စိတ်အေးချမ်းပြီး ပျော်ရွှင်နေရင် အရာရာ အဆင်ပြေပါတယ်။ လူတစ်ယောက်မှာ အရေးအကြီးဆုံးက စိတ်ပါပဲ။ ဒါကြောင့် စိတ်အေးချမ်းပျော်ရွှင်စေမယ့် နည်းလမ်းကောင်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။

အနုပညာတစ်ခုခုလုပ်ပါ

ပန်းချီဆွဲတာလိုမျိုး အနုပညာတစ်ခုခုကို လုပ်ကြည့်ပါ။ စိတ်တည်ငြိမ်စေပြီး ကိုယ်သာဝါသနာပါရင် ပျော်ဖို့လည်းကောင်းပါတယ်။ ကိုယ်ကဘာနဲ့ပတ်သက်ပြီး ဝါသနာပါလည်းဆိုတာကို ရှာဖွေကြည့်ပါ။

သဘာဝကိုခံစားပါ

သဘာဝအလှတရားကိုခံစားကြည့်ပါ။ စိမ်းစိုပြီး လှပတဲ့နေရာတွေကို ခရီးသွားပါ။ စိတ်အေးချမ်းပျော်ရွှင်မှုကို ရရှိစေပြီး Stress တွေပါ ပျောက်စေပါတယ်။

ကစားပါ

ကလေးကစားကွင်းလိုမျိုး လူကြီးကစားလို့ရတဲ့နေရာတွေမှာ စိတ်ပြေလက်ပျောက် အားလုံးကိုမေ့ပြီး သွားကစားကြည့်ပါ။ သူငယ်ချင်းတွေနဲ့ ဂိမ်းကစားကြည့်ပါ။ ပျော်ရွှင်ရပါလိမ့်မယ်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက စိတ်အေးချမ်းတည်ငြိမ်မှုကို ပိုပြီးရရှိစေပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့ အကျင့်ကိုလည်း အခုကစပြီးလုပ်ကြည့်နော်။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတာပေါ့။

ပျော်ရွှင်မှုကိုသူငယ်ချင်းတွေနဲ့ခံစားပါ

ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို သူငယ်ချင်းတွေနဲ့ ဝေမျှခံစားပါ။ သူငယ်ချင်းရဲ့ပျော်ရွှင်မှုကိုလည်း အတူတူပျော်ရွှင်ပေးပါ။ ပျော်စရာတွေကို သူငယ်ချင်းတွေနဲ့အတူ လုပ်ဆောင်ပြီး ပျော်ရွှင်မှုကို ခံစားကြည့်ပါ။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးပျက်တာတွေများရင် စိတ်မကြည်မလင်ဖြစ်ပြီး နေရတာလည်းအဆင်မပြေတဲ့အတွက် ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ အိပ်ရေးဝအောင်အိပ်ဖို့လည်း မမေ့ပါနဲ့။

ခရီးသွားပါ

စိတ်အေးချမ်းပျော်ရွှင်မှုကိုလိုချင်ရင် ခရီးများများသွားပါ။ အလုပ်လုပ်ပါ။ ပိုက်ဆံစုပါ။ ပြီးရင် လှပတဲ့နေရာတွေ၊ သဘာဝတရားကို ခံစားလို့ရတဲ့ နေရာတွေကို ခရီးများများသွားပါ။