မျက်တောင်ရှည်လာစေမယ့် နည်းလမ်းအများအပြားရှိပါတယ်။ Essential Oil ကိုအသုံးပြုပြီး မျက်ခွံကို နှိပ်နယ်ပေးလို့ရပါတယ်။ မျက်တောင်ရှည်ဖို့ အလွယ်ဆုံးနဲ့ အမြန်ဆုံး နည်းလမ်းကတော့ အစားအသောက်ပါ။ သင်လုပ်ရမှာက ကျန်းမာရေးနဲ့ ညီညွတ်ပြီး သင့်မျက်တောင်ရှည်လာစေမယ့် အစားအသောက်တွေကို စားရုံပါပဲ။ ဒါကြောင့် မျက်တောင်ရှည်စေမယ့် ဗီတာမင်ကြွယ်ဝတဲ့ အစားအသောက်တွေက ဘာတွေလဲ ကြည့်လိုက်ရအောင်နော်-

၁။ ဥအမျိုးမျိုး

ကြက်ဥ၊ ဘဲဥတွေက ပရိုတင်းဓာတ်ကြွယ်ဝပါတယ်။ ဆံပင်နဲ့ မျက်တောင်ကို Keratin နဲ့ ဖွဲ့စည်းထားတာပါ။ ပရိုတင်းကြွယ်ဝတဲ့အစားအသောက်တွေက Keratin ထုတ်လုပ်ဖို့ လိုအပ်တဲ့ Amino Acid ကို ပေးစွမ်းနိုင်ပါတယ်။

၂။ ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးမှာ Omega-3 fatty acids, vitamin D နဲ့ B vitamins တွေပါဝင်ပါတယ်။ Omega-3 fatty acids ကမျက်တောင်ကြိုးတာနဲ့ ကျွတ်တာကို ကာကွယ်ပေးပါတယ်။ Vitamin D နဲ့ B Vitamin က မျက်တောင်ရှည်စေပါတယ်။

၃။ အစေ့အဆံ

အစေ့အဆံတွေက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Omega-3 acids နဲ့ vitamin E ကို ပေးစွမ်းနိုင်ပါတယ်။ ဗီတာမင်အီးနဲ့ Fatty Acid ကအမွှေးအမျှင် Follicle အတွက် လိုအပ်တဲ့ သွေးနဲ့ အောက်ဆီဂျင်ကို ထုတ်ပေးပါတယ်။ ဒါက သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး Follicles ကို သန်မာစေပါတယ်။ မျက်တောင်အရှည်ပိုမြန်စေပါတယ်။

၄။ အသီးအရွက်များ

အသီးအရွက်တွေမှာ Vitamin A နဲ့ C ပါဝင်ပါတယ်။ ဒီဗီတာမင်တွေက မျက်တောင်ရှည်စေပြီး Collagen ထုတ်လုပ်ပေးပါတယ်။ အသီးအရွက်အခွံတွေမှာ Silica ပါဝင်ပါတယ်။ Silica ဆိုတာက မျက်တောင်ရှည်ပြီး ကျန်းမာလာဖို့ လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။

၅။ မှို

မှိုတွေမှာ Vitamin B3 ပါဝင်ပါတယ်။ Vitamin B3 က သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး Keratin ထုတ်လုပ်မှုကိုကူညီပေးပါတယ်။ ဆဲလ်ပြန်လည်ထုတ်လုပ်မှုနဲ့ မျက်တောင်ကျွတ်တာကို ကာကွယ်ပေးပါတယ်။ မျက်တောင်ပိုရှည်စေပါတယ်။

၆။ ပဲအမျိုးမျိုး

ပဲမှာ Vitamin H နဲ့ Folic Acid ပါဝင်ပါတယ်။ Vitamin H က Hair Follicle ဆီကို သွားလာတဲ့ သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ မျက်တောင်ကို ထူထဲစေပြီး ကျွတ်တာ သက်သာစေပါတယ်။ ကျန်းမာတဲ့မျက်တောင်အတွက် လိုအပ်တဲ့ Amino Acid နဲ့ အဆီတွေကို စုပ်ယူပေးပါတယ်။

၇။ Whole Grains

Whole grains မှာ Vitamin B6 နဲ့ သံဓာတ်ပါဝင်ပါတယ်။ Vitamin B6 က မယ်လနင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ ဒီ မယ်လနင်ဓာတ်က မျက်တောင်အရောင်ကို ပေးတဲ့ ဓာတ်ပါ။ Hair Follicle မှာ သိုလှောင်ထားတဲ့ သံဓာတ်က မျက်တောင်ကို သန်မာစေပါတယ်။

Source: Brightside.me

By MyStyle Myanmar