အားလုံးပဲမင်္ဂလာပါ။ ဓာတ်ပုံရိုက်တဲ့အချိန် ဘယ်လိုနေရင်လှမလဲဆိုတာက အမြဲရိုက်နေကျ ဖြစ်ဖို့လိုပါတယ်။ ဒါမှ ဘယ်လိုနေရင် လှတယ်။ ဘယ်လိုနေရင် မလှဘူးဆိုတာ သိမှာပါ။ သင်က ဓာတ်ပုံရိုက်တဲ့အချိန်တိုင်း စိတ်တိုင်းမကျဘူးဆိုရင် ဒီအချက်တွေကို သိထားဖို့လိုပါတယ်။

၁။ မေးနှစ်ထပ်မဖြစ်အောင် သတိထားပါ

ဓာတ်ပုံရိုက်တဲ့အချိန် မေးနှစ်ထပ်မပေါ်ရအောင် မေးစေ့ကို အောက်ဘက်ညွှန်ပြတဲ့ပုံစံမျိုး ငုံ့ချထားသင့်ပါတယ်။ ကင်မရာကို ကိုယ့် မျက်လုံး Level ထက် အမြင့်မှာထားသင့်ပါတယ်။ ကိုယ့်ဓာတ်ပုံကို ကြည့်သူတွေက အရပ်ပိုပုတယ်လို့ မထင်သွားရအောင် သတိထားသင့်ပါတယ်။

၂။ ဝတာ မမြင်ရအောင်

ကင်မရာရှေ့ရောက်ရင် ပိုဝသွားတတ်ပါတယ်။ မတ်တပ်ရပ်တဲ့အချိန် 45 Degree စောင်းပြီး ရပ်သင့်ပါတယ်။ ကိုယ့်ခါးကို ကင်မရာရှေ့ မှာ စောင်းတဲ့အနေအထားပါ။

၃။ မျက်နှာအဆီမပြန်ဖို့


ဓာတ်ပုံထဲမှာ အရောင်ဟပ်ပြီး အဆီပြန်မျက်နှာမဖြစ်ဖို့ သတိထားသင့်ပါတယ်။ သင်က အဆီပြန်တတ်တယ်ဆိုရင် ကိုယ့်ဖောင်ဒေးရှင်းကို Matte Type သုံးသင့်ပါတယ်။ ချွေးသုတ်ပေးပါ။ အဆီပြန်တာကို အဆီစုပ် စက္ကူနဲ့ ဖယ်ရှားနိုင်ပါတယ်။

၄။ အရိပ်ထဲမှာ မနေပါနဲ့


ဓာတ်ပုံလှလှရိုက်တတ်သူတွေက ဓာတ်ပုံလှဖို့ နေရောင်ခြည်လိုအပ်ကြောင်း သဘောပေါက်ထားကြပါတယ်။ နေရောင်က မလိုတဲ့အရိပ်ကိုလည်း ဖယ်ရှားပေးပါတယ်။

၅။ လေ့ကျင့်ပါ


မှန်ရှေ့မှာပြုံးတာ လေ့ကျင့်ပါ။ ဓာတ်ပုံထဲက ကိုယ့်အပြုံးက အသက်ဝင်နေဖို့ လိုပါတယ်။ မှန်ရှေ့မှာပြုံးတာလေ့ကျင့်တာက ဓာတ်ပုံရိုက်တဲ့အချိန် အပြုံးလှလှလေးပိုင်ဆိုင်စေပါတယ်။

၆။ ကိုယ်နဲ့ သက်တောင့်သက်သာဖြစ်တဲ့အဝတ်အစားကို ရှာဝတ်ပါ


သင်က သင့်အဝတ်အစားနဲ့ နေသားတကျမဖြစ်ဘူးဆိုရင် ဓာတ်ပုံရိုက်တဲ့အချိန် အူကြောင်ကြောင်ဖြစ်နေပါလိမ့်မယ်။ ကိုယ်သဘောကျပြီး သက်တောင့်သက်သာဖြစ်တဲ့ အဝတ်အစားဖြစ်ဖို့လိုအပ်ပါတယ်။

၇။ မိတ်ကပ်


ဓာတ်ပုံလှဖို့ မိတ်ကပ်ကလည်း လိုအပ်ပါတယ်။ ဒါပေမဲ့ အထူကြီးလိမ်းစရာမလိုပါဘူး။ သဘာဝဆန်ဆန် မိတ်ကပ်က အကောင်းဆုံးပါပဲ။

Photo Source: pinterest

By MyStyle Myanmar