ပျိုမေတို့ရေ မင်္ဂလာပါ။ ပြီးပြည့်စုံတဲ့ Makeup Look တစ်ခုရဖို့ မျက်လုံးခြယ်ပေးရတဲ့ Eye Makeup အဆင့်ကလည်း အရမ်းအရေးကြီးပါတယ်နော်။ ကိုယ့်မျက်လုံးနဲ့လိုက်တဲ့ Look လေးတွေ ပြင်ဆင်ပေးတာက သင့်ကို ကြည့်လိုက်တာနဲ့ တောက်ပပြီး ညို့အားပြင်းတဲ့ ဆွဲဆောင်မှုရှိရှိ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်စေပါတယ်။ အခုတစ်ခေါက်မှာ မျက်လုံးမိတ်ကပ်လှလှလေးတွေ ပြင်ကြည့်ချင်တဲ့ လူငယ်ကောင်မလေးတွေအတွက် ပြင်ရလွယ်ပြီး ဆွဲဆောင်မှုရှိစေမယ့် Eye Makeup Look ပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အရောင်စပ်


Eyeshadow ပန်းရောင်၊ အသားရောင်၊ ခရမ်းနဲ့ အပြာစတဲ့အရောင်အဖျော့လင်းလင်းလေးတွေက သင့်မျက်ဝန်းတွေကိုပိုထင်းသွားစေပါတယ်။ ဒါကြောင့် တစ်ရောင်ထဲမဆိုးဘဲ ပုံမှာပြထားသလို မျက်လုံးထောင့်မှာ အရောင်တစ်ခုစပ်ပြီးဆိုးကြည့်ပါ။

၂။ Bronzer ကို Eyeshadow အဖြစ်သုံးနိုင်ပါတယ်


Bronzer အညိုလေးတွေကို Eyeshadow အနေနဲ့ခြယ်ပေးတာကလည်း သဘာဝဆန်ပြီး နက်ရှိုင်းတဲ့ မျက်ဝန်းလေးတွေရစေသလို နှုတ်ခမ်းနီအရောင်မရွေးဘဲ လိုက်ဖက်စေမှာပါ။

၃။ Crystal လေးတွေကပ်ထားတဲ့ပုံစံ


မျက်ခွံ အောက်ခံကာလာတစ်ခုပေါ်မှာ စိန်ပုံစံ ကျောက်ကပ်ပြီး လိမ်းခြယ်တဲ့နည်းကလည်း လူငယ်ကောင်မလေးတွေကြား ခေတ်စားတဲ့ ထူးထူးခြားခြား ပုံစံလေးဖြစ်ပါတယ်။

၄။ မျက်တောင်အသားပေး Eye Makeup


မျက်တောင်ကိုအသားပေးပြီး ခပ်ရှည်ရှည်ကော့ထားတာမျိုးပြုလုပ်ပေးတာကလည်း Eyeshadow အရောင်အမျိုးမျိုးပြောင်းစရာမလိုဘဲ မျက်ဝန်းလေးတွေကို ထင်းနေစေမှာပါ။ ပုံမှန်ထက် မျက်တောင်ရှည်ပုံပေါ်ဖို့ Extension Mascara တစ်မျိုးအသုံးပြုပေးနိုင်ပါတယ်။

၅။ Neon ကာလာနဲ့ Cat Eye ပုံစံ Eyeliner


ပုံမှာပြထားသလို Neon ကာလာတောက်တောက် Eyeliner ကို အပေါ်မျက်ခွံမှာ  ခပ်ကော့ကော့ဆွဲပေးရတဲ့ ပုံစံကလည်း အခုခေတ်လူငယ်မိန်းကလေးတွေကြား အရမ်းခေတ်စားပါတယ်။

၆။ Korean Eye Makeup ပုံစံ


ကိုးရီးယားသူတော်တော်များများပြင်လေ့ရှိတဲ့ အညိုနဲ့ Peach ဘက်သွားတဲ့ Eye Shadow ကာလာလေးတွေကို Eyeliner ခပ်ပါးပါးနဲ့အတူ အောက်မျက်ခွံ Glitter ၊ Highlight တို့နဲ့တွဲပြီး ခြယ်သပေးရတဲ့ ဒီ Look က နေ့စဉ်မိတ်ကပ်တွေအတွက် အဆင်ပြေစေမှာပါ။

၇။ ကာလာတစ်မျိုးထဲပါဝင်တဲ့ Look


ပါးနီ၊ နှုတ်ခမ်းနီနဲ့ Eye Makeup တို့ကို အရောင်တစ်ခုတည်းသုံးပြီး ပြင်တာမျိုးက သင့်ကိုတစ်မျိုးလေးထူးခြားစေမယ့်အပြင် ကိုယ်ဝတ်မယ့် Outfit အရောင်နဲ့လည်း လိုက်ဖက်အောင် ပြင်ဆင်နိုင်မယ့် Look လေးဖြစ်ပါတယ်။

Photo Source: Pinterest, preview.ph

By MyStyle Myanmar