ဝိတ်ကျချင်လို့ လေ့ကျင့်ခန်းပြုလုပ်ကြတဲ့အခါ ကိုယ်ခန္ဓာက အဆီတွေ ကျဖို့ရန်အတွက်ပဲ လေ့ကျင့်ခန်းပြုလုပ်ကြတာ များပါတယ်။ မျက်နှာက အဆီပိုတွေကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ မျက်နှာကိုလည်း သွယ်လျချင်တယ်ဆိုရင်တော့ မျက်နှာလေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးမယ်ဆိုရင် မျက်နှာကအဆီပိုတွေလည်း ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။

ဘဲပါးစပ်

အရင်ဆုံး နှုတ်ခမ်းက ဘဲပါးစပ်လေးလို စူထားရမှာပဲဖြစ်ပါတယ်။ နှုတ်ခမ်းစူလျက်သားနဲ့ ပါးစပ်ကိုလည်း အကျယ်ကြီးဟထားပါ။ ထို့နောက် နှုတ်ခမ်းကို အရှေ့တွန်းပို့လိုက် အနောက်ဆုတ်လိုက် ပြုလုပ်ရပါမယ်။ ၁၅ ကြိမ် ပြုလုပ်ပေးပါ။

ငါးပါးစပ်

သင့်ရဲ့ နှုတ်ခမ်းကို ပုံပါအတိုင်း စုထားလိုက်ပါ။ ထို့နောက် ခေါင်းကို အနောက်ပို့ရင်း မေးစေ့ကို မျက်နှာကျက်သို့ ထိဖို့ကြိုးစားနေတဲ့အသွင်ပြုလုပ်ပေးလိုက်ပါ။ ထိုအနေအထားအတိုင်း ၁၀ စက္ကန့် တောင့်ထားပါ။ ၁၅ ကြိမ် ပြုလုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကတော့ လည်ပင်းနဲ့ မေးစေ့ကြားက အဆီပိုတွေကို ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။

ပါးရိုးကို အပေါ်သို့ တွန်းတင်ပါ

ပါးစပ်ကို သွားမပေါ်စေဘဲ ဘဲဥပုံသဏ္ဍာန် ပြုံးထားပါ။ လက်ညှိုးကို ပါးရိုးပေါ်တင်ထားပြီး အပေါ်ပိုင်းသို့ ပင့်တင်လိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ နေ နေပါ။

မျက်လုံးပိတ်ထားပါ

မျက်လုံးပိတ်ထားရုံနဲ့တင် ပါးတစ်ဝိုက်က အဆီပိုတွေကို ဖယ်ရှားပေးနိုင်တယ်ဆိုတာကို သင် သိပြီးပါပြီလား။ မျက်လုံးကို တင်းနိုင်သမျှ တင်းတင်းကျပ်ကျပ်လေးသာ ပိတ်ထားလိုက်ပါ။ ထိုအနေအထားအတိုင်း ၃ စက္ကန့်ခန့် တောင့်ခံထားလိုက်ပါ။ ၁၅ ကြိမ် ပြုလုပ်ပေးရပါမယ်။

မေးစေ့ကို အပေါ်မြှောက်ပါ

အောက်နှုတ်ခမ်းကို အပေါ်နှုတ်ခမ်းထက် ရှေ့ရောက်အောင် ဆွဲယူလိုက်ပြီးနောက် မေးစေ့ကို အပေါ်ရောက်နိုင်သမျှ မြင့်မြင့်သာဆွဲယူလိုက်ပါ။ ၁၅ ကြိမ် ပြုလုပ်ပေးရပါမယ်။

ဘေးတိုက် အနမ်းပေးပါ

တစ်ယောက်ယောက်ကို နမ်းမယ့်အနေအထားအတိုင်း နှုတ်ခမ်းလေးကို စူထားပါ။ ထို့နောက် စူထားတဲ့နှုတ်ခမ်းကို ဘေးသို့တွန်းပို့လိုက်ပါ။ ဘယ်ညာ တစ်လှည့်စီ ပြုလုပ်ပေးပါ။ ၁၅ ကြိမ် ပြုလုပ်ပေးရပါမယ်။

မေးရိုး အောက်ချပါ

သင့်ရဲ့ လျှာကို အောက်သွားတွေရဲ့ အနောက်ဘက်မှာပဲ ကပ်ထားလိုက်ပါ။ ထို့နောက် အောက်မေးရိုးကို အောက်ချနိုင်သမျှ ချပေးလိုက်ပါ။ ဒီလေ့ကျင့်ခန်းက မေးနှစ်ထပ်ဖြစ်ခြင်းကို ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။ ၁၅ ကြိမ် ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

Source: Brightside.me