ကိုရီးယားဇာတ်လမ်းတွဲတွေ ကြိုက်ကြတဲ့ ဇာတ်လမ်းချစ်သူတွေအနေနဲ့ ၂၀၁၆ ခုနှစ်က အရမ်းကို ဟော့ဖြစ်သွားခဲ့တဲ့ Descendants of the Sun (DOTS) ကို အခုချိန်ထိ မှတ်မိကြမယ်လို့ ထင်ပါတယ်နော်။

အချိန် ၈ နှစ်တာ ကြာသွားခဲ့ပေမယ့်လည်း အဲ့တုန်းက မင်းသမီး ဆောင်းဟေကိုဟာ DOTS ဇာတ်လမ်းတွဲမှာ သူမဘယ်လောက်ထိ အလှအပ နဲ့ ဖက်ရှင်ကို ထိန်းသိမ်းထားနိုင်သလဲ ဆိုတာ ပရိတ်သတ်တွေကို သက်သေပြသွားခဲ့ပါတယ်။

DOTS ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေကနေ ဆောင်းဟေကိုရဲ့ ဖက်ရှင်ကျတဲ့ ဝတ်ဆင်မှု အများအပြားကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဆောင်းဟေကို ရဲ့ စတိုင်ကျတဲ့ ဝတ်စုံလေးတွေကို တဖန်ပြီးပြီး လေ့လာကြည့်ရအောင်။

Laneige Makeup

Laneige ကထုတ်တဲ့ (Two-Tone Lip Bar) နှစ်ရောင်စပ်နှစ်ခမ်းနီတွေနဲ့ Eye Shadows တွေကို ကြေငြာပေးဖို့အတွက် DOTS ဇာတ်လမ်း ပထမပိုင်းမှာ သူဟာ နှစ်ရောင်စပ်နှစ်ခမ်းနီ နဲ့ BB ကူရှင် ကို အသုံးပြုသွားခဲ့ပါတယ်။ အမှန်တကယ်လည်း ထိရောက်ခဲ့ပါတယ်။

သဘာဝအတိုင်း ချောမွေ့နေတဲ့ အသားအရည်၊ နုရင့်ရောင်ပြေးလေးတွေနဲ့ နှုတ်ခမ်းတစ်စုံဟာ သူရဲ့ အလှအပကို ပြီးပြည့်စုံစေခဲ့ပါတယ်။ အဲ့လို ပြင်ဆင်မှု ပုံစံဟာ ယနေ့ထက်ထိတိုင် ကိုရီးယားနိုင်ငံမှာ လူကြိုက်များနေပါသေးတယ်။

Blouse အင်္ကျီကို A-Line Skirt ထဲ ထည့်ဝတ်တဲ့ ဒီဇိုင်း

အောက်ကား စကတ်ထဲ Blouse အင်္ကျီကို ထည့်ဝတ်တဲ့ ဒီဇိုင်းလေးက မိန်းကလေးဆန်စေပြီး စမတ်ကျပါတယ်။

စကတ် (သို့) ဘောင်းဘီထဲ Blouse အင်္ကျီ ထည့်ဝတ်တဲ့ ဒီဇိုင်းဟာ အရပ်အနည်းငယ်ပုပြီး ခန္ဓာကိုယ်သေးသွယ်တဲ့ မိန်းကလေးတွေအတွက် အလိုက်ဖက်ဆုံး ဒီဇိုင်းပဲ ဖြစ်ပါတယ်။

ခြေထောက်တွေကို ပိုရှည်သယောင် ထင်ရစေတဲ့အပြင် ခါးလေးသိမ်ပြီး ခန္ဓာကိုယ် ကောက်ကြောင်းအလှကို ပိုပေါ်လွင်စေပါတယ်။

ဘောင်းဘီခါးရှည် နဲ့ ခွာမြင့်ဖိနပ်

အရပ်ပုတဲ့ ကောင်မလေးတွေအတွက် သိပ်ကို အသုံးဝင်တဲ့ ဝတ်စားဆင်ယင်ပုံလေးပဲ ဖြစ်ပါတယ်။ သတိထားရမှာက အဲ့လို ဝတ်တဲ့အခါ ဘောင်းဘီဟာ ခွာမြင့်ဖိနပ်ကို ဖုံးတဲ့အထိ ရှည်ဖို့လိုပါတယ်။

အလိုက်ဖက်ဆုံး တွဲဖက်မှု ဖြစ်ဖို့ ဆိုရင်တော့ ဒီဇိုင်းဖော်ထားတဲ့ အင်္ကျီကို ဘောင်းဘီ အနက် ဒါမှမဟုတ် အရောင်ရင့်ရင့် ဗြောင်လေးတွေ ဝတ်ပေးသင့်ပါတယ်။

နားဆွဲများ

ရိုးရိုး နားကပ်လေးတွေကနေ ကွင်းလေးတွေ ထောင့်ချွန်းလေးတွေ ထိ အမျိုးမျိုး လဲလှယ် ဝတ်ဆင်သွားခဲ့ပါတယ်။ ဆံပင်ကို ရိုးရိုးလေး စည်းထားရင်တောင် နားဆွဲလေးနဲ့ တန်ဆာဆင်လိုက်တော့ သူ့ရဲ့အလှအပ ကို တမျိုးလေး အမြင်ဆန်းစေပါတယ်။

အိတ်

ချည်တို့ ပိတ်တို့ နဲ့ လုပ်ထားတဲ့အိတ်အစား ခိုင်ခံံ့တဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတော့ အိတ်ရဲ့ ပုံသဏ္ဍန်ကို ကြာရှည် ထိန်းသိမ်းပေးနိုင်တဲ့အပြင် အိတ်ထဲမှာ ဘာပါလဲ ဆိုတာ ခန့်မှန်းဖို့လည်း မလွယ်ကူတော့ပါဘူး။

ဒါပေမယ့် တခြားအခန်းတွေမှာတော့ ပေ့ါပါးတဲ့ ကြိုးရှည် ချည်ထည် အိတ်လေးတွေလည်း သုံးပြသွားခဲ့ပါသေးတယ်။

အရောင်နုများနှင့် တွဲဖက်ဝတ်ဆင်ခြင်း

ယခုနှစ်ပိုင်းမှာ အကြည်ရောင်မှာ ပန်းရောင်နုနုလေး ပြေးနေတဲ့ အရောင်တွေ ၊ အပြာမှာ မီးခိုးဖောက်ထားတဲ့ အရောင်လေးတွေ ပြန်ပြီး ခေတ်စားနေပါတယ်။ ဒီကားထဲမှာ ဝတ်ထားတဲ့ အရောင်တွေဟာလည်း သူမရဲ့ ပန်းနုရောင် အသားအရေ နဲ့ အလွန်လိုက်တာကို တွေ့မြင်ရပါတယ်။

Shirtdress

ဆံပင်ကို ရိုးရိုးလေး ချည်ပြီး ခြေကျင်းဝတ်မှာ ကြိုးပါတဲ့ အသားရောင် နောက်ပိတ် ဖိနပ်အမြင့်လေးနဲ့ တွဲဖက် ဆင်ယင်ထားပါတယ်။

Ref: yesstyle