ခါးနာတတ်တဲ့သူတွေအတွက် အချိန်တိုအတွင်းမှာ ခါးနာတာ အမြန်ဆုံးသက်သာသွားစေဖို့ ကူညီပေးမယ့် လေ့ကျင့်ခန်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။ လွယ်ကူတဲ့ လေ့ကျင့်ခန်းတွေဖြစ်တာကြောင့် လူတိုင်းလုပ်ရတာ အဆင်ပြေမှာပါ။

လေ့ကျင့်ခန်း ၁

ကြမ်းမှာလှဲပြီး ခြေထောက်တစ်ဖက်ကို အပေါ်မြှောက်ထားပါ။ လက်နဲ့ကိုင်ထားလို့ ရပါတယ်။ အဲ့အတိုင်း ၁၅ စက္ကန့်နေပေးပြီး အချိန်ပြည့်ရင် ခြေထောက်ပြန်ချ၊ နောက်ခြေထောက်တစ်ဖက်ကို ထပ်မြှောက်ပြီး ၁၅ စက္ကန့် ထပ်နေပေးပါ။

လေ့ကျင့်ခန်း ၂

ခြေထောက်နှစ်ဖက်ကိုကွေးပြီး လက်နဲ့ပိုက်ထားပါ။ ဒူးက ရင်ဘတ်နဲ့ထိထားပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ လောက် နေပေးရင် ရပါပြီ။

လေ့ကျင့်ခန်း ၃

ခြေထောက်တစ်ဖက်ကို ဆင်းထားပြီး နောက်ခြေထောက်တစ်ဖက်ကို လက်နဲ့ပိုက်ထားကာ ရင်ဘတ်နားရောက်အောင်ထားပါ။ အဲ့အတိုင်း စက္ကန့် ၂၀ နေပေးပြီး အချိန်ပြည့်ရင် ခြေထောက်ကို ဘယ်ညာ ပုံစံပြောင်းပြီး နောက်ထပ် စက္ကန့် ၂၀ ထပ်နေပေးပါ။

လေ့ကျင့်ခန်း ၄

ပုံမှာလုပ်ပြထားတဲ့ အနေအထားနဲ့ စက္ကန့် ၃၀ နေပေးပါ။ သူ့ကိုလည်း အချိန်ပြည့်ရင် ခြေထောက် ဘယ်ညာပြောင်းပြီး နောက်ထပ် စက္ကန့် ၃၀ ထပ်နေပေးပါ။

လေ့ကျင့်ခန်း ၅

ပုံမှာလုပ်ပြထားသလိုမျိုး ခါးကိုလိမ်ပြီး နေပေးရမှာပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပေးပြီး အချိန်ပြည့်ရင် ဘယ်ညာပြောင်းကာ နောက်ထပ် စက္ကန့် ၃၀ ထပ်နေပေးရင် ရပါပြီ။

လေ့ကျင့်ခန်း ၆

မတ်တပ်ရပ်ပြီး ခြေထောက်တစ်ဖက်ကို ကွေးထားရုံပါပဲ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပြီး တစ်ဖက်ကို စက္ကန့် ၃၀ စီနေပေးပါ။

လေ့ကျင့်ခန်း ၇

ခုံပေါ်လက်တင်ပြီးတော့ ပုံမှာလုပ်ပြထားသလို နေပေးရမှာပါ။ စက္ကန့် ၃၀ လောက်နေပြီးရင် မတ်တပ်ပြန်ရပ် ပြီးရင် နောက်ထပ် အဲ့လိုမျိုး စက္ကန့် ၃၀ ထပ်နေပေးပါ။ စုစုပေါင်း စက္ကန့် ၆၀ နေပေးရမှာ ဖြစ်ပါတယ်။