တင်ထွက်ချင်လို့၊ တင်ပါးလုံးဝန်းချင်လို့ လေ့ကျင့်ခန်းတွေလုပ်နေပေမယ့် ဘာမှပြောင်းလဲမလာဘူး၊ မထိရောက်ဘူးလို့ ထင်နေတဲ့သူတွေအတွက် တင်ပါးလုံးဝန်းပြီး သိသိသာသာပြောင်းလဲလာစေမယ့် လေ့ကျင့်ခန်း ၇ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း Squats ထိုင်ရပါမယ်။ လက်ကိုဆန့်ထုတ်ပြီး တစ်ဝက်ပဲထိုင်ရမှာပါ။ လုပ်ရမယ့်အကြိမ်အရေအတွက်ကတော့ အကြိမ် ၂၀ ပါ။

ပုံမှာပြထားတဲ့အတိုင်း ခြေချောင်းတွေကို အပြင်ဘက်ကိုလှည့်ထားပြီး ထိုင်ထကို တစ်ဝက်ထိုင်လုပ်ရမှာပါ။ လုပ်ရမယ့်အကြိမ်အရေအတွက်ကတော့ ၁၅ ကြိမ်ပါ။

ပုံမှာပြထားတဲ့အတိုင်း လက်ကိုဆန့်ထုတ်၊ ဒူးလေးတုတ်ပြီး ထိုင်ထလုပ်ရမှာပါ။ ထိုင်ချလိုက်တဲ့အချိန်မှာ ခြေဖနောင့်ကိုလည်း ကြွထားဖို့လိုပါတယ်။ လုပ်ရမယ့်အကြိမ်အရေအတွက်ကတော့ ၁၅ ကြိမ်ပါ။

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကိုမြှောက်လိုက်၊ ပြန်ချလိုက်နဲ့ အကြိမ် ၂၀ လုပ်ပေးရပါမယ်။ ဘယ်ခြေထောက် အကြိမ် ၂၀ ပြီးရင်၊ ညာခြေထောက် အကြိမ် ၂၀ လုပ်ပေးပါ။

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကိုသေချာတူအောင်လုပ်ပြီး ၅ ကြိမ် ၂ ခါ လုပ်ပေးရပါမယ်။ ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ရမှာဆိုတော့ ဘယ်ခြေထောက် ၁၀ ကြိမ်၊ ညာခြေထောက် ၁၀ ကြိမ် ဖြစ်သွားမှာပါ။

ပုံမှာပြထားတဲ့အတိုင်း ခြေဖနောင့်နဲ့ ဆန့်ထုတ်ထားတဲ့လက်နဲ့ အကွာအဝေးထိနေအောင်ထားပြီး အပေါ်ကိုကော့လိုက် ပြန်ချလိုက်နဲ့ အကြိမ် ၂၀ လုပ်ပေးရပါမယ်။

မတ်တပ်ရပ်နေရာကနေ ပုံမှာပြထားတဲ့အတိုင်း ပြောင်းလုပ်ပါ။ ပြီးရင် မတ်တပ်ပြန်ရပ်ပါ။ အဲ့အတိုင်း အကြိမ် ၂၀ လုပ်ရပါမယ်။ ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပါ။

Source: www.brightside.me