မင်္ဂလာပါ ပျိုမေတို့ရေ။ လေ့ကျင့်ခန်းလုပ်တဲ့အချိန် ဆံပင်တွေ မျက်နှာပေါ်ရောက်လာတတ်လို့ စိတ်ရှုပ်နေရတဲ့သူတွေရှိလား။ ဆံပင်ချွေးစိုနေတဲ့အချိန်က ဘက်တီးရီးယားပိုကပ်တတ်တာမို့ မျက်နှာနဲ့ထိမိရင် အညစ်အကြေးတွေစုပြီး ချွေးပေါက်ပိတ်တာ၊ ဝက်ခြံထွက်တာတွေဖြစ်လာမှာပါ။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ လေ့ကျင့်ခန်းလုပ်တဲ့အချိန် ဆံပင်ကချွေး မျက်နှာပေါ်မကျအောင် ပင့်တင်ထားနိုင်မယ့် Hairstyle ပြင်နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ခေါင်းလည်းရှင်းသလို Selfie ရိုက်မယ်ဆိုရင်လည်း ပုံမပျက်ဘဲ ကြည့်ကောင်းနေမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-
Top Knot
 
 
Ponytail ပုံစံ ဆံပင်အမြင့်စည်းပြီး ခေါင်းထိပ်မှာ တစ်ပတ်ရစ်လိပ်ကာ Bun ထုံးပေးရမယ့်ပုံစံပါ။ လုပ်ရအရမ်းလွယ်သလို လည်ပင်ရှင်းပြီး လေ့ကျင့်ခန်းလုပ်ရပိုကောင်းပါတယ်။
Tied Back With a Headband
 
 
Headband တွေက စတိုင်ကျသလို နဖူးပေါ်ဆံပင်မကျအောင် ကာပြီးသားလည်းဖြစ်ပါတယ်နော်။ ပုံထဲကလို Headband ပတ်ပြီး အနောက်ဆံပင်ကို ထုံးထားလိုက်ပါ။
Braided Headband

ကျစ်ဆံမြီးနှစ်ဖက်ကျစ်ပြီး အပေါ်ကိုလိမ်ကာ ဘီးကုပ်ပုံလေး ပြန်စည်းထားတာကလည်း အမြင်တစ်မျိုးဆန်းပြီး အရှေ့ရော အနောက်ပါ ကြည့်လို့လှပါတယ်။
Ponytail Braid
 
 
နောက်ထပ်ပေါ့ပေါ့ပါးပါး လုပ်နိုင်မယ့် ဆံပင်ပုံလေးက ဆံပင်ကို အမြင့်စုစည်းပြီး ကျစ်ဆံမြီးကျစ်ပေးရမှာပါ။ အားကစားသမားတွေ စည်းလေးရှိတဲ့ စတိုင်ဖြစ်ပြီး လုပ်ရလည်း လွယ်ပါတယ်။
Double Buns
 
 
ဆံထုံးအသေးလေး နှစ်ဖက်ထုံးကြည့်ပါနော်။ လူငယ်ဆန်ပြီး ချစ်စရာကောင်းတဲ့ Hairstyle လေးရမှာပါ။
Twisted Bun
ရိုးရိုးရှင်းရှင်း Twisted Bun လေးကလည်း လုပ်ရလွယ်ပြီး သက်တောင့်သက်သာဖြစ်ပါတယ်နော်။ လိမ်ပြီး ထုံးထားရုံပဲမို့ တင်းတင်းကြီး မစည်းချင်သူတွေအတွက်လည်း အဆင်ပြေမှာပါ။
Double French Braids
 
 
ကျစ်ဆံမြီးကိုမှ ငါးရိုးပုံစံ နှစ်ဖက် ကပ်ကပ်လေးကျစ်တာကလည်း မျက်နှာရှင်းပြီး ကြည့်ကောင်းတာမို့ လေ့ကျင့်ခန်းလုပ်မယ့်သူတွေနဲ့ ကွက်တိပါပဲ။
Photo Source: Pinterest, Byrdie, Stylecraze
By MyStyle Myanmar
 
											
				 
									

 
				 
				 
				 
				 
				 
				 
				 
				 
				 
				 
				