ကိုယ်လုပ်နေတဲ့အလေ့အကျင့်တွေက ကိုယ့်ရဲ့ကျန်းမာရေးကို သက်ရောက်မှုရှိပါတယ်။ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ပေးရပါမယ်။ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ အမှုမဲ့အမှတ်မဲ့ ပစ်ထားရင်တော့ အသက်ကြီးလာတဲ့အချိန် ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အမြဲကျန်းမာနေဖို့ ငယ်ရွယ်စဉ်ကတည်းက မွေးမြူထားသင့်တဲ့အကျင့်တွေကတော့-

၁။ ရိုးသားမှုရှိပါ


ကိုယ့်ကိုကိုယ်ရိုးသားမှုရှိတာ၊ လူအများအပေါ်ရိုးသားမှုရှိတာဟာ ကိုယ့်စိတ်ကို အမြဲကြည်လင်နေစေပါတယ်။ ရိုးသားတဲ့လူတစ်ယောက်က ညဘက် ကောင်းကောင်းအိပ်ပျော်နိုင်ပါတယ်။ မရိုးသားတဲ့လူတစ်ယောက်က ညဘက် အိပ်ပျော်ခဲ့ရင်တောင် မကောင်းမှုကြောင့် အမြဲစိတ်ဖိစီးနေတတ်ပါတယ်။

၂။ တရားထိုင်ခြင်း


တရားထိုင်တာက ဘာသာမရွေးလူမျိုးအားလုံး လေ့ကျင့်နိုင်တဲ့အရာတစ်ခုပါ။ တစ်နေ့မှာ မိနစ် ၂၀ လောက်အချိန်ပေးပြီး တရားထိုင်ဖြစ်ရင် အကောင်းဆုံးပါပဲ။

၃။ စားချိန်သောက်ချိန်ကို သတိထားတာ

တချို့လူတွေက အလုပ်လုပ်ရင်း ထမင်းစားတာ၊ တီဗီကြည့်ရင်း ထမင်းစားတာတွေလုပ်တတ်ပါတယ်။ တကယ်တော့ ကိုယ်စားတဲ့အစားအသောက်နဲ့ ကိုယ့်စိတ်နဲ့ ဆက်သွယ်နေသင့်ပါတယ်။ ထမင်းစားတဲ့အချိန် တခြားအာရုံံစိုက်စရာတွေ မထားဘဲ ထမင်းကိုပဲ အာရုံစိုက်ပြီး စားပေးပါ။

၄။ အသီးအရွက်များများစားပေးပါ


ကိုုယ်စားတဲ့အစားအသောက်မှာ အသီးအရွက်တွေပါအောင် စားပေးပါ။

၅။ ရေများများသောက်ပေးပါ


ရေဘူးတစ်ဘူးအမြဲဆောင်ထားပါ။ သတိရတိုင်း ရေသောက်ပေးပါ။

၆။ ဆက်ဆံရေး


တစ်ယောက်တည်းမနေပါနဲ့။ မိတ်ဆွေသူငယ်ချင်းတွေထားပါ။ သူတို့နဲ့ ခင်ခင်မင်မင်နေပါ။

၇။ အေရိုးဗစ်လေ့ကျင့်ခန်း


ကခုန်တာ၊ လမ်းလျှောက်ပေးတာ စတဲ့ လှုပ်လှုပ်ရှားရှားနေရတဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးပါ။ အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ တစ်ပတ်မှာ အနည်းဆုံးသုံးကြိမ်လောက် လေ့ကျင့်ခန်းလုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar