အားလုံးပဲ မင်္ဂလာပါ။ ကိုးရီးယားလူမျိုးတွေက အသားအရေထိန်းသိမ်းမှု အလှအပနဲ့ ပတ်သက်ရင် အထူးဂရုစိုက်ကြတာ အားလုံးသိမှာပါ။ ကိုးရီးယားမငး်သား မင်းသမီးတွေကို ကြည့်လိုက်ရင် အသက်ကြီးတယ်လို့တောင် မထင်ရဘဲ အသားအရေစိုပြေဆဲပါပဲ။ ဒါကြောင့် တစ်နေ့ထက် တစ်နေ့ ပိုလှချင်တဲ့ ပျိုမေတွေအတွက် ကိုးရီးယား အလှအပ ထိန်းသိမ်းနည်း လျို့ဝှက်ချက်တွေကို ပြောပြပါရစေ။
၁။ မျက်နှာသစ်ခြင်း
ဒီအတွက် နည်းလမ်းက ရိုးရိုးရှင်းရှင်းတော့ မဟုတ်ပါဘူး။ အဆင့် (၃) ဆင့်ပါဝင်နေပါတယ်။ ပထမအဆင့်ကတော့ Makeup Remover မိတ်ကပ်ဖျတ်တာနဲ့ ဖုန်တွေ အညစ်အကြေးတွေကို ဖယ်ရှားတာပါ။ ဒုတိယအဆင့်ကတော့ အဆီဖယ်ရှားတဲ့ အလှကုန်တစ်မျိုးနဲ့ Sunscreen နဲ့ မိတ်ကပ်တွေကို ဖယ်ရှားပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ မျက်နှာသစ်ဆေးကို သုံးပါတယ်။
၂။ မျက်နှာကို နှိပ်နယ်ပေးတယ်
နှိပ်နယ်ခြင်းကို ကိုယ့်အိမ်မှာပဲ ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။ နဖူး၊ ပါးရိုး၊ မေးရိုးနဲ့ ပါးကို စက်ဝိုင်းပုံစံ မိတ်ကပ်ထပ်တဲ့ပုံစံမျိုးနဲ့ နှိပ်နယ်လို့ရပါတယ်။ ပုံမှန်နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကောင်းမွန်စေပြီး အသားအရေကောင်းမွန်စေပါတယ်။
၃။ Sunscreen
Korean အမျိုးသမီးတွေက နေလောင်ကာခရင်ကို အိမ်မှာနေတဲ့အချိန်လည်း ပုံမှန်လိမ်းပေးကြပါတယ်။ ဒါ့အပြင် အပြင်သွားတဲ့အချိန်မှာလည်း ဦးထုပ်၊ ထီးစတဲ့ အကာအကွယ်တွေနဲ့ သွားကြပါတယ်။
၄။ စိုပြေဝင်းလဲ့တဲ့အသားအရေ
စိုပြေတဲ့ အသားအရေရဖို့ ရေဓာတ်လုံလုံလောက်လောက်ရှိမှရမှာပါ။ ကိုးရီးယားအမျိုးသမီးတွေက ရေများများသောက်ပြီး အစိုဓာတ်ထိန်းခရင်တွေကို အလှကုန်တိုင်းလိုလိုမှာ ပါဝင်အောင် သုံးကြပါတယ်။ Mask ပုံမှန်ကပ်ပေးပြီး Mist ဖြန်းပေးကြပါတယ်။
၅။ ခရု
အလှကုန်တွေထဲမှာ Snail Product ဆိုတာ သင်တွေ့ဖူးမှာပါ။ Snail Product တွေက အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး စိုပြေတောက်ပစေပါတယ်။
၆။ ကိုယ်တွင်းကျန်းမာရေး
ပြင်ပကျန်းမာရေးအပြင် ကိုယ်တွင်းကျန်းမာရေးကိုပါ ကိုးရီးယားအမျိုးသမီးတွေက ဂရုစိုက်ကြပါတယ်။ မှန်ကန်တဲ့ စားသောက်နည်း၊ အိပ်ချိန်ပုံမှန်ထားတာ၊ ဗီတာမင်လုံလုံလောက်လောက်မှီဝဲတာ စတာတွေကို ပုံမှန်လုပ်ပေးပါတယ်။
၇။ ချေးချွတ်ခြင်း
ကိုးရီးယားအမျိုးသမီးတွေက အသားအရေကိုပုံမှန် ချေးချွတ်ပေးကြပါတယ်။ တစ်ပတ်မှာ တစ်ကြိမ်ကနေ နှစ်ကြိမ်ပြုလုပ်ပြီး Scrub နဲ့ ချေးချွတ်ပေးတာပါ။
Photo Source: Pinterest
By MyStyle Myanmar