ခရီးသွားတဲ့အခါမှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဓာတ်ပုံရိုက်ရင် ပုံမှန်ထက်ပိုလှနေတာမျိုးပါ။ ဖက်ရှင်လည်း ပြင်ဆင်လို့ အကောင်းဆုံးပါပဲ။ ဒါကြောင့် ဘယ်နေရာရောက်ရောက် ဖက်ရှင်ကျပြီး လှပနေဖို့အတွက် အလှကြိုက်တဲ့မိန်းကလေးတိုင်း ခရီးသွားရင်ယူသွားသင့်တဲ့ ဖက်ရှင်အမျိုးအစား ၇ ခုကို မျှဝေပေးလိုက်ပါတယ်။

ဦးထုပ်

ခရီးသွားတဲ့အခါမှာ ဦးထုပ်က အရမ်းအသုံးဝင်ပါတယ်။ အထူးသဖြင့် Baseball Hat, Beret Hat, Bucket Hat လေးတွေက ခရီးသွားရင် အလိုက်ဖက်ဆုံးပါပဲ။

နေကာမျက်မှန်

ခရီးသွားရင် မဖြစ်မနေယူသွားသင့်တာကတော့ နေကာမျက်မှန်ပါပဲ။ ခရီးသွားရင် လျှောက်လည်ပတ်နေရာဆိုတော့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ နေကာမျက်မှန်တပ်သင့်ပါတယ်။ ဒါ့အပြင် နေကာမျက်မှန်တပ်တော့ ပိုပြီး ဖက်ရှင်ကျသွားစေပါတယ်။

အပေါ်ထပ်အင်္ကျီ

အပေါ်ထပ်အင်္ကျီတွေဖြစ်တဲ့ Cardigan, Jeans Jacket, Coat စတာတွေကလည်း ခရီးသွားရင် ဖက်ရှင်ကျကျ အရမ်းရှိုးထုတ်လို့ကောင်းပါတယ်။

Sneakers, Boots

ခရီးသွားရင် Sneakers စီးရတာက အဆင်ပြေသလို ခရီးသွားဖက်ရှင်နဲ့လည်း လိုက်ဖက်ပါတယ်။ Boots တွေကတော့ လုံးဝကို ဖက်ရှင်ကျနေမယ့် ဖိနပ်ပါပဲ။ ဥပမာ ကလောလိုနေရာမျိုး သွားမယ်ဆိုရင်တော့ Boots ကိုသာ ရွေးချယ်ပါ။ နေရာနဲ့လိုက်ဖက်ပြီး အရမ်းမိုက်ပါတယ်။

Swimsuit

ခရီးသွားလို့ ကိုယ်တည်းမယ့် Hotel က ရေကူးကန်ပါတယ်ဆိုရင် Swimsuit လှလှလေးတွေ ထည့်သွားပါ။ လှလှလေး ဓာတ်ပုံရိုက်လို့ရသလို ဓာတ်ပုံမရိုက်ရင်တောင် Swimsuit နဲ့ ရေကူးလို့ရတာပေါ့။

Dress

ခရီးသွားရင် Dress လှလှလေးတွေဝတ်တာကလည်း အရမ်းလှတဲ့ဖက်ရှင်ပါ။ Dress အရှည်တွေဆို ပိုလှပါတယ်။ ခရီးသွားဖက်ရှင်လေးပါပဲ။

Satin Pajama Set

ဘယ်နေရာရောက်ရောက် ဓာတ်ပုံရိုက်ချင်တဲ့သူတွေ၊ လှလှလေးပဲနေချင်တဲ့သူတွေဆိုရင်တော့ Hotel မှာအိပ်တဲ့အခါဝတ်ဖို့ Satin Pajama Set လေးတွေ ထည့်သွားပါ။ ချစ်ဖို့ကောင်းနေပါလိမ့်မယ်။