များသောအားဖြင့် အာရှနိုင်ငံတွေက မိန်းကလေးအများစုက မျက်နှာပြည့်ပြည့်ဝိုင်းဝိုင်းလေးနဲ့ ချစ်စရာကောင်းတဲ့ဘက်ကို သွားကြပါတယ်။ သင်ကိုယ်တိုင်ကလည်း မျက်နှာရှည်သွယ်ပြီး မေးရိုးထင်းနေတာမျိုးမဟုတ်ဘဲ ခပ်ဝိုင်းဝိုင်းမျက်နှာကျကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဒီအကြောင်းအရာမှာပါဝင်တဲ့ ဆံပင်စတိုင်လေးတွေကို စမ်းကြည့်ဖို့အကြံပြုချင်ပါတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံမျိုးရှိတာက ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးစေတဲ့အပြင် မျက်နှာမှာရှိတဲ့အပြစ်အနာအဆာတွေကိုလည်း မသိသာဘဲ ထူးခြားပြီးလှနေစေပါလိမ့်မယ်။ ဒီတော့ မျက်နှာဝိုင်းဝိုင်းလေးနဲ့လိုက်ဖက်တဲ့ Hairstyle တွေကို ကြည့်လိုက်ရအောင်နော်။

၁။ အဖျားကွေးထားတဲ့ ဆံပင်အဖြောင့်အရှည်


ဆံပင်အဖြောင့်ထားရတာကြိုက်တဲ့ ပျိုမေတို့နဲ့လည်းအဆင်ပြေပြီး ပေ့ါပေါ့ပါးပါးနဲ့ ဆံသားရှုပ်ထွေးမှုမရှိတဲ့ ဆံပင်ပုံစံဖြစ်ပါတယ်။ ပုံသွင်းရတာလည်းသိပ်အချိန်ပေးစရာမလိုဘဲ ဆံပင်အရှည်အဖြောင့်ရဲ့ အဖျားပိုင်းကို အနည်းငယ်ကွေးပေးလိုက်ရုံနဲ့ သင့်မျက်နှာဝိုင်းဝိုင်းလေးကို ကြည့်ကောင်းနေစေမှာပါ။

၂။ ရှေ့ဆံမြိတ်နဲ့ ဂုတ်ဝဲအတိဆံပင်


မျက်နှာဝိုင်းဝိုင်းကို ပိုချစ်စရာကောင်းစေပြီး ငယ်ရွယ်ပုံပေါက်သွားစေမယ့် Hairstyle လေးဖြစ်ပါတယ်။ ဂုတ်ဝဲဆံပင်ကို ပိုပြီးထင်းနေစေဖို့အတွက် အဖျားပိုင်းကောက်တာ၊ အရောင်တောက်တောက်လေးတွေ ဆိုးပေးတာမျိုးလည်း ပြုလုပ်ပေးနိုင်ပါတယ်။

၃။ ဂုတ်ဝဲ၊ အထပ်ဆံပင်


မျက်နှာဝိုင်းတဲ့သူတွေက ဆံပင်မတိုမရှည် ခပ်အုပ်အုပ်လေးတွေနဲ့လိုက်ဖက်ပါတယ်။ ပုံမှာပါတဲ့အတိုင်း Bang ရှည်ရှည်လေးတွေနဲ့အတူ ဂုတ်ဝဲကိုမှ အထပ်ကေပုံစံမျိုးညှပ်တာကလည်း တစ်မျိုးဆန်းပြီး ချစ်စရာကောင်းနေစေမှာပါ။

၄။ ဆံပင်တစ်ဝက်စည်း


တစ်ခါတစ်ရံမှာ ဆံပင် အတို ဒါမှမဟုတ် ဆံပင်အရှည်ကို ခပ်မြင့်မြင့် တစ်ဝက်စည်းပေးခြင်းကလည်း ဆံပင်အုံထူထူလေးနဲ့လှနေစေပါတယ်။

၅။ ဘေးခွဲ ဂုတ်ထောက်ဆံပင်


ကလေးအရမ်းမဆန်ဘဲ ဆွဲဆောင်မှုရှိတဲ့ Look ကိုရရှိစေမယ့် ဆံပင်ပုံစံလေးဖြစ်ပါတယ်။ ဘေးခွဲဆံပင်အရှည်က မျက်နှာတစ်ခြမ်းကိုဖုံးထားတာကြောင့် မျက်နှာသွယ်ပုံလည်းပေါက်စေပါတယ်။

၆။ လှိုင်းတွန့်အကောက်


အကောက်ပြေပြေလေးတွေနဲ့ လှိုင်းတွန့်ဆံပင်ပုံစံက သင့်မျက်နှာကို ရှည်ရှည်သွယ်သွယ်လေးလို ထင်ရစေမှာပါ။

၇။ Hime Cut

ဂျပန်မလေးတွေညှပ်လေ့ရှိတဲ့ အရှေ့အတို အနောက်အရှည်ဆံပင်ကလည်း မျက်နှာဝိုင်းပြီး ပါးဖောင်းတဲ့သူတွေအတွက် တစ်မျိုးလေးဆန်းပြီး ချစ်စရာကောင်းနေစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar