ပျော်ရွှင်ဖို့ ကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ စုံတွဲတွေလည်း စကားများတတ်ကြပါတယ်။ သူတို့ စကားများတဲ့ကိစ္စတွေက သာမန် လုပ်နေကျ ကိစ္စတွေနဲ့ ပတ်သက်ပြီး များကြတာပါ။ သင်က ပျော်ရွင်ဖွယ် အိမ်ထောင်ရေး၊ အချစ်ရေးကို ပိုင်ဆိုင်ထားရင်တော့ အောက်ဖော်ပြပါ ပြဿနာတွေကို ကြုံရနိုင်ပါတယ်။

၁။ ဘယ်ဆိုင်မှာ စားရမလဲ စဉ်းစားမရတာ

သင်က ဘယ်ဆိုင်မှာ စားစားရတယ် ပြောလေ့ရှိပေမယ့် သင့်ကောင်လေး ပြောတဲ့ မုန့်ဆိုင်ကိုတော့ သွားချင်လေ့မရှိပါဘူး။ ဒီလို အချိန်ဆိုရင် သင့်ကောင်လေးက ဘာလို့ ဘာစားစား ရတယ် ပြောလဲ သင့်ကို ပြဿနာ ရှာပါလိမ့်မယ်။ စားဖို့ ဆိုင်ရွေးတာက ဆုံးဖြတ်ချက် ကြီးကြီးမားမား မဟုတ်ပေမယ့် ဒါနဲ့ပဲ ပြဿနာ ဖြစ်လေ့ရှိပါတယ်။

၂။ ဘယ်ဇာတ်လမ်းတူတူ ကြည့်မလဲ

သင်က သူနဲ့ အတူတူ ဇာတ်လမ်း Series တစ်ခု ကြည့်တယ်ဆိုပါတော့။ သူအလုပ်သွားတဲ့ အချိန် သင်က ဘာလုပ်ရမှန်း မသိတာနဲ့ စောကြည့်မိလား။ ဒီလိုဆိုရင်တော့ သူ သင့်ကို စိတ်ဆိုးမှာ ကြောက်လို့ ဖုံးကွယ်ရပါတော့မယ်။ ဒါကလည်း ပျော်ရွှင်တဲ့ စုံတွဲတွေ ကြုံရလေ့ရှိတဲ့ ပြဿနာ တစ်ခုပါပဲ။

၃။ အိမ်သန့်ရှင်းရေးလုပ်ဖို့ ဘယ်သူ့အလှည့်လဲ

သင်က ဒီတစ်ခေါက် ပန်းကန်ဆေးထားတာမို့ နောက်တစ်ခေါက် သင့်ကောင်လေး အလှည့်လို့ တွေးထားမှာပါ။ ဒါပေမဲ့ သင့်ကောင်လေးကလည်း ဒီတစ်ခေါက် သူမဆေးသေးဘူး ပြောနိုင်ပါတယ်။ ဘယ်သူ့အလှည့် ဖြစ်မလဲ ငြင်းခုံရတာက ပျော်ရွှင်တဲ့ စုံတွဲတွေရဲ့ ပြဿနာတစ်ခုပါပဲ။

၄။ ဘယ်လိုပုံစံ ဖက်ရမလဲ

သင်တို့ နှစ်ဦးက ဘယ်လောက်ပဲ ချစ်ပါစေ တစ်ခါတလေ ပွေ့ဖက်ရတာ အခက်အခဲ ဖြစ်တတ်ပါတယ်။ သင်က သူ့လက်မောင်းပေါ် အိပ်တဲ့အချိန် သူ့လက်မောင်းနာသွားတာ၊ သင့်ဆံပင်က သူ့ပါးစပ်ထဲ ဝင်သွားတာ စတာတွေက ပျော်စရာ ပြဿနာတွေပါပဲ။

၅။ ပိတ်ရက်မှာ ဘယ်ဘက်ဆွေမျိုးနဲ့ တွေ့ရမလဲ

သင်တို့ နှစ်ဦးက ပိတ်ရက်ကို အတူတူ ကုန်ဆုံးချင်တာကြောင့် အမျိုးသားဘက် ဆွေမျိုးနဲ့ တွေ့မလား၊ အမျိုးသမီးဘက် ဆွေမျိုးနဲ့ တွေ့ရမလား တွေးရပါတော့မယ်။ များသောအားဖြင့် ဒီဆွေမျိုးနှစ်ဘက်လုံး ဆုံတဲ့အချိန်က တစ်ချိန်တည်း ဖြစ်နေတတ်ပြီး ဘယ်သွားလို့ သွားရမှန်းမသိ ဝေခွဲရခက်လေ့ရှိပါတယ်။

၆။ ဘယ်တိရစ္ဆာန်မွေးမလဲ

သင်တို့ နှစ်ဦးက အတူတူနေရင် အိမ်မွေး တိရစ္ဆာန် တစ်ကောင်လောက် လိုချင်မှာပါ။ ဘယ်အကောင်လေးက ချစ်ဖို့ကောင်းလဲ ငြင်းရင်း ပြဿနာဖြစ်လေ့ရှိပါတယ်။

၇။ အပူအအေးကိစ္စ

သင်က အခန်း အအေး မခံနိုင်ပေမယ့် သင့်ကောင်လေးက အအေးကြိုက်ရင် တစ်ယောက်ကတော့ အနစ်နာခံရပါမယ်။ ဒီလိုလေးတွေ ငြိယူရတာကို ပျော်ရွှင်တဲ့ စုံတွဲတွေမှာ တွေ့ရတတ်ပါတယ်။

Photo Source: Pinterest

by MyStyle Myanmar