အလုပ်တစ်ခုက ကိုယ်မလုပ်ချင်တဲ့အလုပ်ဆိုရင် ပျင်းနေတတ်ပါတယ်။ တစ်ခါတလေ လုပ်ချင်တဲ့အလုပ်တစ်ခုကိုတောင် လုပ်ဖို့ ပျင်းနေတတ်ပါတယ်။ သင်က အလုပ်လုပ်ဖို့ ပျင်းပြီး တစ်နေ့တာကို ကိုယ်လုပ်ချင်တာတွေ မလုပ်ဖြစ်ဘဲ ကုန်ဆုံးသွားတယ်ဆိုရင်တော့ ဒါက မကောင်းပါဘူး။ ပျင်းနေတဲ့ စိတ်ကို ဒီအလေ့အကျင့်တွေနဲ့ ပြင်ဆင်ကြည့်ပါနော်-

၁။ ခြေလှမ်းသေးသေးလေးတွေကနေ စပါ

သင်လုပ်မယ့်အလုပ်ကို တာဝန်အကြီးကြီးလို့စိတ်ထဲမထားဘဲ ခြေလှမ်းသေးသေးလေးတွေအဖြစ် ခွဲခြမ်းစိတ်ဖြာလိုက်ပါ။ စာရင်းစစ်ရမယ်ဆိုရင် ကွန်ပြူတာစဖွင့်တာမျိုး၊ စာအုပ်ကို လှန်လိုက်တာမျိုးကနေ စကြည့်ပါ။


၂။ အရေးကြီးတာကို အရင်စလုပ်ပါ

အရေးကြီးတာကို အရင်ဆုံးလုပ်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အစောပိုင်းအချိန်က သင့်အတွက် အလန်းဆန်းဆုံးနဲ့ အလုပ်အပြီးဆုံး အချိန်မို့ပါ။ အရေးကြီးတာတွေလုပ်ပြီးနောက် သင် ပိုစိတ်အားထက်သန်လာပါလိမ့်မယ်။

၃။ နားပေးပါ

တစ်နေ့လုံး တောက်လျှောက်လုပ်တာမျိုး မဟုတ်ဘဲ ကြားထဲ နားချိန်တွေ ပေးသင့်ပါတယ်။


၄။ အနှောင့်အယှက်တွေကို ဖယ်ရှားပါ

သင့်ကို အချိန်ဆွဲစေတဲ့ ကွန်ပြူတာထဲက Website တွေကို Block ပစ်ပါ။ ဖုန်းကို ပိတ်ထားပါ။ ဒါမှမဟုတ် ဝေးဝေးမှာ ထားပေးပါ။

၅။ သန့်သန့်ရှင်းရှင်းထားပါ

ကိုယ်လုပ်မယ့် အလုပ်စားပွဲ/ အခန်းက ရှုပ်ပွနေတယ်ဆိုရင် ပျင်းတာထက် နှစ်ဆ ပိုသွားပါလိမ့်မယ်။ သင့်စိတ်ကိုရော၊ သင့်ဘေးပတ်ဝန်းကျင်ကိုပါ ရှင်းရှင်းလင်းလင်းထားသင့်ပါတယ်။


၆။ စိတ်အားတက်ကြွစရာကိုရှာဖွေပါ

သင့်ကို စိတ်အားတက်ကြွစေမယ့် စကားစုတွေ၊ သီချင်းတွေ၊ မိသားစု/ သူငယ်ချင်းတွေရဲ့ စကားသံကို ရှာဖွေသင့်ပါတယ်။

၇။ အလုပ်ကို ပျော်အောင်လုပ်ကြည့်ပါ


သင်ဒီအလုပ်ကို ပြီးတဲ့နောက် ပိုင်ဆိုင်ရမယ့် အကျိုးဆက်တွေကို စဉ်းစားပြီး ပျော်ရွှင်အောင်နေကြည့်ပါ။ ကိုယ်လုပ်တဲ့အလုပ်ကို ပျော်နေမှ မပျင်းရိဘဲ လုပ်နိုင်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar