သင်က ဆံမြိတ် Bang ထားဖူးသူဆိုရင် အမြန် ပြန်ရှည်စေချင်တဲ့ အချိန်တွေ ရှိဖူးမှာပါ​။ Bang လေးကို ချစ်မိနေပြီးမှ ကြာလာတော့ မကြိုက်တော့ဘူးဆိုတဲ့ အကျင့်ကို မိန်းကလေးအများစုမှာ တွေ့ရတတ်ပါတယ်။ Bang တစ်ခါညှပ်ဖို့ မိနစ်ပိုင်းပဲ ကြာပေမယ့် ပြန်ရှည်ဖို့တော့ ကမ္ဘာတစ်သိန်းလောက် စောင့်ရတတ်ပါတယ်။ သင့်မျက်နှာ နဲ့ Bang ညှပ်ပြီးမှ မလိုက်တာပဲ ဖြစ်ဖြစ်၊ Bang မထားချင်တော့လို့ပဲ ဖြစ်ဖြစ် ဆံမြိတ်ကြောင့် စိတ်အနှောင့်အယှက် နည်းနေစေဖို့ နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ စိတ်ရှည်ပါ

Bang အရှည်မြန်ဖို့ ဆိုပြီး ဖြတ်လမ်းနည်း မရှိပါဘူး​။ ဆံပင်ရှည်တာက နှေးလေ့ရှိပြီး တစ်လမှာ 0.5 လက်မ ဝန်းကျင်ပဲ ရှည်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ညှပ်လိုက်ပြီးမှတော့ စိတ်ရှည်ရှည်နဲ့ ပြန်စောင့်ဖို့ နည်းလမ်းတစ်ခုပဲ ရှိပါတယ်။

၂။ မှန်ကန်တဲ့ ဆံပင်ညှပ်ပညာ

သင့်အနေနဲ့ ဆံမြိတ်ကို အင်တာနက်ပေါ်က ဗီဒီယိုတွေကို အားကိုးပြီး ညှပ်တာမျိုး ရှောင်သင့်ပါတယ်။ ဆံပင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးမှ မှန်ကန်တဲ့ ဆံပင်အရှည် ညှပ်သင့်ပါတယ်။ ဒီလိုမှ နောင်တရတာ နည်းမှာပါ။

၃။ ကလစ်

ဆံမြိတ်က မျက်လုံးယားလာတာကြောင့် ဘေးဘက်သပ်ထားချင်ပေမယ့် မရပြန်တဲ့ အရှည်တစ်ခု ရှိပါတယ်။ ဒါကို ဖြေရှင်းဖို့ အထိရောက်ဆုံး နည်းလမ်းကတော့ ဆံမြိတ်ကို ကလစ်နဲ့ ညှပ်ထားတာပါ။

၄။ ခေါင်းပတ်

ခေါင်းပတ်ကလည်း Bang မချချင်တဲ့ အချိန် အသုံးဝင်တဲ့ Hair Product ပါပဲ။ ခေါင်းပတ်က ဆံပင်အကုန်လုံး သိမ်းပေးကာ ဆံမြိတ်ကို မပေါ်စေတော့ပါဘူး။

၅။ ဖြောင့်စက်ကို သုံးပါ

ဖြောင့်စက်က ဆံမြိတ် ပုံကျသွားဖို့ ကူညီပေးနိုင်ပါတယ်။ ဆံမြိတ်အတိုလေးအတွက် ဖြောင့်စက် သေးသေးလေးကို သုံးနိုင်ပါတယ်။ သင့်ဆီမှာ ဖြောင့်စက်မရှိရင် Hair Serum ဒါမှမဟုတ် Styling Product တစ်မျိုးကို သုံးနိုင်ပါတယ်။

၆။ တိပါ

သင်က ဆံမြိတ်ရှည်ချင်သူဆိုရင် ဒီအကြံပေးချက်က အဓိပ္ပာယ်မရှိ ဖြစ်နိုင်ပါတယ်။ Hair Stylist ကလည်း တခြားဆံပင်တွေနဲ့ ရောကာ ကြည့်ကောင်းသွားအောင် လုပ်ပေးနိုင်ပါတယ်။ အဖျားတိလိုက်မှ ဆံပင်က ပိုသပ်ရပ်သွားပြီး ဖွာနေတာတွေ ပါသွားမှာပါ။

၇။ ဖြစ်စဉ်ကို စောင့်ဆိုင်းပါ

ဆံမြိတ်ကြောင့် သင့်စိတ်အနှောင့်အယှက် ဖြစ်တာမှန်ပေမယ့် စောင့်ပေးရုံကလွဲရင် တခြားမရှိပါဘူး။

သင်က ပုံစံလှလှလေး လိုချင်သူဆိုရင် စောင့်နိုင်မှ အဆင်ပြေမှာပါ။ အပေါ်က နည်းလမ်းတွေက သင့်အတွက် Bang နဲ့ မလိုက်ပေမယ့် ဖြေရှင်းနည်း အချို့ ရသွားမယ်လို့ မျှော်လင့်မိပါတယ်။

Photo Source: Pinterest

By Mystyle Myanmar