Gym သွားပြီး workout လုပ်ဖို့ အဆင်မပြေတဲ့သူတွေအတွက် အိမ်မှာပဲ အလွယ်တကူလုပ်လို့ရတဲ့ gym မှာလုပ်နေကျ workout 7 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1. Strengthening triceps

Gym မှာလုပ်နေကျဖြစ်တဲ့ strengthening triceps ကို အိမ်မှာလုပ်လို့ရပါတယ်။ ခုံတစ်လုံးယူပြီး လက်နဲ့ထောက်ကာ ပုံမှာပြထားတဲ့အတိုင်း လုပ်ပေးရုံပါပဲ။ လုပ်ပေးရမယ့် အကြိမ်အရေအတွက်ကတော့ အကြိမ် ၂၀ ပါ။

2. Squats

Squats ထိုင်တာကို အိမ်မှာလုပ်မယ်ဆိုရင် ပုံမှာပြထားတဲ့အတိုင်း နံရံကိုမှီပြီး လုပ်ပေးပါ။ ပုံထဲကအတိုင်း စက္ကန့် ၃၀ နေပေးပါ။ ပြီးမှ မတ်တပ်ပြန်ရပ်ပါ။ ပြီးရင် ပြန်လုပ်ပါ။ စုစုပေါင်း ၁၅ ကြိမ်လုပ်ပေးရပါမယ်။

3. Abs

Abs အတွက် gym မှာဆော့သလိုမျိုး အိမ်မှာဆော့မယ်ဆိုရင် ခုံမှာထိုင်ပြီး ပုံမှာပြထားတဲ့အတိုင်း လုပ်ပေးပါ။ အနည်းဆုံး ၁၅ ကြိမ်ကနေ အကြိမ် ၃၀ အထိ ကိုယ်လုပ်နိုင်သလောက် လုပ်ပေးပါ။

4. Weight

Gym မှာဆော့သလို weight တုံးနဲ့ အိမ်မှာဆော့ဖို့ weight တုံးမရှိရင် ရေအပြည့်ပါတဲ့ ရေသန့်ဘူးနှစ်ဘူးကိုကိုင်ပြီး လုပ်လို့ရပါတယ်။

5. Arms & Back

လက်မောင်းနဲ့ နောက်ကျောအတွက် gym မှာဆော့နေကျအတိုင်း အိမ်မှာဆော့မယ်၊ ဒါပေမယ့် စက်မရှိဘူးဆိုရင် towel ကိုသာသုံးလိုက်ပါ။ Towel နဲ့ ပုံမှာပြထားတဲ့အတိုင်း လုပ်ပေးရုံပါပဲ။

6. Dumbbell lunges

ဒီ workout ဆိုလည်း ဆော့ဖို့ weight တုံးမရှိရင် ရေသန့်ဘူးထက် ဝိတ်များပြီး လက်ကနေကိုင်လို့ရမယ့် ဒီဇယ်ပုံးလိုမျိုးဟာတွေနဲ့ ပုံမှာပြထားတဲ့အတိုင်း ဆော့ပေးလို့ရပါတယ်။

7. Push-up

Gym မှာဆော့သလို push-up လုပ်တဲ့အခါမှာလည်း အိပ်ယာမှာထောက်ပြီး ပုံမှာပြထားတဲ့အတိုင်း လုပ်ပေးလို့ရပါတယ်။