တချို့တွေက Relationship တစ်ခုမှာ အရမ်းကိုငြိတွယ်ပြီး ချစ်မိသွားပြီဆိုရင် အဲ့ဒီလူအတွက်ကလွဲလို့ ကျန်တာတွေက အရေးမကြီးတော့တာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ဒီလိုတွေဖြစ်လာရင် နစ်နာရတာ ကိုယ်ပါပဲ။ ဒါကြောင့် ဘယ်လောက်ချစ်ချစ် Relationship တစ်ခုအတွက်နဲ့ အရေးကြီးတဲ့ဒီအရာ ၇ ခုကိုတော့ မစွန့်လွှတ်သင့်ပါဘူး။

ကိုယ့်ကိုယ်ကိုချစ်ဖို့

Relationship တစ်ခုမှာ သူများကိုအရမ်းပုံအောပြီး ချစ်လိုက်မိရင် ကိုယ့်ကိုယ်ကိုချစ်ဖို့တောင် မေ့သွားကြပါတယ်။ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးဖြစ်ပါစေ။ ကိုယ့်ကိုယ်ကိုချစ်မှ၊ တန်ဖိုးထားမှသာ ခံစားရတာ၊ နာကျင်ရတာတွေ လျော့နည်းမှာပါ။

ကိုယ့်ကိုယ်ကိုအချိန်ပေးဖို့

လူတိုင်းမှာ ကိုယ်ပိုင်အချိန်ဆိုတာ ရှိသင့်ပါတယ်။ Relationship အတွက်နဲ့ပဲ အချိန်တွေကုန်နေရတာမျိုး၊ သူများကိုပဲ အချိန်တွေအကုန်ပေးတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကိုအချိန်ပေးဖို့ မမေ့ပါနဲ့။

ကျန်းမာရေး

လူတိုင်းအတွက် ကျန်းမာရေးက အရေးကြီးပါတယ်။ ကျန်းမာရေးကောင်းမှသာ အပြည့်အဝစိတ်ချမ်းသာ ပျော်ရွှင်ရမှာပါ။ ဒါကြောင့် ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ပါ။

ကိုယ်နှစ်သက်တာ

ရည်စားရသွားလို့ ဒီ Relationship တစ်ခုအတွက်နဲ့ ကိုယ်နှစ်သက်တာတွေကို စွန့်လွှတ်လိုက်တာမျိုး မဖြစ်ပါစေနဲ့။ လူတိုင်းမှာ ကိုယ်နှစ်သက်တာတွေ ရှိပါတယ်။ ကိုယ်သဘောကျနှစ်သက်တာလေးတွေကို လုပ်နေရရင် ပျော်ရွှင်နေကြတဲ့သူတွေချည်းပါပဲ။ ကိုယ့်ရည်းစားက ဒါတွေလုပ်တာမကြိုက်လို့ဆိုပြီး ချစ်တဲ့စိတ်နဲ့ ကိုယ်နှစ်သက်တာတွေကို စွန့်လွှတ်လိုက်ရတဲ့အထိ မဖြစ်ပါစေနဲ့။

အိမ်မက်၊ ရည်မှန်းချက်

ကိုယ့်အိမ်မက်တွေ၊ ရည်မှန်းချက်တွေကို ဘယ်လိုအကြောင်းကြောင့်နဲ့မှ အပြတ်မခံပါနဲ့။ ကိုယ့်ဘဝတက်လမ်းအတွက် ကိုယ်တိုင်ပဲလုပ်ဆောင်ရမှာပါ။ Relationship တစ်ခုအတွက်နဲ့ အိမ်မက်တွေ၊ ရည်မှန်းချက်တွေကို စွန့်လွှတ်လိုက်မယ်ဆိုရင် နစ်နာမယ့်သူက ကိုယ်တိုင်ပါပဲ။

မိသားစု

အချစ်ရေးနဲ့ယှဉ်လာရင် မိသားစုကိုတောင် စွန့်လွှတ်တာမျိုးက မဖြစ်သင့်ပါဘူး။ “blood is thicker than water” ပါ။ မိသားစုက အမြဲတမ်းမိသားစုဖြစ်နေမှာလည်း မပြောင်းလဲတဲ့အရာပါ။ relationship ကသပ်သပ်၊ family က သပ်သပ်ပါပဲ။ ဒါကို တစ်ချိန်လုံးလိုက်နှိုင်းယှဉ်ပြီး ပြောဆိုနေတဲ့သူမျိုးကို ရည်းစားတော်ထားမိရင်တော့ တစ်ဘဝလုံးစာလက်တွဲဖို့ သေချာစဉ်းစားသင့်ပါတယ်။

စစ်မှန်တဲ့သူငယ်ချင်း

သူငယ်ချင်းဆိုတာမျိုးက တစ်ယောက်မရှိလည်း နောက်ထပ် သူငယ်ချင်းအသစ်တွေက ထပ်ရနေအုံးမှာပါပဲ။ ဒါပေမယ့် ကိုယ့်အပေါ်တကယ်ကောင်းတဲ့ စစ်မှန်တဲ့သူငယ်ချင်းကတော့ ရှားပါတယ်။ ဒီလိုသူငယ်ချင်းမျိုးကိုရထားရင် တန်ဖိုးထားသင့်ပါတယ်။ ဒါကြောင့် relationship တစ်ခုအတွက်နဲ့ မစွန့်လွှတ်သင့်တဲ့အထဲမှာ စစ်မှန်တဲ့သူငယ်ချင်းလည်း ပါပါတယ်။

photo source:www.freepik.com