ဦးထုပ်ဆောင်းတဲ့အခါ ဆံပင်ကို ဘယ်လို လုပ်ရမလဲဆိုတာက စဉ်းစားရတဲ့ ကိစ္စတစ်ခုပါ။ ဦးထုပ်ပုံစံကလည်း Baseball Cap က စပြီး အနားကားတဲ့ ဦးထုပ် စသဖြင့် မျိုးစုံရှိပါတယ်။ ဦးထုပ်အားလုံးကတော့ ဝတ်တတ်ရင် ဝတ်တတ်သလို စတိုင်ကျတဲ့ ဦးထုပ်တွေ ချည်းပါပဲ။ ဒါပေမဲ့ ဦးထုပ်ပုံစံ အမျိုးမျိုးက ဆံပင်စတိုင်ကိုတော့ ရွေးလေ့ရှိပါတယ်။ ဦးထုပ်နဲ့ မလိုက်တဲ့ ဆံပင်စတိုင်လည်း ရှိပါတယ်။ ဖော်ပြထားတဲ့ ဆံပင်စတိုင်တွေကတော့ ဦးထုပ်အများစုနဲ့ လိုက်ဖက်လေ့ရှိပါတယ်။
နဂိုဆံပင်စတိုင်
ဦးထုပ်နဲ့ လိုက်တဲ့ ဆံပင်စတိုင်ကတော့ ကိုယ့်ရဲ့ ချလျက် ဆံပင်စတိုင်ပါပဲ။ ဘာမှမလုပ်ထားတဲ့ဆံပင်က ဦးထုပ်နဲ့ဆိုက ပိုလှသွားတတ်ပါတယ်။ ဆံပင်အတိုနဲ့ Step ကေ ကောင်မလေးတွေက Cap ဦးထုပ်နဲ့ လိုက်ဖက်ပြီး ဆံပင်အရှည်လေးတွေကတော့ ဦးထုပ် အဝိုက်တွေနဲ့ လိုက်လေ့ရှိပါတယ်။
ဆံပင် အကောက်အပြေလေးတွေ
ဆံပင်အကောက်ကိုမှ ပြေပြေလေး ကောက်ထားတဲ့ ပုံစံက ဦးထုပ် အများစုနဲ့ လိုက်ဖက်ပါတယ်။ Curling Iron နဲ့ ကောက်ကာ ဆံပင်ကို ဖြည်ချထားတဲ့ ပုံစံက ဦးထုပ်တွေနဲ့ အဆင်ပြေပါတယ်။
Fishtail Braid
ဆံပင် အမြင့်စည်းတာက ဦးထုပ်နဲ့ အဆင်ပြေလေ့မရှိဘဲ အနိမ့်စည်းတွေကပဲ ဦးထုပ်နဲ့ လိုက်ဖက်လေ့ရှိပါတယ်။ အနိမ့်စည်း ဖြစ်တဲ့ ငါးမြီး ကျစ်ဆံမြီးက လျှာထုပ် ဦးထုပ်၊ Beanie စတဲ့ ဦးထုပ်တွေနဲ့ လိုက်ပါတယ်။ သင်က ကျစ်ဆံမြီး မကျစ်တတ်ရင် ဆံပင်ဘေးစည်းပြီး ချထားနိုင်ပါတယ်။
ဆံပင်အောက်ဘက် ဆံထုံး
ဆံပင်ကို အောက်အနိမ့် ဆံထုံးကလည်း ဦးထုပ်တွေနဲ့ လိုက်ဖက်ပါတယ်။ ဆံထုံး အနိမ့်က မြင်းစီး ဦးထုပ်၊ Cloche ဦးထုပ်၊ Pillbox ဦးထုပ် စတာတွေနဲ့လည်း လိုက်ဖက်ပါတယ်။
ဘေးဘက် ဆံမြိတ်
ဆံမြိတ်အဖြောင့်က ဦးထုပ်အောက် ပိကာ ပုံမကျ ဖြစ်သွားနိုင်ပါတယ်။ ဘေးဘက်ဆံမြိတ်နဲ့ဆိုရင်တော့ ဘေးဘက်ထားကာ ဦးထုပ်အောက် စတိုင်ကျကျ ဖိထားနိုင်ပါတယ်။
ဦးထုပ်အောက် ဖွက်ထားတဲ့ စတိုင်
သင်က ဆံပင်အရှည် ပိုင်ဆိုင်ထားတယ်ဆိုရင် ဦးထုပ်အောက်မှာ ဆံပင်အတို ပုံစံ ဖန်တီးနိုင်ပါတယ်။ ဆံထုံး ပြေပြေလေး ထုံးကာ ဦးထုပ်အောက် ဖိထားနိုင်ပါတယ်။ ဒီစတိုင်က ဦးထုပ် အဝိုက်၊ ချည်ထိုး Beanie တွေနဲ့ လိုက်ဖက်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar