မှု ရှိလာပါလိမ့်မယ်။ သင့်အချိန် အနည်းငယ်ကို တခြားသူတွေကို ကူညီဖို့ ဆုံးဖြတ်ပြီး ကြိုးစားသင့်ပါတယ်။

၄။ ပြုံးပါ

အရင်ထက် စိတ်ပိုကြည်လာဖို့ သင်သိတဲ့သူတွေနဲ့ တွေ့တိုင်း ပြုံးပြသင့်ပါတယ်။ လူတွေရှေ့ ပြုံးပြုံးလေးနေတာက သင့်ယုံကြည်မှုကို ပိုတက်စေသလို လူတွေအမြင်မှာလည်း သင်က ယုံကြည်မှု ရှိတဲ့ အမျိုးသမီး တစ်ယောက်လို့ ထင်ရစေပါတယ်။

၅။ အကောင်းမြင်စိတ်နဲ့တွေးပါ

ကံမကောင်းတဲ့ နေ့တွေမှာ အကောင်းမြင်စိတ်ရှိဖို့က တော်တော်ခက်ခဲပါတယ်။ ဒါပေမဲ့ ဘယ်အရာမဆို တစ်ချိန်ချိန် အဆင်ပြေသွားမယ်ဆိုပြီး သင့်ကိုယ်သင် အားတင်းကာ ယုံယုံကြည်ကြည် ဆက်လျှောက်သင့်ပါတယ်။

၆။ မိတ်ဆွေအသစ်ဖွဲ့ပါ

လူအသစ်၊ မိတ်ဆွေ အသစ်တွေနဲ့ တွေ့ဆုံတိုင်း သင့်အတွက် ရှုထောင့်တစ်မျိုးရပြီး အရင်ထက် ပိုသွက်လက်လာပါလိမ့်မယ်။ သူစိမ်းတွေနဲ့ မိတ်ဖွဲ့ဖို့ မကြောက်ဘဲ သူငယ်ချင်းတွေ ပိုများလာခြင်းက သင့်အတွေးကို ပိုကျယ်လာစေပြီး ပိုယုံကြည်မှု တိုးလာစေပါတယ်။

၇။ Workout လုပ်ပါ

Cardio, Lift Weight, Pilates စသဖြင့် Workout လုပ်နည်း အမျိုးမျိုးရှိပါတယ်။ ဒီထဲက သင်သဘောကျတဲ့ အားကစားနည်းတစ်ခုကို ရှာပြီး ပုံမှန်ပြုလုပ်သင့်ပါတယ်။ ဒီလိုလုပ်ပေးတာကြောင့် သင့်ခန္ဓာကိုယ် နဂို ထက် ပိုကျန်းမာလာပြီး ပိုလှလာကာ ပိုယုံကြည်မှု တိုးလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar