မင်္ဂလာပါ ပျိုမေတို့ရေ။ လက်မှာ အထာကျကျ တက်တူးတွေထိုးထားတဲ့ Cool Girl လေးတွေရှိကြလား။ မိန်းကလေးတွေက ယောကျ်ားလေးတွေနဲ့ယှဉ်ရင် လက်တစ်လျှောက် တက်တူးခပ်ကြီးကြီးထိုးတာမျိုး တွေ့ရနည်းပေမယ့် တကယ်တမ်း ဒီလိုတက်တူးတွေက မိန်းကလေးတွေနဲ့လည်း အရမ်းလိုက်ပါတယ်။ အင်္ကျီလက်ပြတ်လေးဝတ်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှာလည်း ဆွဲဆောင်မှုရှိနေမှာဖြစ်လို့ တက်တူးထိုးဖို့ စဉ်းစားနေတယ်ဆိုရင် လက်မောင်းနဲ့လက်ကောက်ဝတ်တွေပေါ် ထိုးကြည့်တာ မမှားပါဘူး။ ဒီတစ်ခေါက်မှာတော့ လက်မှာတက်တူးရှိတဲ့ ပျိုမေတို့ ဓာတ်ပုံရိုက်တဲ့အခါ တက်တူးလေးထင်းပြီး အထာပိုကျစေမယ့် Pose ပေးနည်းတွေကို ဖော်ပြပေးသွားမှာပါ။ ဓာတ်ပုံရိုက်တိုင်း လက်ကို ဘယ်မှာထားရမလဲမသိတဲ့သူတွေအတွက်ပါ အသုံးဝင်စေမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်ပါ။

၁။ မျက်နှာကိုအသားပေးတာထက် တက်တူးတွေပဲပေါ်ချင်တယ်ဆိုရင် ပုံထဲကလို လက်နဲ့ကွယ်ပြီး ရိုက်လိုက်ရုံပါပဲနော်။ လက်နဲ့ကွယ်ပြီး ရယ်နေတဲ့ပုံစံလေးဆိုရင် Snap ရိုက်လိုက်သလို Vibe ရတာမို့ သဘာဝလည်းဆန်ပါတယ်။


၂။ ထိုင်ပြီးရိုက်တဲ့အခါ လက်တွေကို ကင်မရာရှေ့ ဆန့်ထုတ်ထားလိုက်ပါ။ လက်ထုတ်ပြီး တစ်ဖက်ကိုငေးနေတဲ့ Pose လေးက ပုံထဲမှာပိုအထာကျစေမှာပါ။


၃။ သင့်ရဲ့တက်တူးထိုးထားတဲ့လက်ကို မြှောက်ပြီး ဆံပင်စည်း ဒါမှမဟုတ် သပ်နေတဲ့ပုံစံလုပ်ကြည့်ပါနော်။ ကင်မရာကို ခန္ဓာကိုယ်ဘေးဘက် ရှု့ထောင့်ကထားပြီး ရိုက်ရင် တက်တူးပိုပေါ်ပြီး အထာကျပါတယ်။


၄။ မေးထောက်ပြီးရိုက်တဲ့ Pose လေးကလည်း လက်မှာတက်တူးထိုးထားတဲ့သူတွေအတွက် ကွက်တိပါပဲ။


၅။ နောက်ထပ် Pose တစ်ခုက တက်တူးရှိတဲ့လက်ကို ခန္ဓာကိုယ်နဲ့မကပ်ဘဲ ဘေးဘက်ထုတ်ထားတဲ့ပုံစံမျိုးပါ။ လက်ပြတ်အင်္ကျီဝတ်ပြီး ရိုက်မယ့်သူတွေနဲ့ လိုက်ပါတယ်။ ပုံထဲကလို လက်ကိုဘေးမှာထောက်တာ ဒါမှမဟုတ် အပေါ်ကို မြှောက်လိုက်တာမျိုး လုပ်ပေးပါ။


၆။ ဆောင့်ကြောင့်ထိုင်ပြီးရိုက်တဲ့အခါ တက်တူးရှိတဲ့လက်ကို ကင်မရာဘက်အသားပေးပြီး ဆန့်ထုတ်ကာ ဒူးပေါ်တင်ထားကြည့်လိုက်ပါ။


၇။ Mirror Selfie ရိုက်မယ်ဆိုရင်တော့ ပုံထဲကလို ဖုန်းမကိုင်ထားတဲ့ဘက်ကို ရှေ့ထုတ်ပြီး ပေါင်ပေါ်တင်တာမျိုး လုပ်ပေးရုံပါပဲ။

Photo Source: Pinterest

By MyStyle Myanmar