၁၉၄၀ ပြည့်လွန်နှစ်တွေမှာ မတော်တဆ တီထွင်မိရာကနေ မိုက်ခရိုဝေ့ဖ်တွေဟာ ခေတ်မီမီးဖိုချောင် အသုံးအဆောင် ဖြစ်လာပါတယ်။ မိုက်ခရိုဝေ့ဖ်နဲ့ ဟင်းလျာတွေ ချက်ပြုတ်တာ ၊ ချက်ပြီးသားတွေ ပြန်နွှေးတာမျိုးတွေ လုပ်ကြပါတယ်။ ဒါပေမဲ့ အခုပြောမယ့် အစားအစာတွေကတော့ မိုက်ခရိုဝေ့ဖ်နဲ့ ဘယ်တော့မှ ပြန်မနွှေးဘဲ ရှောင်ကြဉ်သင့်ပါတယ်။
(၁) ကြက်ဥပြုတ်
Photo: brightside
ပြုတ်ပြီးသား ကြက်ဥတစ်လုံးကို မိုက်ခရိုဝေ့ဖ်ထဲ ပြန်ပေါင်းမယ်ဆိုရင် ရေမော်လီကျူးတွေထဲကနေ ဖြစ်လာတဲ့ ရေငွေ့ဖိအားကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်နိုင်ပါတယ်။
(၂) မုန်လာဥနီ
Photo: brightside
မုန်လာဥနီကို မိုက်ခရိုဝေ့ဖ်နဲ့ အပူပေးချက်ပြုတ်ကြရာမှာ အခွံမသင်ထားတဲ့ ဥနီအကြမ်းတွေ မဖြစ်ဖို့ လိုပါတယ်။ ရေစင်အောင် ဆေးမထားရင် မုန်လာဥနီမှာ ကပ်ပါလာတဲ့ မြေဆီတွေကြောင့် မိုက်ခရိုဝေ့ဖ် ပျက်စီးသွားနိုင်လို့ ဖြစ်ပါတယ်။
(၃) ပြုပြင်ထားတဲ့ အသားများ
Photo: brightside
Processed Meats တွေဟာ ဆားတွေ ၊ ဓါတုပစ္စည်းနဲ့ တာရှည်ခံဆိုးဆေး ပမာဏမြင့်မားစွာ ပါဝင်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ မိုက်ခရိုဝေ့ဖ်ထဲမှာ ဒီအသားတွေ ပြန်နွှေးစားခြင်းဟာ ကိုလက်စထရောတက်စေပြီး နှလုံးထိခိုက်လာစေနိုင်ပါတယ်။
(၄) ရေ
Photo: brightside
မိုက်ခရိုဝေ့ခ်ထဲက လျှပ်စစ်သံလိုက်လှိုင်းနဲ့ ရေကို အပူပေးခြင်းဟာ ရေကို လိုတာထက်ပိုပြီး အပူလွန်ကဲစေပါတယ်။ အပူလွန်ကဲခြင်းဟာ ရေမော်လီကျူးစ်တွေ မတည်ငြိမ်ဖြစ်စေပြီး ပေါက်ကွဲမှုအထိ ဖြစ်နိုင်ပါတယ်။
(၅) ငရုတ်ပွ
Photo: brightside
ငရုတ်သီးတွေဟာ Capsaicin Level မြင့်မားစွာ ပါဝင်ပြီး မီးတောက်လွယ်ပါတယ်။ မိုက်ခရိုဝေ့ဖ်ထဲက လှိုင်းတွေနဲ့ Capsaicin ထိတွေ့ချိန်မှာ မီးခိုးထွက်ပြီး မီးလောင်နိုင်ပါတယ်။ မိုက်ခရိုဝေ့ဖ်ထဲက ထွက်လာတဲ့ မီးခိုးနဲ့မီးတွေကြောင့် အရေပြားယားယံခြင်းနဲ့ အနီပြင်ထတာမျိုး ဖြစ်တတ်ပါတယ်။
(၆) ကြက်သား
Photo: brightside
ကြက်သားကို ကောင်းကောင်းမချက်ရင် Salmonella ဘက်တီးရီးယားတွေ ပျံ့နှံ့လာစေနိုင်ပါတယ်။ မိုက်ခရိုဝေ့ဖ်ထဲမှာ ကြ်သားချက်မဆိုရင် အပြင်မှာ တိုက်ရိုက်မီးနဲ့ သေချာချက်တာလောက် စိတ်မချရပါဘူး။
(၇) ခရမ်းချဉ်သီးဆော့စ်
Photo: brightside
ခရမ်းချဉ်သီးဆော့စ်ကလည်း ကြက်ဥပြုတ်လိုပဲ မိုက်ခရိုဝေ့ဖ်နဲ့ ကြာကြာချက်ရင် ပေါက်ကွဲနိုင်ပါတယ်။ အကြောင်းက ခရမ်းချဉ်သီးနဲ့ ခရမ်းချဉ်သီးဆော့စ်ထဲမှာ ပါတဲ့ အရည်တွေကြောင့် ဖိအားတက်လာပြီး မိုက်ခရိုဝေ့ဖ်ထဲမှာ အထဲကအရည်တွေ ပေါက်ထွက်လာနိုင်ပါတယ်။