ခန္ဓာကိုယ်ဘေးဘက်က အဆီပိုတွေရှိရင် Body Fit တွေဝတ်တဲ့အခါ သိသိသာသာကို အဆီတွေထွက်နေတာ တွေ့ရမှာပါ။ တချို့ကျတော့ အရမ်းမဝပေမယ့် အဆီပိုတွေရှိနေပါတယ်။ အဆီပိုတွေသာ မရှိတော့ဘူးဆိုရင် ခန္ဓာကိုယ်က ကျစ်လစ်ပြီး လှပနေမှာပါ။ ဝတဲ့သူတွေဆိုရင်လည်း အဆီပိုတွေ လျော့ကျသွားတော့ အရင်ထက်ပိုပိန်ပြီး ကိုယ်ရည်စစ်လာမှာပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ ခန္ဓာကိုယ်ဘေးဘက်က အဆီပိုတွေကို လျှော့ချပေးမယ့် လေ့ကျင့်ခန်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။

Starfish

ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်ဘက်နဲ့ ညာခြေထောက်ကို လှမ်းထိလိုက်၊ ခြေထောက်ပြန်ဆင်းလိုက်၊ ညာလက်နဲ့ ဘယ်ခြေထောက်ကို လှမ်းထိလိုက် လုပ်ပေးရမှာပါ။ အဲ့လို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ပေးရပါမယ်။

Oblique Crunch

ဒီလေ့ကျင့်ခန်းကိုလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးရမှာ ဖြစ်ပါတယ်။

Triangle With Dumbbell

ဒီလေ့ကျင့်ခန်းကတော့ အလေးသုံးပြီး လုပ်ရပါမယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း အလေးကိုကိုင်ပြီး ဘယ်စောင်းလိုက်၊ ပြန်မတ်လိုက်၊ ညာစောင်းလိုက်၊ ပြန်မတ်လိုက်နဲ့ တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ပေးပါ။

Mermaid

Mermaid ဆိုတဲ့အတိုင်း ရေသူမလိုပုံစံလေးနဲ့ လေ့ကျင့်ခန်းလုပ်ရမှာပါ။ ပထမပုံထဲကလိုပုံစံနဲ့ စနေပြီး ဒုတိယပုံထဲကို ပြောင်းလုပ်ပါ။ အဲ့အတိုင်း ပုံစံ ၂ မျိုးလုံးကိုလုပ်ပြီးမှ ၁ ကြိမ်လို့သတ်မှတ်ပြီး စုစုပေါင်း ၁၅ ကြိမ် လုပ်ရပါမယ်။

Hip Dips

ပထမပုံထဲကလိုနေတဲ့အခါမှာ ခန္ဓာကိုယ်နဲ့ ခြေထောက်က ဆန့်တန်းနေရပါမယ်။ လက်ကိုလည်း ပုံထဲကလိုပဲ ထားပေးပါ။ အဲ့အတိုင်းနေပြီး ပုံမှာလုပ်ပြထားတဲ့ ပုံစံ ၂ မျိုးကို ဆက်တိုက်လုပ်ပေးပါ။ ဘယ် ၁၅ ကြိမ်ပြီးရင် ညာဘက်လှည့်ပြီး ၁၅ ကြိမ် ထပ်လုပ်ပါ။

Dumbbell Side Bend

ဒီလေ့ကျင့်ခန်းကလည်း အလေးတုံးကိုသုံးပြီးတော့ လုပ်ရမှာပါ။ ပုံမှာလုပ်ပြထားတဲ့အတိုင်းပဲ လုပ်ပေးရုံပါ။ ခြေထောက်အနေအထားကလည်း ပုံထဲကအတိုင်း မှန်အောင်လုပ်ရပါမယ်။ အလေးမတဲ့လက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၂၀ လုပ်ပေးပါ။

Leg Lifts

ကြမ်းပြင်မှာလှဲပြီး ခြေထောက်နှစ်ဖက်ကိုစုကာ အပေါ်မြှောက်လိုက် အောက်ပြန်ချလိုက် လုပ်ပေးရမယ့် ဒီလေ့ကျင့်ခန်းကတော့ အရမ်းလွယ်ပါတယ်။ ၁၅ ကြိမ်ပဲ လုပ်ပေးရမှာ ဖြစ်ပါတယ်။