ဆံပင်ဖြီးတဲ့ပုံစံက မှားယွင်းနေရင်လည်း ဆံသားထိခိုက်ပျက်စီးတာတွေ ဖြစ်နိုင်တယ်ဆိုတာကို သိပ်ပြီး သတိမထားမိကြတာ များပါတယ်။ ဒါကြောင့် ကိုယ်တိုင်မသိပဲ လုပ်နေမိတာတွေက မှားနေတာတွေဖြစ်နေရင် အချိန်မှီပြင်ဆင်လို့ရအောင် သင့်ဆံသားကို ပိုပြီးပျက်စီးလာအောင်လုပ်နေမိတဲ့ ဆံပင်ဖြီးပုံအမှား ၇ ခုကို ပြောပြပေးလိုက်ပါတယ်။

ဆံပင်အဖျားတွေကိုပဲဖြီးနေခြင်း

ဆံပင်ဖြီးမယ်ဆိုရင် တစ်ခေါင်းလုံးကို ရှင်းပြီးဖြီးပါ။ အဖျားတွေကိုပဲ အလွယ်ဖြီးမယ်ဆိုရင် ထိပ်ပိုင်းတွေက ရှုပ်ထွေးပြီး ဖွာတာ၊ ငြိတာတွေ ဖြစ်လာပါမယ်။ ပြန်ဖြီးတဲ့အခါမှာ ဆံပင်တွေကျွတ်ပါလာပါလိမ့်မယ်။

Direction မှားနေခြင်း

ဆံပင်ကို တော်တော်များများက အရင်းကနေ အဖျားကို ဖြီးချကြတာ များပါတယ်။ ဒီလိုဖြီးတာက ဆံသားပျက်စီးတာ၊ ပျက်ထွက်တာတွေ ဖြစ်တတ်ပါတယ်။ အကောင်းဆုံးကတော့ ဆံပင်ဖြီးရင် အဖျားကနေ ဖြေးဖြေးချင်းစီ အပေါ်ကိုတက်သွားပြီး ဖြီးပေးပါ။

ဘီးရွေးချယ်မှု

ကိုယ်က ဆံပင်ဖြောင့်တဲ့သူဆိုရင် ဖြောင့်ထားတဲ့ဆံသားအတွက် ကောင်းတဲ့ဘီးကို ရွေးသုံးပါ။ ကိုယ်က ဆံပင်ကောက်ထားတယ်ဆိုရင် ကောက်ထားတဲ့ဆံသားအတွက် ကောင်းတဲ့ဘီးကို ရွေးသုံးပါ။ ဒီလို ကိုယ်ဆံသားနဲ့ ကိုက်ညီတာကို ရွေးသုံးမယ်ဆိုရင် ဆံသားပျက်စီးတာ၊ ကျွတ်တာတွေ သက်သာပါမယ်။

ခဏခဏခေါင်းဖြီးခြင်း

ခဏခဏခေါင်းဖြီးတာက ဆံသားနာပါတယ်။ ဆံပင်ပိုကျွတ်စေပါတယ်။ ဒါကြောင့် ခဏခဏ ခေါင်းဖြီးတတ်ရင် ဆင်ခြင်သင့်ပါတယ်။

ဆံပင်ရေစိုနေချိန်ဘီးကြဲသုံးပါ

ဆံပင်ရေစိုနေချိန်မှာ ပုံမှန်ပုံသွင်းရင် ဖြီးနေကျဖြစ်တဲ့ ဘီးတွေနဲ့ ဖြီးမယ်ဆိုရင် ဆံပင်ကျွတ်စေပါတယ်။ ဆံပင်ရေစိုနေချိန်ဖြီးမယ်ဆိုရင် ဘီးကြဲကိုသုံးပါ။

Hair Oil မလိမ်းပဲ ကောက်သားဆံပင်ကိုဖြီးခြင်း

ကောက်ထားတဲ့ဆံပင်ကို ခေါင်းဖြီးမယ်ဆိုရင် hair oil သေချာလိမ်းပြီးမှဖြီးပေးပါ။ ဒီတိုင်းဖြီးမယ်ဆိုရင် ဆံပင်တွေဖွာထွက်ပြီး ကျွတ်တာ၊ ငြိတာတွေ ဖြစ်ပါလိမ့်မယ်။ ဆံသားလည်း ပုံပျက်ပြီး ပျက်စီးစေပါတယ်။

ခေါင်းမလျှော်ခင်ဆံပင်မရှင်းထားခြင်း

ဆံပင်မရှင်းထားပဲ ခေါင်းတန်းလျှော်မယ်ဆိုရင် ဆံပင်တွေငြိပြီး ပိုကျွတ်ပါလိမ့်မယ်။ ဒါကြောင့် ခေါင်းမလျှော်ခင်မှာ ဆံပင်အရင်ရှင်းပါ။ ဒါမှ ဦးရေပြားကို massage လုပ်ရတာလည်း အဆင်ပြေမယ်၊ ဆံသားငြိတာ၊ ကျွတ်တာလည်း သက်သာမယ်၊ ခေါင်းလျှော်ပြီးရင်လည်း ဆံပင်ရှင်းရတာ သက်သာပါမယ်။

source:www.brightside.me