အလုပ်တစ်ခုခု ကိစ္စတစ်ခုခုမှာ လုပ်ရတာ ပျော်ရွှင်တဲ့အခါ ဒီအလုပ်က လွယ်သွားတတ်ပါတယ်။ ဒီအရာကို အလုပ်တစ်ခုလို့ မသတ်မှတ်တော့ဘဲ အချိန်အကြာကြီး လုပ်လာနိုင်ပါတယ်။ ဝိတ်ချလေ့ကျင့်ခန်းတွေလုပ်နေတဲ့အချိန် မောပန်းခြင်းနဲ့ အတူတူ ပျော်ဖို့ကောင်းအောင် ဖန်တီးနိုင်ပါတယ်။ ဒီနည်းလမ်းတွေကတော့-

၁။ အားကစားနည်းတစ်ခုခုကစားပါ

တင္းနစ္၊ ဘေ့စ်ဘော၊ ဘတ်စကတ်ဘော၊ ဘောလုံးကန်တာ၊ ကြက်တောင်ရိုက်တာ စတဲ့ ကစားနည်းတွေထဲက သင်လုပ်တတ်တဲ့ တစ်ခုခုကို ရွေးချယ်ပါ။ အားကစားနည်းတွေက အသင်းအဖွဲ့နဲ့ ကစားရတာကြောင့် လုပ်လို့ လုပ်နေမှန်းတောင် သိမှာမဟုတ်ပါဘူး။


၂။ ကမ်းခြေသွားပါ

ကမ်းခြေသွားတာဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်အိမ်နားမှာရှိတဲ့ ရေကူးကန်ဖြစ်ဖြစ်သွားပါ။ ပြီးတာနဲ့ ရေကူးပါ။

၃။ ကခုန်ပါ

ကိုယ်ကြိုက်တဲ့ မြူးမြူးကြွကြွ သီချင်းတစ်ပုဒ်ဖွင့်ပြီး ကခုန်ပါ။ အကသင်တန်းတွေကို အွန်လိုင်းပေါ်က တက်ပါ။ ကတဲ့ဗီဒီယိုတွေကို ကြည့်ပြီး လိုက်ကပါ။

၄။ စက်ဘီးစီးပါ

ကိုယ့်အနီးအနားတစ်ဝိုက် သီချင်းလေး နားထောင်ရင်း စက်ဘီးပတ်စီးလို့ရပါတယ်။

၅။ လမ်းလျှောက်ပါ

ကိုယ့်မှာ ခွေးလေးတွေမွေးထားတယ်ဆိုရင် အတူတူ လမ်းလျှောက်ထွက်ပါ။ လေကောင်းလေသန့်ရှူရှိုက်ပါ။


၆။ Zumba ဆော့ပါ

Zumba က ဝိတ်ကျစေမယ့် နည်းလမ်းတွေထဲမှာ ပျော်ဖို့ကောင်းတဲ့နည်းလမ်းဖြစ်ပါတယ်။ Zumba ဆရာညွှန်ကြားတဲ့အတိုင်း သံစဉ်နဲ့ အတူ ကခုန်ပါ။

၇။ အပင်စိုက်ပါ


ကိုယ့်ခြံဝန်းထဲမှာ ကိုယ်တက်နိုင်သလောက် အပင်စိုက်ပေးပါ။ အပင်ရေလောင်းပါ။ အပင်တွေနားလမ်းလျှောက်ပါ။

ဒီနည်းလမ်းတွေကတော့ ပေါ့ပေါ့ပါးပါး ဝိတ်ချနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။ အစားအသောက်ကိုပါ ဂရုစိုက်ပြီး အပေါ်က အချက်တွေကို ကျင့်သုံးကြည့်ပါနော်။

Photo Source: Pinterest

By MyStyle Myanmar