သင်က Gym သွားဖို့ အဆင်မပြေတဲ့သူဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေကို ကိုယ့်အိမ်မှာပဲ ပြုလုပ်နိုင်ပါတယ်။ ဝိတ်လည်းကျချင်တယ်၊ အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်ချင်တယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေက အထိရောက်ဆုံးပါပဲ။
၁။ Jumping Jacks
Photo Source: Gyfcat.com
ဒီလေ့ကျင့်ခန်းက သင့်ကို ချွေးထွက်စေပြီး ဝိတ်ကျစေပါတယ်။ ပုံမှန် ငါးမိနစ်ပြုလုပ်ပေးရင် ရပါတယ်။
၂။ Squats
Photo Source: RobertBP.com
ထိုင်ထလေ့ကျင့်ခန်းကတော့ သင့်အတွက် ထိရောက်တာ သင်သိပြီးဖြစ်မှာပါ။ သင့်ခန္ဓာကိုယ်အောက်ပိုင်းကို သန်မာစေပြီး ဝိတ်ကျစေပါတယ်။ ထိုင်တဲ့အခါ အိမ်သာမှာ ထိုင်တဲ့ပုံစံနဲ့ တင်ပါးကို အားပြုပေးရပါမယ်။
၃။ Lunges
Photo Source: Gyfcat.com
ခြေထောက်တစ်ဖက်ကို ရှေ့ထွက်ပြီး 90 Degree ဒူးထောက်တဲ့ပုံစံ နေရပါမယ်။ ထိုင်ချပြီးတာနဲ့ နဂိုပုံစံ ပြန်သွားပေးရပါမယ်။ Lunges လေ့ကျင့်ခန်းကလည်း ခန္ဓာကိုယ် ကျစ်လှစ်စေပါတယ်။
၄။ Push up
ဒိုက်ထိုးတာက သင့်တစ်ကိုယ်လုံးနီးပါးကို သန်မာစေတဲ့ လေ့ကျင့်ခန်းပါ။ တကယ်လို့ ကြမ်းပြင်ပေါ် ဒိုက်ထိုးမရရင် နံရံနဲ့ ဒိုက်ထိုးတဲ့ပုံစံ လုပ်နိုင်ပါတယ်။
၅။ ပြေးတာ
Photo Source: Giphy.com
ပြေးဖို့အတွက် Sneaker တစ်ရံပဲ လိုအပ်ပါတယ်။ ပြေးတဲ့လေ့ကျင့်ခန်း်ကတော့ သင့်နှလုံးခုန်နှုန်းကို မြန်ဆန်စေပြီး ကျန်းမာသွက်လက်လာစေမယ့် လေ့ကျင့်ခန်းပါ။
၆။ Dead Lifts
Photo Source: The Lavender Lifestyle
ဒီလေ့ကျင့်ခန်းက တင်ပါးနဲ့ ခြေထောက်ကို သန်မာစေပါတယ်။ ခန္ဓာကိုယ်ကို တစ်တန်းတည်းထားပြီး အောက်ကိုငုံ့ချရမှာပါ။ ဒူးကို အနည်းငယ်ပဲ အားပြုပြီး နောက်ပြန်လှန်ကျသွားတာမျိုးမဖြစ်ရပါဘူး။ ပုံထဲကအတိုင်း အလေးတုံးမပါဘဲ ကိရိယာလွတ်ပြုလုပ်နိုင်ပါတယ်။ အခါ ၂၀ ပြုလုပ်နိုင်ပါတယ်။
၇။ Crunches
Photo Source: www.pinterest.ru
အိပ်ထမတင်လေ့ကျင့်ခန်းကလည်း သင့်ဗိုက်အပေါ်ပိုင်းအတွက် ထိရောက်တဲ့လေ့ကျင့်ခန်းပါ။