သင်က သူငယ်ချင်းတွေ ပိုင်ဆိုင်ခြင်းကြောင့် ရနိုင်မယ့် ကျန်းမာရေး ရှုထောင့်က ကောင်းကျိုးတွေကို သိချင်မှ သိမှာပါ။ ဒီထဲမှာတော့ သူငယ်ချင်း ရှိခြင်းကြောင့် ရနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြထားပါတယ်။ သူငယ်ချင်း သံယောဇဉ်ဆိုတာ ကိုယ်က ချစ်ခြင်းမေတ္တာတွေ ရနိုုင်သလို ကိုယ်ကလည်း တခြားသူတွေကို ပေးနိုင်မယ့် အရာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတင်းပြောနိုင်သလို သူတို့က ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ စိတ်ဖိစီးမှု လျော့ကျစေတယ်

သူငယ်ချင်းတွေဟာ ကိုယ့်စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ ကိုယ့်အခက်အခဲတွေကို သူငယ်ချင်းတွေဆီမှာ ရင်ဖွင့်နိုင်ပါတယ်။ ဒီလို ရင်ဖွင့်နိုင်တာက ကျန်းမာရေး ညီညွတ်စေပါတယ်။ ခံစားချက်တွေကို မျိုသိပ်ထားတာထက် ရင်ဖွင့်လိုက်တာက ကျန်းမာရေးနဲ့ ပိုညီညွတ်စေပါတယ်။ စိတ်ဖိစီးမှုနည်းရင် နှလုံးကို ကျန်းမာစေပါတယ်။

၂။ လေ့ကျင့်ခန်း လုပ်ဖော်

ပုံမှန်အားဖြင့် မိတ်ဆွေတွေနဲ့ လေ့ကျင့်ခန်း လုပ်တာက တစ်ယောက်တည်း လုပ်တာထက် ပိုသာပါတယ်။ သင့်မှာသာ သူငယ်ချင်းတွေရှိရင် သူတို့နဲ့ လေ့ကျင့်ခန်း လုပ်ဖို့ အဖော်ညှိနိုင်ပါတယ်။ အဖော်ရှိရင် လေ့ကျင့်ခန်းကို ပိုလုပ်ဖြစ်စေပါတယ်။

၃။ ဘေးမှာ ရှိပေးတယ်

သင့်သူငယ်ချင်းတွေက သင့်ရဲ့ Diet, Budget, ချိန်းဆိုမှု စတာတွေမှာ အတူ လိုက်ကူပေးနိုင်ပါတယ်။ သူတို့က သင့်ဘဝကို မျှတမှုရှိအောင် ကူညီပေးနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အနားမှာ ကူညီပြီး တာဝန်ယူပေးနိုင်တဲ့ သူငယ်ချင်းရှိတာက ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။

၄။ ပျော်ဖို့ကောင်းတယ်

ပျော်ရွှင်ခြင်းကို ကျန်းမာရေး ကောင်းဖို့ လိုအပ်ပါတယ်။ သူငယ်ချင်းနဲ့ အတူ ရယ်မောနိုင်ခြင်းဆိုတာ ဆုတောင်းသင့်တဲ့ ဆုလာဒ်တစ်ခုပါ။ သင်က များများ ရယ်မောမယ်ဆိုရင် စိတ်ဖိစီးမှု လျော့ကျနိုင်ပါတယ်။

၅။ အကြံဉာဏ်

သူငယ်ချင်းတွေဟာ ကိုယ့်အတွက် အကြံပေးတိုင်ပင်ဖော်တွေ ဖြစ်နိုင်ပါတယ်။ သူတို့က သင့်ကို ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ကူညီပေးပါတယ်။ ဒါကြောင့် မဆုံးဖြတ်တတ်ဘဲ စိတ်ဖိစီးနေတာကနေ သူငယ်ချင်းတွေက ကာကွယ်ပေးပြီး သင့်စိတ်ကို နာကျင်စေမယ့် ဆုံးဖြတ်ချက် အဆိုးတွေကိုပါ တားဆီးရာ ရောက်ပါတယ်။

၆။ နေ့စဉ်ပေါင်းသင်းဆက်ဆံရေး

သူငယ်ချင်းတွေဟာ သင့်ကို ပေါင်းသင်းဆက်ဆံရေး ကောင်းအောင် သင်ကြားပေးနိုင်ပါတယ်။ ကျွန်မတို့ဟာ တစ်ယောက်တည်း နေဖို့ မွေးဖွားလာတာမဟုတ်ဘဲ ဒီလို နေခြင်းက ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

၇။ ငြိမ်းချမ်းစိတ်

သင်ဒုက္ခရောက်တဲ့အချိန် သင့်သူငယ်ချင်းတွေ အနားမှာ ရှိနေတာပဲ ဆိုတဲ့ စိတ်က သင့်ကို စိတ်အေးချမ်းမှု ပေးနိုင်ပါတယ်။ ဒီလိုအတွေးကြောင့် သင့်စိတ်ဟာ ပိုအေးချမ်းပြီး ပိုပျော်ရွှင်နေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar