ကမ္ဘာကျော် စာရေးဆရာနဲ့ Motivational Speaker ကြီး ဇစ်ဇဂ္ဂလာက ပြောဖူးပါတယ်။ “အောင်မြင်မှုအတွက် ပေးလိုက်ရတဲ့ အဖိုးအခဟာ ဆုံးရှုံးမှုရဲ့ အဖိုးအခထက် အများကြီးနည်းပါတယ်”တဲ့။ အောင်မြင်မှုဆိုတာ ကံကောင်းလို့ ရတာ မဟုတ်သလို ချမ်းသာတဲ့မိသာစုအသိုင်းအဝိုင်းက လာတိုင်း ၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်တိုင်း ရနိုင်တဲ့ အရာမျိုးလည်း မဟုတ်ပါဘူး။

အခု ခင်ဗျားမှာ ပိုက်ဆံတစ်ကျပ်မှ မရှိဘူးဆိုရင်တောင် အောင်မြင်တဲ့ဘဝတစ်ခု ပိုင်ဆိုင်နိုင်ပါတယ်။ ဒီဆောင်းပါးမှာ အောင်မြင်အောင် ပံ့ပိုးပေးနိုင်မယ့် အရာတွေ ရှိတယ်ဆိုတာကို ထိပ်တန်းရောက် အောင်မြင်သူတွေ ပြောခဲ့တဲ့ စကားလေးတွေ ပြန်ပြီး မျှဝေပေးချင်လို့ ဖြစ်ပါတယ်။

(၁) ပြင်းပြထက်သန်တဲ့ စိတ်

Multiethnic designers sitting together and working on laptops in coworking space

Photo: Freepik

“Passion (ပြင်းပြတဲ့ စိတ်ဇော) မရှိရင် Energy (အင်အား) မရှိဘူး။ Energy မရှိရင် ဘာမှ လုပ်လို့ မရဘူး Nothing” ပဲလို့ အခု အမေရိကန်နိုင်ငံရဲ့ သမ္မတကြီး ဖြစ်နေတဲ့ ဒေါ်နယ်ထရမ့်က ပြောဖူးပါတယ်။ Passion ဆိုတာ တခြားသူတွေ အိမ်ကို ပြန်သွားပြီး ပျော်သလို နေနေချိန်မှာ ခင်ဗျားက စိတ်အားထက်သန်စွာနဲ့ ဆက်လုပ်နေမိတဲ့အရာပါပဲ။

အောင်မြင်မှုဆီ သွားတဲ့ လမ်းကြောင်းမှာ ခင်ဗျားကို မောင်းနှင်ပေးမှာကလည်း Passion ပဲ ဖြစ်ပါတယ်။ ဒီလောင်စာကောင်းရင် ကောင်းသလောက် အမြင့်ကို ရောက်ပါလိမ့်မယ်။ ဒါကြောင့် အောင်မြင်ဖို့အတွက် ပထမသော့ချက်ဟာ ပြင်းပြထက်သန်တဲ့ စိတ်ဇောမနသီပါပဲ။

(၂) အတွေ့အကြုံ

Adult woman working at office

Photo: Freepik

အမေရိကန်စာရေးဆရာမကြီး ရီတာမေးဘရောင်းကတော့ အတွေ့အကြုံနဲ့ ပတ်သက်လို့ အခုလို မှတ်သားစရာလေးတစ်ခု ပြောဖူးပါတယ်။ “အမြော်အမြင်နဲ့ ဆုံးဖြတ်မှုမှန်သမျှက အတွေ့အကြုံကနေ လာတာပါ။ တစ်ခါတစ်လေတော့လည်း အတွေ့အကြုံဆိုတာ ရဖို့ တလွဲတချော်တွေလည်း လုပ်မိခဲ့တာပါပဲ”

ခင်ဗျား ပတ်ဝန်းကျင်မှာ မြင်နေကြားနေရတဲ့ အောင်မြင်ကျော်ကြားပုဂ္ဂိုလ်များမှာလည်း နောက်ခံအတွေ့အကြုံဆိုတာ ရှိခဲ့ဖူးတာပါပဲ။ မိုက်ကယ်ဂျော်ဒန်အောင်မြင်တယ်ဆိုတာ သူ့မှာ မြောက်များလှတဲ့ ဘတ်စကတ်ဘောကစားပွဲအတွေ့အကြုံတွေ ရှိခဲ့လို့ ၊ ဒေါ်နယ်ထရမ့် အိမ်ခြံမြေနဲ့ ချမ်းသာတယ်ဆိုတာလည်း ဒီနယ်ပယ်မှာ နှစ်အကြာကြီး ကျင်လည်ခဲ့လို့ပါ။ ပြောရရင် အတွေ့အကြုံဆိုတာ တန်ဖိုးဖြတ်လို့ မရတဲ့ အရာတစ်ခု ပါပဲ။

(၃) တမူထူးခြားတဲ့ စိတ်ကူးစိတ်သန်းများ

Pensive long-haired girl in glasses looking at laptop screen

Photo: Freepik

အိုင်ဒီယာဆိုတာ အောင်မြင်မှုရဲ့ အုတ်မြစ်တွေ ဖြစ်ပါတယ်။ “အောင်မြင်မှုဆိုတာ အိုင်ဒီယာတစ်ခုက စတင်တယ်” ဆိုတဲ့ စကားလည်း ရှိပါတယ်။ အိုင်ဒီယာရဲ့ ထူးခြားတဲ့ အားသာမှုတစ်ခုက အလကားရခြင်းပဲ ဖြစ်ပါတယ်။ ခင်ဗျားမှာ စူးစမ်းစပ်စုစိတ် ရှိလေလေ အိုင်ဒီယာကောင်းလေးတွေ ရလေလေပါပဲ။ တကယ်အောင်မြင်ဖို့အတွက်တော့ အဲ့ဒီအိုင်ဒီယာကို ကောင်းကောင်း အသုံးချရမှာ ဖြစ်ပါတယ်။

(၄) အလုပ်ကြိုးစားမှု

Group of people working out business plan in an office

Photo: Freepik

ကမ္ဘာကျော် တီထွင်မှုကဝေကြီး သောမတ်စ်အယ်ဒီဆင်က ပြောဖူးပါတယ်။ “လူအများစု အခွင့်အရေးနဲ့ လက်လွတ်ဆုံးရှုံးရတယ်ဆိုတာ အခွင့်အရေး‌ရောက်လာပုံက စိတ်ပျက်စရာကြီး အများကြီး အားထုတ်ကြိုးစားမှ ရမယ့်ပုံ ဖြစ်နေလို့ပါ” တဲ့။

ဝီရိယနဲ့ လုံ့လထုတ်ပြီး ကြိုးစားမှု မရှိရင် သာမန်သူလိုကိုယ်လိုဘဝကနေ ရုန်းထွက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အောင်မြင်ဖို့အတွက် နှစ်မြှပ်ကြိုးစားမှုတွေ လိုပါတယ်။ အတွေ့အကြုံနဲ့ ဉာဏ်ပညာတွေ လိုပါတယ်။ ဒီထဲမှာ တကယ်လက်တွေ့အကောင်အထည် ဖော်ချိန်မှာ ကောင်းကောင်းကြီး ကြိုးစားပမ်းစား အလုပ်လုပ်မှုလည်းဖို့ကလည်း အရေးတကြီးကို လိုအပ်တယ်ဆိုတာ သတိရသင့်ပါတယ်။

(၅) ယုံကြည်မှု သတ္တိ

Attractive black woman with short hair joking with friends at their workplace during break

Photo: Freepik

ယုံကြည်မှုနဲ့ စွန့်စားရဲတဲ့ သတ္တိမရှိရင် အောင်မြင်ဖို့ မလွယ်ပါဘူး။ ကိုယ်ဘယ်လောက်အထိ ကြီးပွားတိုးတက်နိုင်မလဲဆိုတာကို သိနိုင်ဖို့အတွက် ကိုယ့်ရဲ့ ယုံကြည်မှုကို လေ့ကျင့်ပေးပြီး ကိုယ့်သတ္တိကို အသုံးချရမှာ ဖြစ်ပါတယ်။ သတ္တိမရှိဘဲ ရတဲ့ အောင်မြင်မှု ဆိုတာ မရှိသလို ယုံကြည်မှုမပါဘဲ အောင်နိုင်တယ်ဆိုတာလည်း မရှိပါဘူး။

(၆) စူးစိုက်မှု

Young employees sitting in the office at the table and using a laptop, a team work brainstorming meeting concept

Photo: Freepik

အောင်မြင်မှုဆိုတာ ကိုယ်လိုချင်တဲ့ အရာအတွက် ကိုယ့်ရဲ့ ပြင်းပထက်သန်တဲ့ စိတ်ဆန္ဒတွေကို တစ်နေရာတည်းမှာ တိတိကျကျ စူးစိုက်ပြီး ကိုယ့်ရဲ့ စွမ်းအင်တွေကို နှစ်ထည့်လိုက်ခြင်းရဲ့ ရလဒ် ဖြစ်ပါတယ်။ Focus ပြတ်သားခြင်းဟာ အတားအဆီးတွေကို ကျော်လွှားပြီး ပန်းတိုင်ဆီ တိုက်ရိုက်သွားနိုင်အောင် ပံ့ပိုးပေးပါတယ်။

(၇) သံဓိဌာန်နဲ့ စည်းကမ်း

Group of casually dressed business people discussing ideas in the office

Photo: Freepik

“အောင်မြင်မှုဆိုတာ စိတ်အားထက်သန်မှု အကျမခံဘဲ အရှုံးပြီးရင်း အရှုံးတွေကို ဖြတ်သွားနေတာပါ” လို့ ဝင်စတန်ချာချီက ဆိုပါတယ်။ ဟုတ်ပါတယ်။ အောင်မြင်မှုဆိုတာ ခိုင်မာတဲ့ စိတ်နဲ့ သံဓိဌာန်တင်ပြီး စည်းကမ်းထား လုပ်သွားမှ ရနိုင်မှာ ဖြစ်ပါတယ်။ အခုပြောခဲ့တဲ့ အရည်အချင်းတွေ အားလုံးရှိမယ်ဆိုရင် လက်ထဲမှာ လောက်လောက်လားလား ပိုက်ဆံမရှိလည်း ခင်ဗျားဟာ အောင်မြင်မှုဆီ ရောက်နိုင်မှာပါ။