ပြေးတာက ကိုယ့်နှလုံးခုန်နှုန်းကို မြန်ဆန်စေပြီး သက်လုံကောင်းစေပါတယ်။ ကိုယ်အလေးချိန်ကျစေတဲ့အပြင် သင့်ကို ပိုကျန်းမာစေမှာပါ။ တကယ်လို့ သင်က အပြေးလေ့ကျင့်ဖို့ နေရာမရှိဘူး ဒါမှမဟုတ် ပြေးရတာကို မကြိုက်ဘူးဆိုရင်တော့ ဒီလေ့ကျင့်ခန်း တွေကို အစားထိုးလုပ်နိုင်ပါတယ်။
၁။ Jumping Jack အခါ ၃၀
Photo Source: Chelsea Charms
- ခြေထောက်ကားလိုက်တဲ့အချိန် တစ်ခါတည်း လက်ကိုပါ ဆန့်ပြီး ခုန်ပေးရမှာပါ။
၂။ High Knees ၂၅ ခါ
Photo Source: Pinterest
- လက်ကို ခါးနဲ့တစ်တန်းတည်းထားပြီး ဒူးကို ဒီလက်နဲ့ ထိလောက်တဲ့အထိ ခုန်ပေးရပါမယ်။
၃။ Butt Kicks ၂၅ ခါ
Photo Source: TrainHardTeam
- တင်ပါးကို ကန်တဲ့ပုံစံမျိုး ခုန်ပေးရပါမယ်။
၄။ Jump Squats ၇ ခါ
Photo Source: Pinterest
- ထိုင်ထ လုပ်တဲ့ပုံစံမျိုးပါ။
- ထိုင်ပြီးနောက် ပြန်ထတဲ့အချိန် ခုန်ပေးရပါမယ်။
၅။ Push Up
Photo Source: Giphy
- ၇ ခါဒိုက်ထိုးပေးရပါမယ်။
၆။ Sit ups အခါ ၂၀
Photo Source: Gfycat
- အိပ်ထမတင် အခါ ၂၀ မြန်မြန်လုပ်ပေးရပါမယ်။
၇။ Burpees ၇ ခါ
Photo Source: Popsugar
- ဒါကတော့ အပင်ပန်းဆုံး လေ့ကျင့်ခန်းပါ။ လက်ကိုမြှောက်ပြီး ခုန်ပေးရပါမယ်။
- ပြီးနောက် ဒိုက်ထိုးတဲ့ပုံစံ မြေပြင်စီ သွားပေးရပါမယ်။
- နဂိုအတိုင်းမတ်တပ်ရပ်ပြီး လက်မြှောက်တဲ့ပုံစံသွားကာ ခုန်ပေးရပါမယ်။
- ဒီလိုမျိုး ၇ ခါလုပ်ရပါမယ်။
ဒီလေ့ကျင့်ခန်း ၇ ခုကို အပြေးလေ့ကျင့်ခန်းနေရာ အစားထိုးပြီး တစ်ပတ်မှာ ၂ ကြိမ်ကနေ သုံးကြိမ် လုပ်ပေးရပါမယ်။ လေ့ကျင့်ခန်းတွေကြား ၁ မိနစ် နားနိုင်ပါတယ်။
By MyStyle Myanmar