လည်ပင်းက အရေပြားတွန့်ပြီး အသားအရေတွဲကျနေတာမျိုးက အထူးသဖြင့် အသက်ကြီးလာတဲ့အခါမှာ ပိုပြီးအဖြစ်များပါတယ်။ ဒါကြောင့် ဒီလိုဖြစ်တာကို သဘာဝအတိုင်း သက်သာပြီး ပျောက်သွားအောင်လုပ်ပေးနိုင်မယ့် လေ့ကျင့်ခန်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်က လည်ပင်းအသားအရေ တွဲကျနေတာမျိုး မဖြစ်သေးလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီလေ့ကျင့်ခန်းတွေကို လုပ်ပေးလို့ရပါတယ်။

လေ့ကျင့်ခန်း ၁

အရင်ဆုံး မျက်နှာကအရှေ့တည့်တည့်ကို ကြည့်နေပါ။ ပြီးရင်တော့ ပထမပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်က နဖူးကိုကိုင်ပြီး ၁၀ စက္ကန့်နေပါ။ အချိန်ပြည့်ရင် ဒုတိယပုံထဲကလို လက်နှစ်ဖက်က ခေါင်းနောက်ကိုကိုင်ထားပြီး ၁၀ စက္ကန့်နေပါ။ နှစ်လုံးမျိုးကို ၅ ကြော့စီ ပြန်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

ခန္ဓာကိုယ်ကိုတည့်တည့်ထားပြီး ပုံမှာပြထားတဲ့အတိုင်း ခေါင်းကို ဘယ်ညာစောင်းပေးဖို့ပါပဲ။ တစ်ဖက်ကိုစောင်းရင် ၆ စက္ကန့်လောက်နေပါ။ ပြီးရင် တစ်ဖက်ကိုပြောင်းပါ။ အဲ့အတိုင်း ၁၀ ကြိမ်ကနေ အကြိမ် ၂၀ အထိ လုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း ၃

ပုံမှာပြထားတဲ့အတိုင်း ခေါင်းကိုမော့ပြီး နှုတ်ခမ်းကိုဆူလိုက်၊ တည်လိုက်နဲ့ အကြိမ် ၂၀ လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၄

ပုံမှာပြထားတဲ့အတိုင်း လက်ကလည်ပင်းကိုကိုင်ပြီး ပါးစပ်ကို ပိတ်လိုက်၊ ဟလိုက်နဲ့ လုပ်ပေးရမှာပါ။ ဒါလည်း အကြိမ် ၂၀ လုပ်ပေးရမှာပါ။

လေ့ကျင့်ခန်း ၅

ခန္ဓာကိုယ်ကိုလှဲထားပြီး လက်ကိုလည်း ဘေးမှာချထားပါ။ ခေါင်းကိုပဲ ပုံမှာပြထားတဲ့အတိုင်း အရှေ့ကိုတိုးလိုက်၊ အောက်ပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ ဒါလည်း အကြိမ် ၂၀ လောက်လုပ်ရင် ရပါပြီ။

လေ့ကျင့်ခန်း ၆

ပုံမှာပြထားတဲ့အနေအထားတိုင်း ၅ စက္ကန့်နေပါ။ ပြီးရင် ခေါင်းမော့ထားတာပြန်ချပြီး ပုံမှန်ပြန်နေပါ။ ပြီးရင် အဲ့အနေအထားနဲ့ ၅ စက္ကန့်ပြန်နေပါ။ အနည်းဆုံး ၁၅ ကြိမ် လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၇

ပုံမှာပြထားသလို ခေါင်းကိုမော့ထားပြီး ပါးစပ်စိထားပါ။ ပြီးရင် လျှာက အာခေါင်ကိုထိပေးပါ။ ပြီးရင် ပါးစပ်ပြန်ပိတ်ပါ။ အဲ့အတိုင်း ၁၀ ကြိမ်ကနေ အကြိမ် ၂၀ အထိ လုပ်ပေးနိုင်ပါတယ်။

source:www.brightside.me