အားလုံးပဲ မင်္ဂလာပါ။ သီချင်းချစ်သူပရိသတ်များအနေနဲ့ ဘယ်လိုအချက်တွေကို အဓိကထားပြီး နားထောင်ဖြစ်ပါသလဲ။ အချို့ကတော့ ကိုယ်ကြိုက်တဲ့အဆိုတော်ရဲ့သီချင်းတွေ အကုန်လုံးကို ကြိုက်လိုက်တာပါပဲ။

အချို့ကလည်း အဆိုတော်စွဲမရှိဘဲ နားထောင်လို့ကောင်းတဲ့ သီချင်းမှန်သမျှကို ကြိုက်လိုက်ကြတာပါပဲ။ သင်ရော ဘယ်အထဲမှာ ပါပါသလဲ။

ကိုရီးယားနိုင်ငံမှာဆိုရင်လည်း အရည်အချင်းရှိပြီး ကျော်ကြားတဲ့ အဆိုတော်တွေကတော့ လက်ချိုးရေလို့ မကုန်နိုင်ပါဘူး။ ထိုအထဲမှာက အားလုံးက တစ်ခဲနက် အသိအမှတ်ပြုခံထားရတဲ့ အသံကာလာအကောင်းဆုံး အမျိုးသမီးအဆိုတော် ၇ ဦးကို ဖော်ပြပေးလိုက်ရပါတယ်။

Ailee

Ailee ကတော့ Vocal အသံအားကောင်းလွန်းပြီး ကိုရီးယား ဘီယွန်းစေးလို့တောင် တင်စားခေါ်ဝေါ်ခံထားရသူတစ်ဦးဖြစ်ပါတယ်။ သူမသီဆိုခဲ့ဖူးတဲ့ သီချင်းတွေထဲကမှ နာမည်ကြီး Goblin ဇာတ်ကားထဲက ဇာတ်ဝင်တေး I Will Go To You Like The First Snow ဆိုတဲ့ သီချင်းလေးကို နားဆင်နိုင်အောင် ထည့်ပေးထားပါတယ်။

IU

တောင်ကိုရီးယားက အသံကောင်းတဲ့ အမျိုးသမီးအဆိုတော်တွေကို ပြောမယ်ဆိုရင် IU ကတော့ ဘယ်လိုမှ ချန်ထားခဲ့လို့မရပါဘူးနော်။ တစ်ကိုယ်တော် အမျိုးသမီးအဆိုတော်တွေထဲမှာ ထိပ်တန်းက ရပ်တည်နေတဲ့ သူမရဲ့ သီချင်းတွေထဲက Strawberry Moon ဆိုတဲ့ သီချင်းလေးက အင်မတန်နားထောင်လို့ ကောင်းလှပါတယ်။

Rosé

BLACKPINK အဖွဲ့ရဲ့ Main Vocalist ဖြစ်တဲ့ Rosé ဟာလည်း အသံချိုချို ပိုင်ရှင်လေးဖြစ်ပါတယ်နော်။ ဘယ်လိုသီချင်းမျိုးကိုမဆို သူမအသံ၊ သူမစတိုင်လ်နဲ့ လိုက်ဖက်အောင် သီဆိုတတ်သူလေးပါ။

Taeyeon

ကိုရီးယားနိုင်ငံရဲ့ မိန်းကလေးအဖွဲ့တွေထဲမှာ Legend ဖြစ်တဲ့ Girls’ Generation အဖွဲ့ခေါင်းဆောင် Taeyeon ကတော့ သူမရဲ့အသံကြောင့်လည်း ကျော်ကြားသူဖြစ်ပါတယ်။ လက်ရှိမှာလည်း တစ်ကိုယ်တော်အဖြစ်ရပ်တည်နေပြီး သူမရဲ့သီချင်းတွေက တော်တော်လေး လူကြိုက်များပါတယ်။

Wendy

Red Velvet အဖွဲ့ရဲ့ Main Vocal ဖြစ်တဲ့ Wendy ဟာလည်း အသံချိုချိုပိုင်ရှင်လေးပါ။ အခု ဥပမာပြထားတဲ့ ဗီဒီယိုထဲမှာဆိုရင်လည်း နာမည်ကြီး Dream High ဇာတ်ကားထဲက IU ရဲ့ သီချင်းလေးကို ပြန်ပြီး Cover ဆိုထားတာဖြစ်ပါတယ်။

Su Hyun

AKMU အဖွဲ့ထဲက ညီမဖြစ်သူ Su Hyun ဟာဆိုရင်လည်း တကယ့်ကို အသံချိုချိုရှိသူလေးပါ။ သူမပြန်ပြီး Cover သီချင်းတွေဆိုရင်လည်း မူရင်းသီချင်းမကြိုက်ရင်တောင် ကြိုက်သွားစေရမှာပါ။ အခုဥပမာပြထားတဲ့ Top Of The World သီချင်းလေးကလည်း မူရင်းအဆိုတော်တွေနီးနီးကို သေချာလေးဆိုထားတာဖြစ်ပါတယ်။

Hyolyn

Sistar အဖွဲ့ဝင်ဟောင်း Hyolyn ကလည်း ထိပ်တန်းအမျိုးသမီးအဆိုတော်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူမအဖွဲ့နဲ့ သူမကိုယ်ပိုင်သီချင်းတွေသာမက Cover သီချင်းတွေဆိုလည်း ဘယ်လောက်ခက်ခက် ပိုင်နိုင်အောင် သီဆိုနိုင်တယ်ဆိုတာကို ဒီဗီဒီယိုလေးမှာ မြင်တွေ့နိုင်ပါတယ်။